China
ရှီကျင့်ဖိန်က ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်းထံသို့ ထိုင်းဘုရင့်မယ်တော်ကြီး သီရိခေတ် နတ်ရွာစံခြင်းအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့
ပေကျင်း၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်းထံသို့ ထိုင်းဘုရင့်မယ်တော်ကြီး သီရိခေတ် နတ်ရွာစံခြင်းအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာအား အောက်တိုဘာ ၂၆ ရက်တွင် ပေးပို့ခဲ့သည်။ ရှီကျင့်ဖိန်က တရုတ်နိုင်ငံအစိုးရနှင့် တရုတ်ပြည်သူများကိုယ်စား နက်ရှိုင်းစွာ ဝမ်းနည်းကြောင်း၊ ထိုင်းတော်ဝင်မိသားစု၊ အစိုးရနှင့် ပြည်သူများအား စိတ်ရင်းအမှန်ဖြင့် နှစ်သိမ့်အားပေးကြောင်း ပြောကြားခဲ့သည်။
ထိုင်းဘုရင့်မယ်တော်ကြီး သီရိခေတ်သည် ထိုင်းတော်ဝင်မိသားစုနှင့် ပြည်သူများ၏ စိတ်နှလုံးတွင် ဩဇာတိက္ကမ ကြီးမားကြောင်း၊ ၎င်းသည် တရုတ်-ထိုင်း ချစ်ကြည်ရေးကို ရင်ဝယ်ထားရှိကာ ထိုင်းဘုရင် ဘူမိဘော ကိုယ်စား တရုတ်နိုင်ငံသို့ ခရီးစဉ်လာရောက်ခဲ့ဖူးရာ “တရုတ်-ထိုင်း မိသားစုပမာချစ်ခင်ရင်းနှီးမှု” ၏ တစ်မူထူးခြားသော ချစ်ကြည်ရေးအားတိုးမြှင့်ရန် အရေးကြီးသည့် အခန်းကဏ္ဍမှပါဝင်ခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် ၎င်းအား ထာဝရအမှတ်တရရှိမည် ဖြစ်ကြောင်း ရှီကျင့်ဖိန်က ထောက်ပြပြောကြားခဲ့သည်။ (Xinhua)
——————–
(Chinese Version)
习近平就泰国王太后诗丽吉逝世向泰国国王哇集拉隆功致唁电
新华社北京10月26日电 10月26日,国家主席习近平就泰国王太后诗丽吉逝世向泰国国王哇集拉隆功致唁电。他代表中国政府和中国人民表示深切哀悼,向泰国王室、政府和人民致以诚挚慰问。
习近平指出,诗丽吉王太后在泰国王室和人民心中享有崇高威望。她心系中泰友好,曾代表普密蓬国王访华,为弘扬“中泰一家亲”特殊情谊作出重要贡献。我们将永远缅怀她。
1. 10月26日,在泰国曼谷朱拉隆功国王纪念医院外,泰国王太后诗丽吉的灵车车队从送别民众前驶过。新华社发(拉亨摄)
