China
ဝမ်ရှောင်ဟုန်နှင့် မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ထွန်းထွန်းနောင် ဗီဒီယိုလင့်ခ်ဖြင့် ဆက်သွယ်ဆွေးနွေး
ပေကျင်း၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရှောင်ဟုန်နှင့် မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ထွန်းထွန်းနောင်တို့သည် အောက်တိုဘာ ၂၉ ရက်က ဗီဒီယိုလင့်ခ်ဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။
ထိုသို့ ဆက်သွယ်ဆွေးနွေးရာတွင် ဝမ်ရှောင်ဟုန်က တရုတ်-မြန်မာ ဆက်သွယ်ရေး အွန်လိုင်းလိမ်လည်မှု ပြစ်မှုတိုက်ဖျက်ရေးဆိုင်ရာ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ၌ ရရှိခဲ့သည့် ကြွယ်ဝသော အောင်မြင်မှုရလဒ်များသည် နှစ်ဖက် အဆင့်မြင့်ပူးပေါင်းဆောင်ရွက်မှု၏ လက်တွေ့ဖြစ်ရပ်မှန်ကို ပြသခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ နှစ်နိုင်ငံအကြီးအကဲများ၏ အရေးကြီးသဘောတူညီချက်များကို ကောင်းမွန်စွာ ဖော်ဆောင်ရန်၊ ယန္တရားနှင့် စွမ်းရည် စသည့်ကဏ္ဍများ၌ တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေရန်၊ အဓိကဒေသများ၌ လိမ်လည်မှုပြစ်မှုနှင့်စပ်လျဉ်းသည့် လှုပ်ရှားမှုလားရာအသစ်များကို အနီးကပ်စောင့်ကြည့်ရန်၊ ပူးတွဲတိုက်ဖျက်ရေးကို စဉ်ဆက်မပြတ် ထိရောက်မှုမြင့်မားစွာ ဆောင်ရွက်ရန်၊ ပြစ်မှုဖြစ်ပွားရာနေရာများကို အမြစ်ပြတ် အခိုင်အမာရှင်းလင်းရန်၊ နှစ်နိုင်ငံလုံခြုံရေးနှင့် ပြည်သူများအေးချမ်းသာယာရေးကို အတူတကွကာကွယ်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထွန်းထွန်းနောင်က မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ဂရုပြုမှုများကို အထူးအလေးထားကြောင်း တစ်ဆင့်တိုး အားကောင်းသော အစီအမံများဖြင့် ဆက်သွယ်ရေးအွန်လိုင်းလိမ်လည်မှု စသည့် ပြစ်မှုများကို ပြင်းပြင်းထန်ထန်တိုက်ဖျက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
王小洪同缅甸内政部部长吞吞楠视频通话
新华社北京10月29日电(记者陆君钰)国务委员、公安部部长王小洪29日同缅甸内政部部长吞吞楠视频通话。
王小洪表示,中缅合作打击电信网络诈骗犯罪取得丰硕成果,是双方高水平合作的真实体现。中方愿同缅方落实好两国领导人重要共识,在机制、能力等方面深化执法安全合作,紧盯重点区域涉诈犯罪活动新动向,持续高效开展联动打击,坚决铲除犯罪土壤,共同维护两国安全和人民安宁。
吞吞楠表示,缅方高度重视中方关切,将进一步采取有力措施,严厉打击电信网络诈骗等犯罪。(完)
1. 10月29日,国务委员、公安部部长王小洪同缅甸内政部部长吞吞楠视频通话。 新华社记者 燕雁 摄
