Connect with us

China

ရှီကျင့်ဖိန် ၃၂ ကြိမ်မြောက် APEC ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေးသို့ တက်ရောက်မိန့်ခွန်းပြောကြား

၃၂ ကြိမ်မြောက် APEC ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး၏ ပထမအဆင့်အစည်းအဝေးကို တောင်ကိုရီးယားနိုင်ငံ ဂယောင်းဂျူမြို့ရှိ Hwabaek ကွန်ဗင်းရှင်းစင်တာတွင် ဒေသစံတော်ချိန် အောက်တိုဘာ ၃၁ ရက် နံနက်ပိုင်းက ကျင်းပခဲ့ရာ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် တက်ရောက်ပြီး “အများအကျိုးဖြစ်ထွန်း၍ အားလုံးပါဝင်သော တံခါးဖွင့် အာရှ-ပစိဖိတ် စီးပွားရေး အတူတကွတည်ဆောက်ခြင်း” ဟူသော ခေါင်းစဉ်ဖြင့် အရေးကြီးမိန့်ခွန်းပြောကြားစဉ်(ဆင်ဟွာ)

ဂယောင်းဂျူ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

၃၂ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး၏ ပထမအဆင့်အစည်းအဝေးကို တောင်ကိုရီးယားနိုင်ငံ ဂယောင်းဂျူမြို့ရှိ Hwabaek ကွန်ဗင်းရှင်းစင်တာတွင် ဒေသစံတော်ချိန် အောက်တိုဘာ ၃၁ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးကို တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် တက်ရောက်ပြီး “အများအကျိုးဖြစ်ထွန်း၍ အားလုံးပါဝင်သော တံခါးဖွင့် အာရှ-ပစိဖိတ် စီးပွားရေး အတူတကွတည်ဆောက်ခြင်း” ဟူသော ခေါင်းစဉ်ဖြင့် အရေးကြီးမိန့်ခွန်းပြောကြားခဲ့သည်။
ရှီကျင့်ဖိန် အစည်းအဝေးကျင်းပရာနေရာသို့ ရောက်ရှိချိန်တွင် တောင်ကိုရီးယားနိုင်ငံ သမ္မတ လီဂျေမြောင် က လှိုက်လှဲနွေးထွေးစွာ ခရီးဦးကြိုပြုခဲ့သည်။

မိန့်ခွန်းပြောကြားရာတွင် ရှီကျင့်ဖိန်က APCE တည်ထောင်သည့် နှစ်ပေါင်း ၃၀ ကျော်ကြာကာလတွင် အာရှ-ပစိဖိတ်ဒေသကို ကမ္ဘာလုံးဆိုင်ရာတံခါးဖွင့်ဖွံ့ဖြိုးတိုးတက်ရေး၏ ရှေ့တန်းတွင် လျှောက်လှမ်းနိုင်အောင် ဦးဆောင်ခဲ့ရာ ကမ္ဘာ့စီးပွားရေးတက်ကြွမှုစွမ်းအားအရှိဆုံးသော ဒေသဖြစ်မြောက်အောင် အာရှ-ပစိဖိတ်ဒေသကို ပံ့ပိုးကူညီခဲ့ကြောင်း ထောက်ပြပြောကြားခဲ့သည်။
လက်ရှိ ကမ္ဘာသည် ရာစုနှစ်အပြောင်းအလဲများ အရှိန်အဟုန်မြင့် ဆင့်ကဲဖြစ်ပေါ်လျက်ရှိရာ အာရှ-ပစိဖိတ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ရင်ဆိုင်နေရသည့် မတည်ငြိမ်မှု၊ မသေချာမရေရာမှု အကြောင်းရင်းများ များပြားလာကြောင်း၊ လှိုင်းဒဏ်လေဒဏ် ပြင်းထန်လေ၊ တစ်လှေတည်းစီး တစ်ခရီးတည်းသွား ကူညီဖေးမမှုပြုရလေ ဖြစ်ကြောင်း၊ ဘက်အသီးသီးက APEC ၏ စီးပွားရေးတိုးတက်မှုမြှင့်တင်သော၊ ပြည်သူ့အကျိုးစီးပွား တိုးမြှင့်သော မူလရည်ရွယ်ချက်ကို အခိုင်အမာလက်ကိုင်ထားကာ တံခါးဖွင့်လှစ် ဖွံ့ဖြိုးတိုးတက်မှုအတွင်း အခွင့်အလမ်းများကို မျှဝေခံစား၍ ဘုံအကျိုးစီးပွားကို အခိုင်အမာဖော်ဆောင်ရမည် ဖြစ်သလို အများအကျိုးဖြစ်ထွန်း၍ အားလုံးပါဝင်သော စီးပွားရေးကမ္ဘာလုံးဆိုင်ရာအသွင်ပြောင်းမှုကို တွန်းအားပေးပြီး အာရှ-ပစိဖိတ် အသိုက်အဝန်းကို တည်ဆောက်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထို့အတွက် ရှီကျင့်ဖိန်က အကြုံပြုချက် ၅ ရပ် အဆိုပြုခဲ့သည်။

ပထမအနေဖြင့် နိုင်ငံပေါင်းစုံကုန်သွယ်ရေးစနစ်ကို အတူတကွကာကွယ်ထိန်းသိမ်းခြင်း ဖြစ်ကြောင်း၊ စစ်မှန်သော နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို အကောင်အထည်ဖော်ဆောင်ကာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကို ဗဟိုပြုသည့် နိုင်ငံစုံကုန်သွယ်ရေးစနစ်၏ ဩဇာအရှိန်အဝါနှင့် ထိရောက်မှုကို မြှင့်တင်ရန်၊ နိုင်ငံတကာ ကုန်သွယ်စီးပွားကဏ္ဍ စည်းမျဉ်းစည်းကမ်းများ ခေတ်ကာလနှင့်အညီ တိုးတက်ရေး တွန်းအားပေးပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ၏ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားကို ပိုမိုကောင်းမွန်စွာ အာမခံရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဒုတိယအနေဖြင့် တံခါးဖွင့်လှစ်မှု ဒေသတွင်း စီးပွားရေးပတ်ဝန်းကျင်ကို အတူတကွ တည်ဆောက်ခြင်း ဖြစ်ကြောင်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လွတ်လပ်သောအသွင်၊ အဆင်ပြေလွယ်ကူသောအသွင်ပြောင်းရေးကို စဉ်ဆက်မပြတ် တွန်းအားပေးရန်၊ ဘဏ္ဍာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန်၊ ဒေသတွင်းစီးပွားရေး တစ်သားတည်းအသွင်ပြောင်းရေး လုပ်ငန်းစဉ်ကို တည်ငြိမ်စွာ လျှောက်လှမ်းနိုင်ရေး တွန်းအားပေးရန်၊ အပြန်အလှန်ချိတ်ဆက်မှု၊ ပေါင်းစည်း၍ အတူတကွ တိုးတက်ရေးကို မြှင့်တင်ရန်၊ အာရှ-ပစိဖိတ် လွတ်လပ်သောကုန်သွယ်ရေးဒေသ တည်ဆောက်ရေးအတွက် အင်အားနှင့် စွမ်းအားများကို စုစည်းရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

တတိယအနေဖြင့် ထုတ်လုပ်မှုလုပ်ငန်းကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက် တည်ငြိမ်ချောမွေ့ရေးကို အတူတကွ ကာကွယ်ထိန်းသိမ်းခြင်း ဖြစ်ကြောင်း၊ “လက်တွဲဖြုတ်မှု” မဟုတ်ဘဲ “လက်ချင်းချိတ်ဆက်မှု”၊ “ကွင်းဆက်ဖြတ်တောက်မှု” မဟုတ်ဘဲ “ကွင်းဆက်ချိတ်ဆက်မှု” ကို အခိုင်အမာ လက်ကိုင်ထားကာ ပို၍များပြားသော အကျိုးစီးပွားစုံမှတ်ကို တက်ကြွစွာ ရှာဖွေပြီး ထောက်ပံ့ရေးကွင်းဆက် တံခါးဖွင့်တိုးတက်မှုကို ထောက်ခံအားပေးရမည် ဖြစ်ကြောင်း၊ ရုပ်ပိုင်းဆိုင်ရာချိတ်ဆက်မှု၊ စည်းမျဉ်းမူဝါဒပိုင်းဆိုင်ရာ ချိတ်ဆက်မှု၊ စိတ်နှလုံးချင်း ချိတ်ဆက်မှုများကို စဉ်ဆက်မပြတ် အသေးစိတ် လက်တွေ့ဖော်ဆောင်ကာ အာရှ-ပစိဖိတ်ဒေသ တံခါးဖွင့်တိုးတက်ရေးအခြေခံကို တစ်ဆင့်တိုးခိုင်မာအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

စတုတ္ထအနေဖြင့် ကုန်သွယ်ရေး ဒစ်ဂျစ်တယ်အသွင်၊ အစိမ်းရောင်အသွင်ပြောင်းရေးကို အတူတကွ တွန်းအားပေးခြင်း ဖြစ်ကြောင်း၊ နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးအပေါ် ဒစ်ဂျစ်တယ်နည်းပညာ၏ မြှင့်တင်မှု အခန်းကဏ္ဍကို အပြည့်အဝ အသုံးပြုရန်၊ အစိမ်းရောင် ကုန်သွယ်ရေးအတားအဆီးမျိုးစုံကို ဖောက်ထွက်ရန်၊ အစိမ်းရောင်ကုန်ထုတ်လုပ်ငန်း၊ သန့်ရှင်းစွမ်းအင်နှင့် အစိမ်းရောင်သတ္တုထုတ်လုပ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
ပဉ္စမအနေဖြင့် အများအကျိုးဖြစ်ထွန်း၍ အားလုံးပါဝင်သော ဖွံ့ဖြိုးတိုးတက်မှုကို အတူတကွမြှင့်တင်ခြင်း ဖြစ်ကြောင်း၊ ပြည်သူဗဟိုပြုသည့် ဖွံ့ဖြိုးတိုးတက်ရေးအတွေးအခေါ်ကို အခိုင်အမာလက်ကိုင်ထားကာ ဖွံ့ဖြိုးတိုးတက်မှု မညီမျှသည့်ပြဿနာကို အားထားဖြေရှင်းရမည်ဖြစ်သလို စီးပွားရေး ကမ္ဘာလုံးဆိုင်ရာအသွင်ပြောင်းမှုတွင် ပို၍ အားလုံးပါဝင်ရေး၊ ပို၍ စဉ်ဆက်မပြတ်ဖြစ်ရေး၊ ဒေသတွင်းပြည်သူတစ်ရပ်လုံးအား ပို၍ကောင်းမွန်စွာ အကျိုးပြုရေးကို တွန်းအားပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဘက်ပေါင်းစုံနှင့်အတူ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အရည်အသွေးမြင့် အတူတည်ဆောက်ရေးကို လက်တွဲ၍ မြှင့်တင်ဆောင်ရွက်ကာ နိုင်ငံအသီးသီးနှင့်အတူ ဘုံဖွံ့ဖြိုးတိုးတက်ရေး၊ စည်ပင်ဝပြောမှုအား အတူမျှဝေခံစားရေးကို အားထုတ်ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ပြင်ပသို့တံခါးဖွင့်လှစ်သည့် နိုင်ငံ့အခြေခံမူဝါဒကို အစဉ်အမြဲ ခိုင်မာစွာ လက်ကိုင်ထားကာ လက်တွေ့လှုပ်ရှားမှုဖြင့် တံခါးဖွင့်လှစ်သော ကမ္ဘာ့စီးပွားရေး တည်ဆောက်မှုကို တွန်းအားပေးသွားမည်ဖြစ်ကြောင်း ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။ ၂၀ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ စတုတ္ထအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးတွင် “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” ရေးဆွဲရေး အကြုံပြုချက်များကို အတည်ပြုခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ယင်းကို အခွင့်အလမ်းအဖြစ်ထားရှိကာ ပြုပြင်ပြောင်းလဲမှုများကို တစ်ဆင့်တိုး ဘက်စုံနက်ရှိုင်းစွာ ဆောင်ရွက်သွားမည်ဖြစ်သလို အဆင့်မြင့် ပြည်ပသို့ တံခါးဖွင့်လှစ်မှု တိုးချဲ့ရေးကို မမှိတ်မသုန် မြဲမြံစွာ လုပ်ဆောင်သွားမည်ဖြစ်ပြီး တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရေး၏ အောင်မြင်မှုသစ်များဖြင့် အာရှ-ပစိဖိတ်နှင့် ကမ္ဘာကြီးအတွက် အခွင့်အလမ်းသစ်များကို စဉ်ဆက်မပြတ် ပံ့ပိုးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အစည်းအဝေးကို တောင်ကိုရီးယားနိုင်ငံ သမ္မတ လီဂျေမြောင်က ကြီးမှူးကာ “စဉ်ဆက်မပြတ်သော မနက်ဖြန်များ တည်ဆောက်ရေး” ဟူသည့် ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးအစီအစဉ်ကို ဝမ်ရိ ပါဝင်တက်ရောက်ခဲ့သည်။ (Xinhua)

၃၂ ကြိမ်မြောက် APEC ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး၏ ပထမအဆင့်အစည်းအဝေးကို တောင်ကိုရီးယားနိုင်ငံ ဂယောင်းဂျူမြို့ရှိ Hwabaek ကွန်ဗင်းရှင်းစင်တာတွင် ဒေသစံတော်ချိန် အောက်တိုဘာ ၃၁ ရက် နံနက်ပိုင်းက ကျင်းပခဲ့ရာ ရှီကျင့်ဖိန် အစည်းအဝေးကျင်းပရာနေရာသို့ ရောက်ရှိချိန်တွင် တောင်ကိုရီးယားနိုင်ငံ သမ္မတ လီဂျေမြောင် က လှိုက်လှဲနွေးထွေးစွာ ခရီးဦးကြိုပြုသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

၃၂ ကြိမ်မြောက် APEC ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး၏ ပထမအဆင့်အစည်းအဝေးကို တောင်ကိုရီးယားနိုင်ငံ ဂယောင်းဂျူမြို့ရှိ Hwabaek ကွန်ဗင်းရှင်းစင်တာတွင် ဒေသစံတော်ချိန် အောက်တိုဘာ ၃၁ ရက် နံနက်ပိုင်းက ကျင်းပခဲ့ရာ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် တက်ရောက်ပြီး “အများအကျိုးဖြစ်ထွန်း၍ အားလုံးပါဝင်သော တံခါးဖွင့် အာရှ-ပစိဖိတ် စီးပွားရေး အတူတကွတည်ဆောက်ခြင်း” ဟူသော ခေါင်းစဉ်ဖြင့် အရေးကြီးမိန့်ခွန်းပြောကြားစဉ်(ဆင်ဟွာ)

——————-
(Chinese Version)
习近平出席亚太经合组织第三十二次领导人非正式会议并发表重要讲话
新华社韩国庆州10月31日电(记者韩墨 陆睿)当地时间10月31日上午,亚太经合组织第三十二次领导人非正式会议第一阶段会议在韩国庆州和白会议中心举行。国家主席习近平出席会议并发表题为《共建普惠包容的开放型亚太经济》的重要讲话。
习近平抵达会场时,韩国总统李在明热情迎接。
习近平在讲话中指出,亚太经合组织成立30多年来,引领亚太地区走在全球开放发展前列,助力亚太成为全球经济最具活力的地区。当前,世界百年变局加速演进,亚太地区发展面临的不稳定不确定因素增多。越是风高浪急,越要同舟共济。各方要坚守亚太经合组织促进经济增长、增进人民福祉的初衷,坚持在开放发展中分享机遇、实现共赢,推进普惠包容的经济全球化,构建亚太共同体。
习近平提出5点建议。
一是共同维护多边贸易体制。践行真正的多边主义,提高以世界贸易组织为核心的多边贸易体制的权威性和有效性,推动国际经贸规则与时俱进,更好保障发展中国家正当权益。
二是共同营造开放型区域经济环境。持续推进贸易和投资自由化便利化,深化财金领域合作,稳步推进区域经济一体化进程,推动彼此对接、融合共进,为亚太自由贸易区建设聚势汇能。
三是共同维护产业链供应链稳定畅通。坚持“拉手”而不是“松手”、“延链”而不是“断链”,积极寻找更多利益契合点,支持供应链开放发展。不断做实做细硬联通、软联通、心联通,进一步夯实亚太地区开放发展基础。
四是共同推进贸易数字化绿色化。充分发挥数字技术对跨境贸易的促进作用,破除各种绿色壁垒,拓展绿色产业、清洁能源和绿色矿产合作。
五是共同促进普惠包容发展。坚持以人民为中心的发展理念,着力解决发展不平衡问题,推动经济全球化更加包容、更可持续,更好惠及地区全体人民。中方同各方合作推进高质量共建“一带一路”,致力于同各国共同发展、共享繁荣。
习近平强调,中国始终坚持对外开放的基本国策,以实际行动推动建设开放型世界经济。中共二十届四中全会通过了关于制定“十五五”规划的建议。中方将以此为契机,进一步全面深化改革,坚定不移扩大高水平对外开放,不断以中国式现代化新成就为亚太和世界提供新机遇。(讲话全文另发)
会议由韩国总统李在明主持,主题为“建设可持续的明天”。
王毅参加上述活动。(完)
1,3. 当地时间10月31日上午,亚太经合组织第三十二次领导人非正式会议第一阶段会议在韩国庆州和白会议中心举行。国家主席习近平出席会议并发表题为《共建普惠包容的开放型亚太经济》的重要讲话。 新华社记者 黄敬文 摄
2. 当地时间10月31日上午,亚太经合组织第三十二次领导人非正式会议第一阶段会议在韩国庆州和白会议中心举行。国家主席习近平出席会议并发表题为《共建普惠包容的开放型亚太经济》的重要讲话。习近平抵达会场时,韩国总统李在明热情迎接。 新华社记者 黄敬文 摄