China
ရှီကျင့်ဖိန်က “ရာစုနှစ်တစ်ခု ကာကွယ်ထိန်းသိမ်းစောင့်ရှောက်မှု – တားမြစ်မြို့တော်မှသည် ရှေးဟောင်းနန်းတော်ပြတိုက် ဆီသို့” ပြပွဲအား လေ့လာကြည့်ရှု
ပေကျင်း၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)
ရှေးဟောင်းနန်းတော်ပြတိုက် တည်ဆောက်ခြင်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် အခါသမယတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ရှေးဟောင်းနန်းတော်ပြတိုက်သို့ အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းတွင် သွားရောက်၍ “ရာစုနှစ်တစ်ခု ကာကွယ်ထိန်းသိမ်းစောင့်ရှောက်မှု- တားမြစ်မြို့တော်မှသည် ရှေးဟောင်းနန်းတော်ပြတိုက် ဆီသို့” ပြပွဲအား လေ့လာကြည့်ရှုခဲ့သည်။
အဆိုပါပြပွဲသို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်၊ ဗဟိုအတွင်းရေးမှူးရုံး အတွင်းရေးမှူး ချိုက်ချီလည်း လိုက်ပါလေ့လာကြည့်ရှုခဲ့သည်။
နံနက် ၁၀ နာရီခန့်တွင် ရှီကျင့်ဖိန် စသည်တို့သည် ရှေးဟောင်းနန်းတော်ပြတိုက်သို့ ရောက်ရှိလာပြီး ဝူမန်မုခ်ဦးရှိ အနောက်ဘက်တောင်ပံ နန်းမျှော်စင်ပြခန်း၊ ပင်မနန်းဆောင်ပြခန်း၊ အရှေ့ဘက်တောင်ပံ နန်းမျှော်စင်ပြခန်းများသို့ သွားရောက်၍ ကြည့်ရှုလေ့လာခဲ့သည်။ ပြခန်းကို “စဉ်ဆက်မပြတ် နက်ရှိုင်းကျယ်ပြောလှသော ယဉ်ကျေးမှုအမွေ” ၊ “ရာစုနှစ် လက်ဆင့်ကမ်းအမွေဆက်ခံခြင်း”၊ “စည်ပင်ကြွယ်ဝမြင်ကွင်းများ” ဟူ၍ ကဏ္ဍသုံးရပ်ခွဲခြားထားပြီး အဖိုးတန် ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းနှင့် စာရွက်စာတမ်းပေါင်း ၂၀၀ ခု (စုံ) မှတစ်ဆင့် ရှေးဟောင်းနန်းတော်ပြတိုက်၏ ရာစုနှစ်တစ်ခုတိုးတက်မှု သမိုင်းဖြစ်စဉ်နှင့် တည်ဆောက်မှု အောင်မြင်ခြင်းရလဒ်များကို ပြသခဲ့သည်။
နာမည်ကျော်လက်ရာမြောက် လက်ရေးလှ၊ ပန်းချီကားတစ်ချပ်စီကလည်းကောင်း၊ ကြေးထည်၊ ကျောက်စိမ်း၊ ကြွေထည်ပစ္စည်းတစ်ခုစီကလည်းကောင်း တရုတ်လူမျိုးများ၏ တောက်ပခန့်ညားထည်ဝါလှသည့် ရာဇဝင်သမိုင်းနှင့် စဉ်ဆက်မပြတ်ဖြစ်သော ယဉ်ကျေးမှု၏ အသက်သွေးကြောကို မျက်မြင်သက်သေထူခဲ့ပေသည်။
ရှီကျင့်ဖိန်သည် ရှင်းလင်းပြောကြားချက်များကို ဂရုတစိုက် နားထောင်၍ မကြာခဏ ခြေလှမ်းရပ်တန့်ပြီး လေ့လာကြည့်ရှုကာ သက်ဆိုင်ရာအခြေအနေများကို မေးမြန်းခဲ့သည်။
ရှေးဟောင်းနန်းတော်ပြတိုက်သည် တရုတ်လူမျိုးတို့၏ ယဉ်ကျေးမှုဗီဇကို ဆောင်ကြဉ်းထားရာ တရုတ်ယဉ်ကျေးမှု၏ အရေးကြီးသည့် အမှတ်လက္ခဏာတစ်ခုဖြစ်ကြောင်း၊ ရှေးဟောင်းနန်းတော်ကို ကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်ခြင်း၊ ရှေးဟောင်းနန်းတော်၏ အခန်းကဏ္ဍကို ကောင်းမွန်စွာ အသုံးပြုခြင်းသည် နိုင်ငံ၏ အရေးကြီးသည့် ကိစ္စတစ်ရပ်ဖြစ်သလို ရှေးဟောင်းနန်းတော် တာဝန်ရှိသူများ၏ ဂုဏ်ယူဖွယ် သမိုင်းတာဝန်ဖြစ်ကြောင်း၊ စမှတ်သစ်တွင် ရှေးဟောင်းနန်းတော်ပြတိုက်သည် ထူးချွန်ကောင်းမွန်သည့် အစဉ်အလာကို မြှင့်တင်ရမည် ဖြစ်သလို ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းကို ပြည်သူကပိုင်ဆိုင်ခြင်း၊ ပြည်သူ့အကျိုးပြုဝန်ဆောင်မှုပေးခြင်းကို အခိုင်အမာလက်ကိုင်ထားရမည်ဖြစ်ကြောင်း၊ ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်း ကာကွယ်ထိန်းသိမ်းရေးနှင့် ပြန်လည်မွမ်းမံရေးကို မြှင့်တင်ရမည် ဖြစ်သလို ယဉ်ကျေးအမွေအနှစ်ပစ္စည်းများ အသက်သွင်းအသုံးချရေးအဆင့်အတန်းကို တိုးမြှင့်ရမည်ဖြစ်ကြောင်း၊ ရှေးဟောင်းနန်းတော်ကို အရေးကြီးသည့် မျိုးချစ်ဝါဒ ပညာရေးအခြေစိုက်စခန်းအဖြစ်လည်းကောင်း၊ ကမ္ဘာက တရုတ်ယဉ်ကျေးမှုကို နားလည်သိရှိရန်၊ တရုတ်လူမျိုးကို နားလည်သိရှိရန် အရေးကြီးသည့်ပြတင်းပေါက်အဖြစ်လည်းကောင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း ရှီကျင့်ဖိန်က ထောက်ပြ ပြောကြားခဲ့သည်။
လီစူးလေ၊ ဗဟိုနှင့် နိုင်ငံတော်အဖွဲ့အစည်းများ၏ သက်ဆိုင်ရာဌာနများမှ တာဝန်ခံရဲဘော်များသည်လည်း ပြတိုက်အား လေ့လာကြည့်ရှုခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ရှေးဟောင်းနန်းတော်ပြပွဲတွင် ကျင်းအိုရုန်ကုဖလားအား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)



——————
(Chinese Version)
习近平参观“百年守护——从紫禁城到故宫博物院”展览 蔡奇参观展览
新华社北京10月27日电 在故宫博物院建院100周年之际,中共中央总书记、国家主席、中央军委主席习近平27日上午前往故宫博物院,参观“百年守护——从紫禁城到故宫博物院”展览。 中共中央政治局常委、中央书记处书记蔡奇参观展览。
10时许,习近平等来到故宫博物院,先后到午门西雁翅楼展厅、正楼展厅、东雁翅楼展厅参观展览。展览分为“一脉文渊”“百年传承”“万千气象”三个单元,通过200件(套)珍贵文物文献,展现故宫博物院百年发展历程和建设成果。
一幅幅书法、绘画名作,一件件青铜器、玉器、瓷器等,见证了中华民族灿烂辉煌的历史和赓续绵延的文脉。习近平认真听取讲解,不时驻足察看、询问有关情况。他指出,故宫博物院承载着中华民族的文化基因,是中华文明的一个重要标识。保护好故宫,发挥好故宫的作用,是国家的一件大事,是故宫人的光荣使命。新起点上,故宫博物院要发扬优良传统,坚持文物属于人民、服务人民,加强文物保护修复,提高文物活化利用水平,让故宫成为重要的爱国主义教育基地,成为世界读懂中华文明、读懂中华民族的重要窗口。
李书磊及中央和国家机关有关部门负责同志等参观展览。(完)
1. 这是9月29日拍摄的故宫一角及展览海报(左下)。
2. 展出的金瓯永固杯(9月29日摄)。新华社记者 徐嘉懿 摄
