Connect with us

China

ရှန်ကျိုး-၂၁ က လွှတ်တင်ရန် လိုအပ်ချက်များနှင့် ကိုက်ညီ၊ လွှတ်တင်ကွင်း၌ လွှတ်တင်ရန် စနစ်တစ်ရပ်လုံး လေ့ကျင့်မှု လုပ်ဆောင်ပြီးစီး

ရှန်ကျိုး-၂၁ လူလိုက်ပါအာကာသယာဉ်နှင့် Long March-2F Y21 သယ်ဆောင်ရေးဒုံးပျံအုပ်စုအား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၄ ရက်တွင် လွှတ်တင်ကွင်းသို့ ရွှေ့ပြောင်းသယ်ဆောင်နေစဉ် (ဆင်ဟွာ)

ကျိုချွမ်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံရှိ ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာ လွှတ်တင်ကွင်းသည် အောက်တိုဘာ ၂၇ ရက်တွင် လွှတ်တင်ရန် စနစ်တစ်ရပ်လုံး လေ့ကျင့်မှု လုပ်ဆောင်ပြီးစီးခဲ့ရာ စနစ်အသီးသီးသည် လွှတ်တင်ရန် လိုအပ်ချက်များနှင့် ကိုက်ညီသောကြောင့် ရှန်ကျိုး-၂၁ လူလိုက်ပါ အာကာသယာဉ်အား လွှတ်တင်နိုင်ပြီဖြစ်ကြောင်း သိရသည်။
ယခုအကြိမ်လေ့ကျင့်မှုသည် မလွှတ်တင်မီ စမ်းသပ်မှု၌ ပါဝင်သည့် စနစ်အများဆုံး၊ အပြည့်စုံဆုံးနှင့် လက်တွေ့လွှတ်တင်မှုနှင့် အနီးစပ်ဆုံးဖြစ်သည့် စနစ်တစ်ရပ်လုံး ပူးတွဲလေ့ကျင့်မှုတစ်ကြိမ် ဖြစ်သည်။ မျှော်စင်၊ ဒုံးပျံ၊ အာကာသယာဉ်၊ လွှတ်တင်ကွင်း စသည့် စနစ်ခွဲများကို လုပ်ဆောင်ချက် စစ်ဆေးမှု လုပ်ဆောင်ခဲ့ရာ လွှတ်တင်ရန် ပြင်ဆင်မှု၊ ပျံတက်ရန် စက်နှိုးခြင်းမှသည် အာကာသယာဉ်နှင့် ဒုံးပျံခွဲထွက်မှုအထိ ဖြစ်စဉ်တစ်ရပ်လုံးအား ပုံတူပြုလေ့ကျင့်မှု လုပ်ဆောင်ခဲ့သည်။
လေ့ကျင့်မှုလုပ်ဆောင်ရာတွင် လွှတ်တင်ကွင်းဝန်ထမ်းများက အသေးစိတ်ပြင်ဆင်၊ စီမံ၊ ဖော်ဆောင်ခဲ့ရာ နောက်ဆုံးတွင် အာကာသယာဉ်နှင့် ဒုံးပျံပေါင်းစပ်အုပ်စု လုပ်ဆောင်ချက်ပုံမှန်ရှိကြောင်း၊ စနစ်များအကြား တွဲဖက်မှု အဆင်ပြေချောမွေ့ကြောင်း၊ နည်းပညာအခြေအနေ မှန်ကန်‌ကြောင်း အတည်ပြုနိုင်ခဲ့သဖြင့် လွှတ်တင်ရန် လိုအပ်ချက်များနှင့် အပြည့်အဝကိုက်ညီကာ လွှတ်တင်နိုင်ပြီဖြစ်သည်။
ရှန်ကျိုး-၂၁ အာကာသယာဉ်နှင့် ဒုံးပျံပေါင်းစပ်အုပ်စုအား လွှတ်တင်ကွင်းဆီသို့ ဒေါင်လိုက်အနေအထားဖြင့် ရွှေ့ပြောင်းလာပြီးနောက် ဒုံးပျံနှင့် မျှော်စင်ညှိနှိုင်းမှု၊ စနစ်အသီးသီး လုပ်ဆောင်ချက် စစ်ဆေးမှုနှင့် အရေးပေါ် စက်ပိတ်သည့်လမ်းကြောင်း စစ်ဆေးမှု စသည့် စမ်းသပ်စစ်ဆေးမှု လုပ်ငန်းများစွာကို လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။
“ယခုအကြိမ်မစ်ရှင်မှာ အပူချိန်နိမ့်တာ၊ ရာသီအလိုက် လေပြင်းတိုက်ခတ်တာ၊ သဲမုန်တိုင်း စတဲ့ အစွန်းရောက် ရာသီဥတုနဲ့ တွေ့ကြုံနိုင်ခြေရှိပါတယ်။ ကျွန်တော်တို့ကလည်း မိုးလေဝသကြိုတင်သတိပေးချက်၊ မျှော်စင် အလုံပိတ်မှု၊ အဲကွန်းနဲ့ အာမခံချက်ပေးမှု၊ ကြိုတင်ပြင်ဆင်မှု အစီအစဉ် စတဲ့အပိုင်းတွေမှာ ပစ်မှတ်ထား အစီအမံတွေ ဖော်ဆောင်ထားလို့ ရုတ်တရက်အရေးပေါ် အခြေအနေနဲ့ ကြုံလာရင်လည်း အေးဆေးတည်ငြိမ်စွာ ရင်ဆိုင်နိုင်ပါတယ်” ဟု ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ကျောက်လေက ပြောကြားခဲ့သည်။
ဆက်လက်ပြီး လွှတ်တင်ကွင်းတွင် လောင်စာမထည့်သွင်းမီ ပြင်ဆင်မှု၊ စနစ်တစ်ရပ်လုံး ဂက်စ် စစ်ဆေးမှုများ လုပ်ဆောင်ပြီး စတင်ထွက်ခွာခြင်းအခမ်းအနား၊ အာကာသယာဉ်အခန်းအတွင်း အခြေအနေ သတ်မှတ်မှု စသည်တို့ကိုလည်း လေ့ကျင့်မှုများ လုပ်ဆောင်သွားမည်ဖြစ်သည်။
ဂြိုဟ်ပတ်လမ်းအတွင်း ရောက်ရှိနေသည်မှာ ရက်ပေါင်း ၁၈၀ ကျော်ပြီဖြစ်သည့် ရှန်ကျိုး-၂၀ အာကာသယာဉ်မှူးအဖွဲ့၏ “အလုပ်ဖြင့် အာကာသသို့ ခရီးသွားခြင်း” ခရီးစဉ်သည် ပြီးဆုံးခါနီးပြီဖြစ်ရာ အာကာသယာဉ်မှူး ၃ ဦးသည်လည်း ကမ္ဘာမြေသို့ပြန်လည်ထွက်ခွာမှုမတိုင်မီ လုပ်ငန်းများကို စတင်လုပ်ဆောင်နေပြီး မကြာမီရောက်ရှိလာမည့် “အာကာသအတွင်း အာကာသယာဉ်မှူးများ တွေ့ဆုံမှု” အတွက် တက်ကြွစွာ ပြင်ဆင်လျက်ရှိသည်။ ဆင်းသက်ကွင်းတွင်လည်း ရှန်ကျိုး-၂၀ အာကာသယာဉ်မှူးများ ပြန်လည်ရောက်ရှိလာမှုကို ကြိုဆိုရန်အတွက် ရှာဖွေကယ်ဆယ်ရေးနှင့် ပြန်လည်သိမ်းဆည်းရေး လေ့ကျင့်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ပေကျင်းအာကာသယာဉ်ပျံသန်းမှု ထိန်းချုပ်ရေးစင်တာ၌ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၅ ရက် ညပိုင်းက ရိုက်ကူးထားသော ရုပ်ပုံတွင် ရှန်ကျိုး-၂၀ အာကာသယာဉ်မှူးအဖွဲ့ အာကာသယာဉ်မှူး ဝမ်ကျယ်က အာကာသစခန်း ပူးတွဲအပိုင်းပြင်ပ၌ လုပ်ငန်းများဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

—————–
(Chinese Version)
神舟二十一号满足发射要求 发射场区完成全系统发射演练
新华社酒泉10月27日电(李国利、张艳)酒泉卫星发射中心发射场区27日完成全系统发射演练,各系统完全满足发射要求,神舟二十一号具备发射条件。
这次演练是发射前参试系统最多、最全且最贴近实际发射的一次全系统联合演练,塔架、火箭、飞船、发射场等分系统进行功能检查,从飞行准备、点火起飞到船箭分离,实施全过程模拟演练。
演练中,发射场工作人员精心准备、精心组织、精心实施,最终验证船箭组合体功能正常、各系统间配合顺畅、技术状态正确,完全满足发射要求,具备发射条件。
神舟二十一号船箭组合体自垂直转运到发射区以来,已经完成了箭塔协调、各系统功能检查和紧急关机线路检查等多项检查测试工作。
“此次任务可能遇到低温、季节性大风、沙尘等极端天气,我们从气象预报、塔架密封、空调保障、方案预案等方面制订了针对性措施,遇到突发情况也能够从容应对。”酒泉卫星发射中心赵磊说。后续,发射场还将进行加注前准备、全系统气检,并对出征仪式、舱内状态设置等进行演练。
在轨超180天,神舟二十号乘组的“太空出差”之旅进入尾声,3名航天员也开始了返回前的各项工作,并为即将到来的“太空会师”积极准备。着陆场陆续展开搜救回收演练,准备迎接神舟二十号返回。(完)
1、10月24日,神舟二十一号载人飞船与长征二号F遥二十一运载火箭组合体在转运途中。新华社发(汪江波摄)
2、这是9月25日晚在北京航天飞行控制中心屏幕上拍摄的神舟二十号乘组航天员王杰在空间站组合体舱外作业的画面。新华社记者 李明刚 摄