Connect with us

China

ဝမ်ရိနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား ဆွစ်ဇာလန်နိုင်ငံ Bellinzona မြို့၌ ကျင်းပသော ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးအသစ် Toshimitsu Motegi တို့သည် အောက်တိုဘာ ၂၈ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။

ထိုသို့ ဆက်သွယ်ဆွေးနွေးရာတွင် ဝမ်ရိက Toshimitsu Motegi နောက်ထပ်တစ်ကြိမ် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခြင်းအပေါ် ဂုဏ်ပြုကြောင်း ပြောကြားခဲ့သည်။ တရုတ်-ဂျပန်သည် အပြန်အလှန်အားဖြင့် အရေးကြီးသည့် အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြကြောင်း၊ ဂျပန်အပေါ် ထားရှိသည့် တရုတ်၏မူဝါဒများမှာ စဉ်ဆက်မပြတ်ဖြစ်မှု၊ တည်ငြိမ်မှုကို ထိန်းသိမ်းထားကြောင်း၊ တရုတ်-ဂျပန် နိုင်ငံရေးစာရွက်စာတမ်းလေးခုအရ အတည်ပြုထားသော အခြေခံမူနှင့် ဦးတည်ချက်ကို ဂျပန်နှင့်အတူ ဆက်လက်လုပ်ဆောင်ရန်၊ တရုတ်-ဂျပန် မဟာဗျူဟာမြောက် အပြန်အလှန်အကျိုးဖြစ်ထွန်းသော ဆက်ဆံရေးကို ဘက်စုံတွန်းအားပေးဆောင်ရွက်ရန်၊ ခေတ်သစ်တောင်းဆိုချက်နှင့်လျော်ညီသော အပြုသဘောဆောင်၍ တည်ငြိမ်သော တရုတ်-ဂျပန်ဆက်ဆံရေးကို တည်ဆောက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဂျပန်အစိုးရအဖွဲ့သစ်က အပြုသဘောဆောင်သည့် သတင်းစကားအချို့ ထုတ်လွှင့်မှုကို တရုတ်နိုင်ငံအနေဖြင့် သတိထားမိကြောင်း၊ အဆင့်မြင့်အလွှာဆက်ဆံရေးသည် တရုတ်-ဂျပန် ဆက်ဆံရေး တိုးတက်ရန် အရေးကြီးသည့် အနက်အဓိပ္ပာယ်ရှိကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ ဂျပန်အစိုးရအဖွဲ့အသစ်အနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး၏ “ပထမခြေလှမ်း” ကို ကောင်းမွန်စွာ လျှောက်လှမ်းပြီး “ပထမကွင်းဆက်” ကို ကောင်းမွန်စွာ ချိတ်ဆက်ရန် မျှော်လင့်ကြောင်း၊ သမိုင်းရေးရာ၊ ထိုင်ဝမ်ရေးရာကိစ္စရပ်များသည် နှစ်နိုင်ငံဆက်ဆံရေး၏ အခြေခံနှင့် နှစ်ဖက်အကြား အခြေခံယုံကြည်မှုနှင့်သက်ဆိုင်ကြောင်း၊ ဂျပန်ဘက်က တရုတ်နိုင်ငံနှင့်အတူ တရုတ်-ဂျပန် ဆက်ဆံရေး၏ နိုင်ငံရေးအခြေခံကို ကောင်းမွန်စွာ ကာကွယ်ထိန်းသိမ်းကာ တရုတ်-ဂျပန် ဆက်ဆံရေး မှန်ကန်သော ဦးတည်ချက်ဆီသို့ ဆက်လက်တိုးတက်ကောင်းမွန်အောင် တွန်းအားပေးရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Toshimitsu Motegi က လက်ရှိ နိုင်ငံတကာအခြေအနေ နက်ရှိုင်းစွာ ဆင့်ကဲပြောင်းလဲလာရာ ဂျပန်-တရုတ် နှစ်နိုင်ငံသည် ပို၍ကြီးမားသော နိုင်ငံတကာတာဝန်ကို ထမ်းဆောင်ရလျက်ရှိကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ဂျပန်၏ အရေးကြီး အိမ်နီးချင်းနိုင်ငံဖြစ်ရာ ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ က ဂျပန်-တရုတ် ဆက်ဆံရေးကို အထူးအလေးထားကြောင်း၊ ဂျပန်ဘက်က တရုတ်နိုင်ငံနှင့် ကွင်းဆက်ဖြတ်တောက်ရန် မည်သည့်အခါကမျှ ဆန္ဒမရှိကြောင်း၊ နှစ်ဖက်အနေဖြင့် အလွှာစုံကူးလူးဆက်ဆံရေးကို မြှင့်တင်ရန်၊ အပြန်အလှန်အကျိုးဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်၊ ကွဲလွဲမှုများကို သင့်လျော်ကောင်းမွန်စွာ စီမံရန်၊ အပြုသဘောဆောင်၍ တည်ငြိမ်သော တရုတ်-ဂျပန် မဟာဗျူဟာမြောက် အပြန်အလှန်အကျိုးဖြစ်ထွန်းသည့် ဆက်ဆံရေးကို ဘက်စုံတွန်းအားပေးရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

နှစ်ဖက်အနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးနှင့်စပ်လျဉ်းသော အသေးစိတ်ကိစ္စရပ်အချို့အား အမြင်သဘောထားချင်း ဖလှယ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

——————
(Chinese Version)
王毅同日本外相茂木敏充通电话
新华社北京10月28日电 10月28日,中共中央政治局委员、外交部长王毅同日本新任外相茂木敏充通电话。
王毅祝贺茂木再次出任外相,表示中日互为重要近邻,中方对日政策保持连续性、稳定性,愿同日方一道,继续按照中日四个政治文件确立的原则和方向,全面推进中日战略互惠关系,构建契合新时代要求的建设性、稳定的中日关系。
王毅说,中方注意到日本新内阁释放的一些积极信号,高层交往对中日关系发展具有重要意义。希望日本新内阁迈好对华交往的“第一步”,扣好“第一粒纽扣”。历史、台湾问题事关两国关系根基和双方之间基本信义,希望日方同中方一道,维护好中日关系的政治基础,推动中日关系沿着正确方向继续改善发展。
茂木敏充表示,当前国际形势深刻演变,日中两国承担越来越大的国际责任。中国是日本重要邻国,高市早苗首相高度重视日中关系。日方从来无意同中方脱钩断链,希双方加强各层级交往,增进互利合作,妥善处理分歧,全面推进建设性、稳定的日中战略互惠关系。
双方还就双边关系的一些具体事宜交换了意见。(完)
1. 当地时间2025年10月10日,中共中央政治局委员、外交部长王毅在贝林佐纳同瑞士联邦委员兼外长卡西斯共同会见记者。 新华社记者 连漪 摄