Connect with us

China

တရုတ်-ဘင်္ဂလားဒေ့ရှ် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၅၀ ပြည့် အထိမ်းအမှတ်အတွက် ရှီကျင့်ဖိန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သမ္မတ Mohammed Shahabuddin ၊ လီချန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ယာယီအစိုးရ ထိပ်တန်းအကြံပေး Muhammad Yunus တို့အပြန်အလှန် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ထိပ်သီးအစည်းအဝေးတွင် ရုပ်သံဗီဒီယိုဖြင့် အမှာစကားပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သမ္မတ Mohammed Shahabuddin တို့သည် အောက်တိုဘာ ၄ ရက်တွင် တရုတ်-ဘင်္ဂလားဒေ့ရှ် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၅၀ ပြည့် အထိမ်းအမှတ်အတွက် အပြန်အလှန် ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။
ထိုသို့ပေးပို့ရာတွင် ရှီကျင့်ဖိန်က တရုတ်နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အစဉ်အလာ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးသည် သမိုင်းကြောင်း ကြာရှည်ကြောင်း ထောက်ပြပြောကြားခဲ့သည်။ ရာစုနှစ်ဝက်ကြာ သံတမန်ဆက်ဆံရေး ထူထောင်သည့်ကာလအတွင်း နိုင်ငံတကာနှင့် ဒေသတွင်းအခြေအနေ မည်ကဲ့သို့ ပြောင်းလဲစေကာမူ နှစ်ဖက်က ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်အခြေခံပေါ်တွင် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးအား အစဉ်အမြဲ ဖော်ဆောင်ခဲ့ရာ နိုင်ငံများအကြား အပြန်အလှန် လေးစားသော၊ တန်းတူညီမျှ ဆက်ဆံသော၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်သော စံနမူနာကို ထူထောင်ခဲ့ကြောင်း၊ လတ်တလောနှစ်ပိုင်းတွင် တရုတ်-ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုသည် စဉ်ဆက်မပြတ်ခိုင်မြဲလာပြီး “ရပ်ဝန်းနှင့် ပိုးလမ်းမ” အရည်အသွေးမြင့် အတူတကွတည်ဆောက်ရေးနှင့် ကဏ္ဍစုံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများလည်း အဆက်မပြတ် တိုးချဲ့လာကာ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးသည်လည်း အဆက်မပြတ် နက်ရှိုင်းလာကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရှီကျင့်ဖိန်က မိမိအနေဖြင့် တရုတ်-ဘင်္ဂလားဒေ့ရှ်ဆက်ဆံရေး တိုးတက်မှုကို များစွာအလေးထားကြောင်း၊ သမ္မတ Mohammed Shahabuddin နှင့်အတူ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၅၀ ပြည့်အား အခါအခွင့်အဖြစ်ထားရှိကာ အစဉ်အလာချစ်ကြည်ရေး မြှင့်တင်ရန်၊ အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုအား နက်ရှိုင်းစေရန်၊ အတူတကွ ဖွံ့ဖြိုးတိုးတက်မှုအား တိုးမြှင့်ရန်၊ နှစ်နိုင်ငံပြည်သူများအား ပိုမိုကောင်းမွန်စွာ အကျိုးဖြစ်ထွန်းစေရန် ကြိုးပမ်းသွားပြီး ကမ္ဘာကြီး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုကြီးမားသော အကျိုးထမ်းဆောင်မှုများ လုပ်ဆောင်သွားလိုကြောင်း အလေးထား ပြောကြားခဲ့သည်။
Mohammed Shahabuddin က လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ အတွင်း ဘင်္ဂလားဒေ့ရှ်-တရုတ်နှစ်နိုင်ငံသည် အပြန်အလှန်လေးစားမှု၊ အပြန်အလှန်ယုံကြည်မှု၊ ရေရှည်ပူးပေါင်းဆောင်ရွက်မှု အခြေခံပေါ်တွင် နက်ရှိုင်းသော သံယောဇဉ်အား အတူတကွတည်ဆောက်ခဲ့ရာ နှစ်နိုင်ငံပြည်သူများအတွက် လက်တွေ့ကျကျ အကျိုးစီးပွားများ သယ်ဆောင်လာပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံက ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် အတူတကွ စည်ပင်ဝပြောမှုအား တွန်းအားပေးရန်အတွက် အရေးကြီးအခန်းကဏ္ဍမှ ပါဝင်မှုကို များစွာ တန်ဖိုးထား ချီးကျူးကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းအတွက် တရုတ်နိုင်ငံက ကာလကြာရှည်စွာ အဖိုးတန်ပံ့ပိုးကူညီပေးမှုများကို ကျေးဇူးတင်ရှိကြောင်း၊ နှစ်နိုင်ငံအကြီးအကဲနှင့် နှစ်နိုင်ငံပြည်သူများ၏ အတူတကွကြိုးပမ်းမှုဖြင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည် ပိုမိုကြွယ်ဝသော ရလဒ်များ ရရှိလာမည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထိုနေ့တွင်ပင် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ယာယီအစိုးရ ထိပ်တန်းအကြံပေး Muhammad Yunus တို့လည်း အပြန်အလှန် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။
လီချန်က တရုတ်နိုင်ငံအနေဖြင့် တရုတ်-ဘင်္ဂလားဒေ့ရှ်ဆက်ဆံရေး တိုးတက်မှုအား များစွာအလေးထားကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၅၀ ပြည့်အား အခါအခွင့်အဖြစ်ထားရှိကာ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အရည်အသွေးမြင့် အတူတကွ တည်ဆောက်ရေးနှင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့်တွန်းအားပေးခြင်းဖြင့် တရုတ်-ဘင်္ဂလားဒေ့ရှ် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာမှုကို တွန်းအားပေးဖော်ဆောင်ရန် ကြိုးပမ်းသွားလိုကြောင်း ပြောကြားခဲ့သည်။
Muhammad Yunus က ဘင်္ဂလားဒေ့ရှ်-တရုတ် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၅၀ အတွင်း နှစ်နိုင်ငံပြည်သူများ ချစ်ကြည်ရေးသည် အချိန်ကာလကြာလာသည်နှင့်အမျှ ခိုင်မာမြဲမြံလျက်ရှိကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်လာပြီး နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုရလဒ်များ ပြည့်ဝလာကာ ဂုဏ်ပြုထိုက်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်အနေဖြင့် ဘင်္ဂလားဒေ့ရှ်-တရုတ် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးတွင် ပိုမိုများပြားသော ရလဒ်များ ရရှိရန် ကြိုးပမ်းတွန်းအားပေးသွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာ၌ ကျင်းပသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၆ နှစ်ပြည့် တရုတ်-ဘင်္ဂလားဒေ့ရှ် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၅၀ ပြည့် အထိမ်းအမှတ် ဂုဏ်ပြုဧည့်ခံပွဲ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ယာယီအစိုးရ ထိပ်တန်းအကြံပေး Muhammad Yunus ဗီဒီယိုဖြင့် အမှာစကားပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————
(Chinese Version)
习近平同孟加拉国总统楚普就中孟建交50周年互致贺电   李强同孟加拉国临时政府首席顾问尤努斯互致贺电
新华社北京10月4日电 10月4日,国家主席习近平同孟加拉国总统楚普互致贺电,庆祝中孟两国建交50周年。
习近平指出,中国和孟加拉国是传统友好近邻,两国交往源远流长。建交半个世纪以来,无论国际和地区形势如何变化,双方始终在和平共处五项原则基础上发展友好关系,树立了国家间相互尊重、平等相待、合作共赢的典范。近年来,中孟政治互信持续巩固,高质量共建“一带一路”及各领域务实合作不断拓展,全面战略合作伙伴关系不断深化。
习近平强调,我高度重视中孟关系发展,愿同楚普总统一道努力,以两国建交50周年为契机,弘扬传统友谊,深化互利合作,促进共同发展,更好造福两国人民,为世界和平与发展作出更大贡献。
楚普表示,过去50年来,孟中两国在相互尊重、相互信任、持久合作的基础上,共同铸就深厚情谊,为两国人民带来了实实在在的福祉。孟方高度赞赏中方为推动地区和平、稳定与共同繁荣所发挥的重要作用,感谢中方长期以来对孟方可持续发展事业给予的宝贵支持。相信在两国领导人和两国人民共同努力下,两国合作必将更加富有成效。
同日,国务院总理李强同孟加拉国临时政府首席顾问尤努斯互致贺电。李强表示,中方高度重视中孟关系发展,愿同孟方一道努力,以两国建交50周年为契机,加快推进高质量共建“一带一路”及各领域合作,推动中孟全面战略合作伙伴关系不断发展。
尤努斯表示,孟中建交50年来,两国人民友谊历久弥坚,两国关系稳步发展,双边合作成果丰硕,值得庆贺。孟方致力于推动孟中全面战略合作伙伴关系不断取得更多成果。(完)
1、9月24日,国家主席习近平在联合国气候变化峰会发表视频致辞。 新华社记者 黄敬文 摄
2、9月17日,在孟加拉国首都达卡举行的庆祝中华人民共和国成立76周年暨中孟建交50周年招待会上,尤努斯发表视频致辞。新华社发(哈比卜·拉赫曼摄)