Connect with us

China

၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း အကြံပြုချက် – အနာဂတ်ကုန်ထုတ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်၍ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအသစ်များကို ဖန်တီးမည်

တရုတ်နိုင်ငံ ချုံချင့်မြို့၌ ကျင်းပသော စမတ်ထုတ်ကုန်လုပ်ငန်းပြပွဲ၌ ဒေါင်လိုက်အတက်အဆင်း ပြုလုပ်နိုင်သော လေယာဉ်အား ကြည့်ရှုနေကြသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

ကွမ်တမ်နည်းပညာ၊ ဇီဝပစ္စည်း ထုတ်လုပ်ရေး၊ ဟိုက်ဒရိုဂျင်စွမ်းအင်နှင့် အဏုမြူပေါင်းစပ်စွမ်းအင်၊ ဦးနှောက်နှင့် ကွန်ပျူတာ ကြားခံဆက်သွယ်ရေးစနစ်၊ လက်တွေ့အခြေအနေနှင့် အပြန်အလှန်ချိတ်ဆက် လုပ်ဆောင်နိုင်သည့် ဉာဏ်ရည်တုစနစ်၊ 6G မိုဘိုင်းဆက်သွယ်ရေးကွန်ရက် စသည်တို့က စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအသစ်များဖြစ်လာမှုကို တွန်းအားပေးဆောင်ရွက်သွားရန် အောက်တိုဘာ ၂၈ ရက်က ထုတ်ပြန်သည့် “တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းရေးဆွဲရေးအတွက် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၏ အကြံပြုချက်များ” တွင် အဆိုပြုထားသည်။

အနာဂတ်ကုန်ထုတ်လုပ်ငန်းကို မျှော်မှန်းသည့် ခင်းကျင်းမှုသည် ကမ္ဘာ့သိပ္ပံနည်းပညာထုတ်လုပ်မှုလုပ်ငန်း ယှဉ်ပြိုင်မှု၏ အမြင့်ဆုံးနေရာအား နေရာယူခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေးစွမ်းအင်သစ်ကို ပုံဖော်တည်ဆောက်ခြင်း၏ အချက်အချာဖြစ်သည်။

တရုတ်နိုင်ငံ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးအကယ်ဒမီ မူဝါဒနှင့် စီးပွားရေး သုတေသနဌာန အကြီးအကဲ ရှင်းယုံဖေး က “အကြံပြုချက်များ” တွင် ပစ်မှတ်ထားသည့် အနာဂတ်ကုန်ထုတ်လုပ်ငန်းများမှာ နည်းပညာတော်လှန်ရေး ထိုးဖောက်မှု၏ တစ်စုတစည်းတည်း ထင်ဟပ်မှုဖြစ်ကြောင်း၊ ကုန်ထုတ်စွမ်းအား ခုန်ပျံကျော်လွှားတိုးတက်မည့် ကြီးမားသော အလားအလာများ ပါဝင်ပြီး သိသာထင်ရှားသော ကုန်ထုတ်လုပ်ငန်း ဆက်စပ်သက်ရောက်မှုနှင့် ကုန်ထုတ်လုပ်ငန်းစွမ်းရည်ဖြည့်တင်းမှု ရှိရာ လက်ရှိနှင့် ယနေ့ခေတ်နောက်ပိုင်း ကာလအပိုင်းအခြားတစ်ခုတွင် နိုင်ငံတကာယှဉ်ပြိုင်မှုနှင့် နိုင်ငံကြီးအားပြိုင်မှု၏ အချက်အချာတည်ရှိရာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” ကာလတစ်လျှောက်တွင် တရုတ်နိုင်ငံသည် အနာဂတ်ရှေ့ပြေးကဏ္ဍတွင် သိပ္ပံနည်းပညာ အခင်းအကျင်းများကို အရှိန်မြှင့်တင်ခဲ့ရာ ဉာဏ်ရည်တုစွမ်းရည်၊ ဇီဝပစ္စည်း ထုတ်လုပ်ရေး၊ ကွမ်တန်သတင်းအချက်အလက်၊ ဟိုက်ဒရိုဂျင်စွမ်းအင်သိုလှောင်မှု စသည့် အနာဂတ်ကုန်ထုတ်လုပ်ငန်း အချက်အချာကဏ္ဍများတွင် ထိုးဖောက်အောင်မြင်မှု ရရှိခဲ့သည်။

ကုန်ထုတ်လုပ်ငန်းဖွဲ့စည်းပုံ စဉ်ဆက်မပြတ် ဆင့်ကဲပြောင်းလဲလာခြင်းနှင့်အတူ အနာဂတ်ကုန်ထုတ်လုပ်ငန်းများသည် ဖွံ့ဖြိုးတိုးတက် ကြီးထွားလာမည် ဖြစ်ပြီး အားသာချက်အသစ်ရှိသော ကုန်ထုတ်လုပ်ငန်းများသို့ အသွင်ပြောင်းလဲလာမည် ဖြစ်ကြောင်း ပညာရှင်များက ထောက်ပြကြသည်။
အဆုံးအဖြတ်ပေးနိုင်သည့်အကွက်ကို ကောင်းမွန်စွာ ဖော်ဆောင်ထားကာ ၎င်းကို “မောင်းနှင်မှုသစ်” အဖြစ် ပြောင်းလဲရမည်ဖြစ်သလို စနစ်အာမခံမှုနှင့် မူဝါဒအားပေးမှုများ လုပ်ဆောင်ရန် လိုအပ်သည်။
ကြီးကြပ်စီမံမှုနည်းလမ်းကို ဆန်းသစ်ဖန်တီးရန်၊ လုပ်ငန်းတည်ထောင်၍ ရင်းနှီးမြှုပ်နှံမှုများကို တိုးပွားစေရန်၊ အနာဂတ်ကုန်ထုတ်လုပ်ငန်း တည်ထောင်ရာတွင် ရင်းနှီးထည့်ဝင်မှု တိုးတက်ခြင်းနှင့် အန္တရာယ်တာဝန်မျှယူခြင်း ယန္တရားကို တည်ဆောက်ရန် “အကြံပြုချက်” က အဆိုပြုခဲ့သည်။
တရုတ်လူမှုသိပ္ပံအကယ်ဒမီ စက်မှုစီးပွားရေးသုတေသနဌာန စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး သုတေသနဌာနခွဲ အကြီးအကဲ တိန့်ကျိုးက မူဝါဒအစီအမံများသည် ရင်းနှီးထည့်ဝင်မှုနှင့် ယန္တရားအာမခံမှု စသည့်ကဏ္ဍများတွင် စဉ်ဆက်မပြတ် အားထုတ်ဆောင်ရွက်နေခြင်းသည် သိပ္ပံနည်းပညာ အောင်မြင်မှုရလဒ်များကို ကုန်ထုတ်လုပ်ငန်းအသွင်ပြောင်းရေးအား အရှိန်မြှင့်တင် တွန်းအားပေးရန်၊ အနာဂတ်ကုန်ထုတ်လုပ်ငန်းများ၏ “ပျိုးပင်များ” ၊ “ကောင်းကင်ယံပမာသစ်ပင်ကြီး” ဖြစ်ထွန်းလာအောင် ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း ဆိုသည်။

အနာဂတ်ကုန်ထုတ်လုပ်ငန်းများကို ရှေ့သို့လှမ်းမျှော် ခင်းကျင်းစီမံနေသည့် တစ်ချိန်တည်းတွင်ပင် “အကြုံပြုချက်” က ထွန်းသစ်စမဏ္ဍိုင် ကုန်ထုတ်လုပ်ငန်းများကို အားထားတည်ဆောက်ရန် အဆိုပြုခဲ့သည်။

တိန့်ကျိုးအနေဖြင့် ကြည့်လျှင် “ဆန်းသစ်တီထွင်မှုအဆောက်အဦ တည်ဆောက်ခြင်း၊ နည်းပညာသုတေသနပြုလုပ်မှု ဖွံ့ဖြိုးစေခြင်း၊ ကုန်ပစ္စည်းများ အထပ်ထပ် အဆင့်မြှင့်တင်ခြင်း တို့အား တစ်သားတည်း‌ ဖော်ဆောင်ခြင်း”၊ “နည်းပညာသစ်၊ ထုတ်ကုန်သစ်၊ နေရာအနေအထားသစ်၊ အကြီးစား အသုံးချသရုပ်ပြလှုပ်ရှားမှုများ ဖော်ဆောင်ခြင်း” စသည့် ဖြန့်ကြက်မှုများစွာသည် ထွန်းသစ်စ ကုန်ထုတ်လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် တိုးတက်ရေးကို ရည်မှန်းချက်ထားဆောင်ရွက်ခြင်း ဖြစ်သည်ဟု ယူဆသည်။

“ဒီကုန်ထုတ်လုပ်ငန်းတွေ အားမာန်ဖြင့် တိုးတက်ရန် ပြင်ဆင်ခြင်းက တရုတ်နိုင်ငံ စီးပွားရေး အရည်အသွေးမြင့် တိုးတက်ရေးအတွက် စဉ်ဆက်မပြတ်ဖြစ်သော စွမ်းအင်သစ်များကို ဖြည့်တင်းသွားလိမ့်မယ်” ဟု ၎င်းက ဆိုသည်။ (Xinhua)

တရုတ်နိုင်ငံ ချုံချင့်မြို့၌ ကျင်းပသော စမတ်ထုတ်ကုန်လုပ်ငန်းပြပွဲ၌ လူပုံစံတူစက်ရုပ်အား ကြည့်ရှုနေကြသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ချုံချင့်မြို့၌ ကျင်းပသော စမတ်ထုတ်ကုန်လုပ်ငန်းပြပွဲ၌ မော်တော်ယာဉ်ထိုင်ခုံအား မီးပူတိုက်နေသည့်စက်ရုပ်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

—————–
(Chinese Version)
聚焦“十五五”规划建议|推动未来产业发展 打造新的经济增长点
新华社北京10月28日电(记者王悦阳、周圆)10月28日发布的《中共中央关于制定国民经济和社会发展第十五个五年规划的建议》提出,推动量子科技、生物制造、氢能和核聚变能、脑机接口、具身智能、第六代移动通信等成为新的经济增长点。
前瞻布局未来产业,是抢占全球科技产业竞争制高点、塑造发展新动能的关键。
中国信息通信研究院政策与经济研究所所长辛勇飞表示,《建议》瞄准的未来产业,正是技术革命性突破的集中体现,蕴藏着生产力跃升的巨大潜力,具有显著的产业带动效应和产业赋能能力,是当前和今后一段时期国际竞争和大国博弈的焦点所在。
“十四五”以来,我国在未来产业前沿领域加快科技布局,在人工智能、生物制造、量子信息、氢能储能等一批未来产业关键领域取得突破。专家指出,随着产业结构不断演进,未来产业将逐步发展壮大,向新优势产业转变。
下好“先手棋”,使其变成“新引擎”,需要制度保障和政策支持。《建议》提出,创新监管方式,发展创业投资,建立未来产业投入增长和风险分担机制。
中国社会科学院工业经济研究所工业发展研究室主任邓洲说,政策举措在投入与机制保障等方面持续发力,旨在加快推动科技成果产业化,呵护未来产业的“幼苗”长成“参天大树”。
在前瞻布局未来产业的同时,《建议》提出着力打造新兴支柱产业。
在邓洲看来,“一体推进创新设施建设、技术研究开发、产品迭代升级”“实施新技术新产品新场景大规模应用示范行动”等一系列部署,瞄准加快新兴产业规模化发展,“这些产业蓄势发力,将为我国经济高质量发展注入源源不断的新动能”。(完)
1. 9月5日,观众在智博会上参观电动垂直起降飞行器。新华社记者 王全超 摄
2. 9月7日,观众在智博会上参观人形机器人。新华社记者 王全超 摄
3. 这是9月7日在智博会现场拍摄的一款汽车座椅熨烫机器人。新华社记者 黄伟 摄