Connect with us

China

၁၅ ကြိမ်မြောက် ၅ နှစ်စီမံကိန်း အကြံပြုချက် – လူတစ်ဦးချင်း ပျမ်းမျှ GDP အလယ်အလတ်အဆင့် ဖွံ့ဖြိုးပြီးနိုင်ငံ အဆင့်သို့ ရောက်ရှိမှုအား တရုတ်နိုင်ငံ၏ ၂၀၃၅ ခုနှစ် ကြိုးပမ်းမှု ရည်မှန်းချက်အဖြစ် အတည်ပြု

တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ကျောင်ကျွမ်းမြို့ စူပါမားကတ်တစ်ခုတွင် ဈေးဝယ်နေသူအား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

အောက်တိုဘာ ၂၈ ရက်တွင် ထုတ်ပြန်သည့် “တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းရေးဆွဲရေးအတွက် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၏ အကြံပြုချက်များ” ၌ ၂၀၃၅ ခုနှစ်တွင် “လူတစ်ဦးချင်း ပျမ်းမျှ GDP သည် အလယ်အလတ်အဆင့် ဖွံ့ဖြိုးပြီးနိုင်ငံ အဆင့်သို့ ရောက်ရှိလာရမည်” ဟု အဆိုပြုထားသည်။
လူတစ်ဦးချင်း ပျမ်းမျှ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP) သည် နိုင်ငံ သို့မဟုတ် ဒေသတစ်ခု၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအဆင့်နှင့် ကြွယ်ဝချမ်းသာမှု အနေအထားအား တိုင်းတာသည့် အရေးကြီး အညွှန်းကိန်းတစ်ခုဖြစ်သည်။ “၁၄ ကြိမ်မြောက် ၅ နှစ်စီမံကိန်း” ကာလအတွင်း တရုတ်နိုင်ငံ၏ လူတစ်ဦးချင်းပျမ်းမျှ GDP သည် ၂၀၂၀ ပြည့်နှစ်တွင် ကန်ဒေါ်လာ ၁၀,၆၃၂ မှ ၂၀၂၄ ခုနှစ်တွင် ကန်ဒေါ်လာ ၁၃,၄၄၅ အထိတိုးတက်လာခဲ့ရာ ၂ နှစ်ဆက်တိုက် ကန်ဒေါ်လာ ၁၃,၀၀၀ ကျော်ခဲ့ပြီး အလယ်အလတ်အဆင့်၊ အထက်ဆင့်နှင့်နီးသော နိုင်ငံစာရင်း၌ ပါဝင်လျက်ရှိသည်။
“ဒီရည်မှန်းချက်ကို ဖော်ဆောင်တာက ကျွန်မတို့နိုင်ငံ လူတစ်ဦးချင်း ပျမ်းမျှ GDP ဟာ လက်ရှိအခြေခံကနေ နောက်အဆင့်သစ်တစ်ခုဆီ တိုးတက်သွားမှာကို ဆိုလိုနေပါတယ်။ အဲဒီအချိန်ကျရင် ကျွန်မတို့နိုင်ငံရဲ့ စီးပွားရေးအင်အား၊ သိပ္ပံနည်းပညာအင်အား၊ ကာကွယ်ရေးအင်အား၊ ဘက်စုံနိုင်ငံတော်အင်အားနဲ့ နိုင်ငံတကာ လွှမ်းမိုးမှုအင်အားတွေလည်း အများအပြား မြင့်တက်သွားမှာပါ။ ဒါတွေကလည်း ၁၅ ကြိမ်မြောက် ၅ နှစ်စီမံကိန်းကာလ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို သင့်တင့်တဲ့ အမြန်နှုန်းမှာ ထိန်းသိမ်းထားဖို့ တောင်းဆိုနေပါတယ်” ဟု တရုတ်နိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် စီးပွားရေးသုတေသနဌာန ဒုတိယအကြီးအကဲ ကောလိယန်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ စီးပွားသည် အခြေခံတည်ငြိမ်မှု၊ အားသာချက်များပြားမှု၊ ကြံ့ကြံ့ခံနိုင်ရည် အားကောင်းမှု၊ အလားအလာကြီးမားမှုတို့ရှိရာ ရေရှည်တိုးတက်ကောင်းမွန်နေသည့် ကျားကန်အားအခြေအနေနှင့် အခြေခံအလားအလာသည် ပြောင်းလဲသွားခြင်းမရှိကြောင်း၊ တရုတ်ဝိသေသလက္ခဏာဆောင်သည့် ဆိုရှယ်လစ်ဝါဒစနစ် အားသာချက်၊ ပမာဏအလွန်ကြီးမားသော ဈေးကွက်အားသာချက်၊ ပြည့်စုံသော ကုန်ထုတ်လုပ်ငန်းစနစ် အားသာချက်၊ ပြည့်ဝသော လူရည်ချွန်အရင်းအမြစ် အားသာချက်တို့ ပိုမိုသိသာထင်ရှားလာကြောင်း၊ ယင်းတို့သည် အဆိုပါရည်မှန်းချက်အား အကောင်အထည်ဖော်ရန် ယုံကြည်ချက်ရှိမှုများပင်ဖြစ်ကြောင်း ကောလိယန်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဖွံ့ဖြိုးတိုးတက်မှု သုတေသနစင်တာ မက်ခရိုစီးပွားရေး သုတေသနဌာန အမှတ် ၂ သုတေသနဌာန ဌာနမှူး လီချိန်ကျန့်က အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုများ မသေချာ မရေရာသော၊ မျှော်မှန်းရန်ခက်သော အကြောင်းရင်းများ တိုးပွားလာသည့် အခြေအနေတွင် တည်ငြိမ်စွာ တိုးတက်အောင် ဆောင်ရွက်ခြင်း ဟူသည့်လုပ်ငန်းအခြေခံကို အခိုင်အမာ လက်ကိုင်ထားကာ အပြုသဘောဆောင်၍ ထိရောက်မှုရှိသော မက်ခရိုညှိနှိုင်းထိန်းချုပ်မှုကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ အရည်အသွေးသစ် ကုန်ထုတ်စွမ်းအား တိုးတက်မှုကို အရှိန်မြှင့်၍ လုပ်ငန်းခွင်ဝင်မှုဆိုင်ရာ ဦးစားပေးမူဝါဒကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းနှင့် နိုင်ငံတကာ ဈေးကွက်နှစ်ခု၏ အရင်းအမြစ်နှစ်မျိုးကို ပေါင်းစည်းစီမံ၍ ကောင်းမွန်စွာ အသုံးပြုပြီး အဓိကစီးပွားရေးအညွှန်းကိန်းကို လျော်ကန်သည့် အတိုင်းအတာအတွင်း၌ လည်ပတ်နေစေရန် မြှင့်တင်ရမည်ဖြစ်ကြောင်း ယူဆသည်။
“စီးပွားရေးတွင် အရည်အသွေးအရ ထိရောက်စွာမြင့်တက်မှုနှင့် ပမာဏအရ လျော်ကန်စွာ တိုးတက်မှုကို အဓိကအားထား တွန်းအားပေးပြီး စီးပွားရေးတိုးတက်မှု အလားအလာကို အပြည့်အဝထုတ်လွှတ်ခြင်းဖြင့် အလယ်အလတ်အဆင့်ဝင်ငွေရှိသည့်နိုင်ငံများထံမှ အလယ်အလတ်အဆင့် ဖွံ့ဖြိုးပြီးနိုင်ငံများအဆင့်သို့ တက်လှမ်းနိုင်ရန် ကြိုးပမ်းရမယ်” ဟု တရုတ်ကွန်မြူနစ်ပါတီ ဗဟိုဘဏ္ဍာရေးနှင့် စီးပွားရေးကော်မရှင်၏ နေ့စဉ်လုပ်ငန်းအား တာဝန်ယူရသည့် ဒုတိယဌာနမှူး ဟန်ဝန်ရှို့က ပြောကြားခဲ့သည်။ (Xinhua)

——————–
(Chinese Version)
聚焦“十五五”规划建议|人均GDP达到中等发达国家水平 我国明确2035年奋斗目标
新华社北京10月28日电(记者王雨萧)10月28日发布的《中共中央关于制定国民经济和社会发展第十五个五年规划的建议》提出:到2035年“人均国内生产总值达到中等发达国家水平”。
人均国内生产总值(GDP)是衡量一个国家或地区经济发展水平和富裕程度的重要指标。“十四五”时期,我国人均GDP从2020年的10632美元提升至2024年的13445美元,连续两年超过1.3万美元,位居中等偏上收入国家前列。
“实现这一目标,意味着我国人均GDP将在现有基础上再迈上一个新台阶,届时我国经济实力、科技实力、国防实力、综合国力和国际影响力将大幅跃升。这也要求‘十五五’时期经济发展保持适当速度。”国家发展改革委经济研究所副所长郭丽岩说。
郭丽岩表示,我国经济基础稳、优势多、韧性强、潜能大,长期向好的支撑条件和基本趋势没有变,中国特色社会主义制度优势、超大规模市场优势、完整产业体系优势、丰富人才资源优势更加彰显,这些都是实现这一目标的底气和信心所在。
国务院发展研究中心宏观经济研究部第二研究室主任李承健认为,在未来发展不确定难预料因素增多的情况下,需要坚持稳中求进工作总基调,实施积极有效的宏观调控,加快发展新质生产力,强化就业优先政策,统筹利用好国内国际两个市场两种资源,促进主要经济指标运行在合理区间。
“要着力推动经济实现质的有效提升和量的合理增长,充分释放经济增长潜力,努力从中等收入国家向中等发达国家水平迈进。”中央财办分管日常工作的副主任韩文秀说。(完)
图说:10月15日,消费者在山东省枣庄市一家超市选购商品。新华社发(孙中喆摄)