Connect with us

China

ချန်ပီယံ ပစ်မှတ်နေရာမှ လက်ဆင့်ကမ်းမှု စင်မြင့်အထိ ရောက်ရှိလာသော ထူးချွန်တရုတ်မြားပစ်သမား ဝူကျွင့်လျန့်

တရုတ်နိုင်ငံ ရှင်းကျန်းဒေသ ချာပုချာအယ်ရှီးပို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် နန်ကျောင်းဆန်းဒေသ မြက်ခင်းပြင်၌ မြားပစ်လေ့ကျင့်နေသော ဝူကျွင့်လျန့်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချာပုချာအယ် (ရှင်းကျန်း)၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှင်းကျန်းဒေသ ရီးလိမြို့ ချာပုချာအယ်ရှီးပို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်သည် “တရုတ်နိုင်ငံ မြားပစ်ဇာတိ” ဟုပင် တင်စားခေါ်ဝေါ်ခံရပြီး နာမည်ကျော် မြားပစ်သမားများသည် ဤနေရာမှ ထွက်ပေါ်လာခြင်းဖြစ်သည်။
“ရိုးရာ မြားပစ်အတတ် (ရှီပိုလူမျိုး မြားပစ်မှု)” သည် တရုတ်နိုင်ငံ၏ အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကိုယ်စားပြုစီမံကိန်းစာရင်းတွင် ထည့်သွင်းထားခံရပြီး ယခုနှစ်တွင် အသက် ၃၇ နှစ် ရှိပြီဖြစ်သည့် ဝူကျွင့်လျန့်သည် အဆိုပါဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့် လက်ဆင့်ကမ်းသူဖြစ်သည်။
ဝူကျွင့်လျန့်သည် ချာပုချာအယ်ရှီးပို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် စွန်းကျားချီနျိုလုမြို့နယ်၌ နေထိုင်သည်။ “လက်မောင်းဖြောင့်တန်း၍ အားကောင်း” သဖြင့် ၎င်းသည် အသက် ၁၆ နှစ်အရွယ်၌ ချာပုချာအယ်ရှီးပို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် မြားပစ်အားကစားသင်တန်းကျောင်းမှ ခေါ်ယူခြင်းခံရပြီး ကျွမ်းကျင်သောလေ့ကျင့်မှု ခံယူခဲ့သည်။
ပါရမီကောင်းလှသည့် ၎င်းက သိပ်မကြာခင်တွင် လူသိများလာပြီး ပြိုင်ပွဲအဆင့်များစွာ၌ ဆုတံဆိပ်များ ဆွတ်ခူးရရှိခဲ့သည်။ ကစားသမားဘဝမှ အနားယူပြီးချိန်တွင်လည်း ၎င်းက ရှီပိုရှေးဟောင်းမြို့ ရှုခင်းသာတွင် အလုပ်ဝင်ကာ ခရီးသွားဧည့်သည်များ၏ မြားပစ်နည်းပြအဖြစ် လုပ်ဆောင်ခဲ့သည်။

ထို့နောက် ၁၀ နှစ်ကျော်ကာလအတွင်း ဝူကျွင့်လျန့်က ရိုးရာလေးမြားအတတ်ကို လေ့လာခဲ့ပြီး မြင်းစီး၍ မြားပစ်ခြင်း၊ ရွေ့လျားနေသောပစ်မှတ်အား အမြန်ပစ်ခြင်း စသည့််နည်းပညာများကို မိမိဘာသာ လေ့လာသင်ယူခဲ့သည်။ ရိုးရာလေးဖြင့် မြားပစ်ခြင်းပြိုင်ပွဲများ တိုးပွားလာသည်နှင့်အမျှ ၎င်းက တရုတ်နိုင်ငံတစ်ဝန်းတွင် ပြိုင်ပွဲများ အဆက်မပြတ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ အဆိုပါပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုများစွာ ဆွတ်ခူးရရှိခဲ့သည့် တစ်ချိန်တည်းတွင် ၎င်းက တပည့်တစ်သုတ်ကိုလည်း လေ့ကျင့်ပေးခဲ့သည်။
ယနေ့ခေတ် Recurve လေးအား ပိုင်နိုင်သလို ရိုးရာလေးကိုလည်း ကျွမ်းကျင်သည့် ကျွမ်းကျင်သူတစ်ဦးအနေဖြင့် ဝူကျွင့်လျန့်က “မြားပစ်တာကနေ စာရိတ္တကို ကြည့်ရှုနိုင်ပါတယ်။ မြားပစ်တာက ယှဉ်ပြိုင်မှု အားကစားတစ်ခုဖြစ်ရုံသာမက သူ့နောက်ကွယ်မှာလည်း ပြည့်ဝတဲ့ ယဉ်ကျေးမှု အနှစ်သာရတွေ ပါဝင်နေပါတယ်။ ကျွန်တော်တို့ရဲ့ဇာတိမှာတော့ ဒါက ရှီပိုလူမျိုးတို့ အနောက်ဘက်သို့ မိုင်ထောင်ချီ ရွှေ့ပြောင်းလာပြီး နယ်စပ်ကိုစောင့်ရှောက်ပေးမှု စိတ်ဓာတ်ရဲ့ ပြယုဂ်ပဲ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ယဉ်ကျေးမှုခရီးသွားလာရေး ခေတ်ရေစီးကြောင်းကို အားပြု၍ ယခုနှစ် နှစ်ဆန်းပိုင်းတွင် ဝူကျွင့်လျန့်က ရီးလိ မြို့ဟောင်း ယဉ်ကျေးမှုခရီးသွားလာရေးဇုန်တွင် မြားပစ်ကစားရုံတစ်ခု ဖွင့်လှစ်ခဲ့ပြီး ရိုးရာမြားပစ်မှု ယဉ်ကျေးမှုအား အဓိကမိတ်ဆက်ပေးခဲ့ရာ ခရီးသွားဧည့်သည်များ၏ များစွာနှစ်ခြိုက်ခြင်းခံခဲ့ရသည်။
တစ်ချိန်တည်းတွင် တရုတ်လေးမြားအတတ်ယဉ်ကျေးမှုအား လက်ဆင့်ကမ်းမိတ်ဆက်ပေးရန် ဝူကျွင့်လျန့်က “ကျောင်းဝန်းများသို့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ဝင်ရောက်ခြင်း” လှုပ်ရှားမှုတွင်လည်း ပါဝင်ခဲ့ပြီး မူလတန်း ကျောင်းသား၊ ကျောင်းသူများအတွက် အခမဲ့ မြားပစ်လေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ရှင်းကျန်းဒေသ ရီးနင်မြို့ အမှတ် ၂၅ မူလတန်းကျောင်း၌ ဝူကျွင့်လျန့် (ဝဲဘက် ပထမ) က မြားပစ်အဖွဲ့ ကျောင်းသား၊ ကျောင်းသူများအား ရိုးရာလေးအသုံးပြုနည်း သင်ကြားပြသနေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————-
(Chinese Version)
新时代中国调研行之文化中华|“神箭手”吴俊亮:从冠军靶位到传承舞台
新华社照片,察布查尔(新疆),2025年10月28日
新疆伊犁察布查尔锡伯自治县被誉为“中国箭乡”,不少射箭名将从这里走出。“传统箭术(锡伯族射箭)”被列入国家级非物质文化遗产代表性项目名录,今年37岁的吴俊亮是这项非遗的自治区级传承人。
吴俊亮家住察布查尔锡伯自治县孙扎齐牛录镇。因“手臂平直、力量大”,他在16岁时被招入察布查尔锡伯自治县射箭运动学校,接受专业训练。天赋不俗的他,很快就崭露头角,在各级别比赛中争金夺银。退役后,他又应聘到锡伯古城景区,成为游客的射箭教练。
此后十多年间,吴俊亮又钻研了传统弓,自学了骑马射箭、速射移动靶等多项技艺。随着传统弓赛事的增多,他又不断在全国各地参赛,在多项赛事中夺冠,同时还带出了一批徒弟。
作为一名既掌握现代反曲弓,又精通传统弓的专业人士,吴俊亮说:“射以观德,射箭不仅是一项竞技运动,其背后还承载了丰富的文化内涵,而在我们家乡,这更是锡伯族万里西迁戍边精神的象征。”
借着非遗文旅热潮,今年初,吴俊亮在伊犁老城文化旅游区开办了一家射箭馆,主推传统弓箭文化,受到游客热捧。同时,为推广传承中华弓箭文化,吴俊亮还加入“非遗进校园”活动,免费为小学生开展射箭培训。
1、吴俊亮在察布查尔锡伯自治县南郊山区草原上练习射箭(10月24日摄)。 新华社记者 胡虎虎 摄
2、在新疆伊宁市第二十五小学,吴俊亮(左一)指导射箭社团学生练习传统弓(10月23日摄)。 新华社记者 胡虎虎 摄