China
စောင့်ရှောက်သူခွေးလေးများ ပြိုင်ပွဲ၌ ယှဉ်ပြိုင်ရာဝယ်
ပေကျင်း၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ပေကျင်းမြို့ ပြည်သူ့လုံခြုံရေးဌာန ရဲခွေးနည်းပညာပြိုင်ပွဲကို အောက်တိုဘာ ၂၄ ရက်မှ ၂၇ ရက်အထိ ပေကျင်းမြို့၌ ကျင်းပခဲ့သည်။ ယခုအကြိမ်ပြိုင်ပွဲကို ပေကျင်းမြို့ ပြည်သူ့လုံခြုံရေးဌာန ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ပစ္စည်းသက်သေရှာဖွေမှု၊ ရှာဖွေရေးရဲခွေး ကင်းလှည့်မှု၊ အခြေခံလိုက်နာမှု ဟူ၍ ပြိုင်ပွဲကဏ္ဍ ၃ ခု စီစဉ်ထားသည်။
ပြိုင်ပွဲတွင် ပေကျင်းမြို့ ပြည်သူ့လုံခြုံရေးဌာန အကြမ်းဖက်တိုက်ဖျက်ရေးနှင့် အထူးရဲတပ်ဖွဲ့ချုပ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ချုပ်၊ ပေကျင်းရဲကောလိပ်နှင့် ခရိုင် ၁၆ ခု ဌာနခွဲများမှ အဖွဲ့ ၁၉ ဖွဲ့၏ စုစုပေါင်း ပြိုင်ပွဲဝင် ၁၂၅ ဦးနှင့် ရဲခွေး ၁၀၈ ကောင်သည် အကြိတ်အနယ် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ယခုအကြိမ်ပြိုင်ပွဲတွင် ပေကျင်းမြို့ ပြည်သူ့လုံခြုံရေးဌာန ရဲခွေးနည်းပညာလုပ်ငန်း၏ ဖွံ့ဖြိုးတိုးတက်မှုရလဒ်များကို တစ်စုတစ်စည်းတည်း ဖော်ပြလိုက်ပြီး ဌာနအသီးသီး ရဲခွေးနည်းပညာအဆင့်အတန်းနှင့် လက်တွေ့တိုက်ပွဲဝင်မှုစွမ်းရည်များကို ဘက်စုံစစ်ဆေးပေးခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပသည့် အခြေခံလိုက်နာမှုပြိုင်ပွဲ၌ ပြိုင်ပွဲဝင်နှင့် ရဲခွေး ပါဝင်ယှဉ်ပြိုင်နေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)




———————
(Chinese Version)
“汪星卫士”赛场竞技
新华社照片,北京,2025年10月27日
10月24至27日,北京市公安局警犬技术比赛在北京举行。此次比赛由北京市公安局刑事侦查总队主办,共设置物证搜索、携犬巡逻、基础服从三个课目,来自北京市公安局反恐怖和特警总队、公交总队、北京警察学院和16区分局的19支队伍,共125名参赛选手108只犬展开了激烈角逐。此次比赛集中展示了北京市公安局警犬技术工作的发展成果,全面检验了各单位警犬技术水平和实战能力。
1、10月26日拍摄的携犬巡逻课目比赛。 新华社记者 张玉薇 摄
2、10月27日,参赛选手和警犬在进行基础服从课目比赛。新华社发(赵滢僖摄)
