China
၁၂ ကြိမ်မြောက် တရုတ်-အီတလီ အစိုးရကော်မတီ ပူးတွဲအစည်းအဝေး ကျင်းပ

ရောမ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)
၁၂ ကြိမ်မြောက် တရုတ်-အီတလီ အစိုးရကော်မတီ ပူးတွဲအစည်းအဝေးကို ဒေသစံတော်ချိန် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၈ ရက်တွင် အီတလီနိုင်ငံ ရောမမြို့၌ ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးသို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အီတလီနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Antonio Tajani တို့ အတူတကွတက်ရောက်ခဲ့ပြီး နှစ်ဖက်အဖွဲ့ဝင်ဌာန ကိုယ်စားလှယ်များက အစီရင်ခံတင်ပြမှုကို ကြားနာကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ထိုသို့ပြောကြားရာတွင် ဝမ်ရိက ယမန်နှစ်မှစ၍ သမ္မတ Sergio Mattarella ၊ အထက်လွှတ်တော် ဥက္ကဋ္ဌ Ignazio La Russa ၊ ဝန်ကြီးချုပ် Giorgia Meloni တို့သည် တရုတ်နိုင်ငံသို့ ခရီးစဉ် သီးခြားစီ လာရောက်ခဲ့ကြပြီး တရုတ်-အီတလီက ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး မြှင့်တင်မှုအတွက် လှုပ်ရှားမှုအစီအစဉ်အား အတူတကွထုတ်ပြန်ခဲ့ကြောင်း၊ နှစ်ဖက်က နှစ်နိုင်ငံအကြီးအကဲများ၏ အရေးကြီး သဘောတူညီချက်ကို တက်ကြွစွာ အကောင်အထည်ဖော်၍ ယခုနှစ် တရုတ်-အီတလီ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၅၅ နှစ်ပြည့်အား အခါအခွင့်အဖြစ် ထားရှိပြီး ကဏ္ဍစုံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ တည်ငြိမ်စွာ တိုးချဲ့လာမှုကို တွန်းအားပေးခဲ့ရာ ထူးခြားချက်များစွာ ပေါ်ထွက်လာခဲ့ကြောင်း ပြောကြားခဲ့သည်။
တရုတ်-အီတလီ အစိုးရကော်မတီသည် တရုတ်နိုင်ငံနှင့် ဥရောပနိုင်ငံများ ထူထောင်သည့် ပထမဆုံး အစိုးရကြား ပူးပေါင်းဆောင်ရွက်မှု ယန္တရားအနေဖြင့် ယနေ့တိုင် ၂၁ နှစ်ကြာခဲ့ပြီဖြစ်ရာ နှစ်ဖက်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး နှစ်နိုင်ငံ နယ်ပယ်အသီးသီး၏ ယုံကြည်မှုနှင့် ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံအားပေးခြင်း ခံရကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
လက်ရှိတွင် နိုင်ငံတကာအခြေအနေသည် လျင်မြန်နက်ရှိုင်းစွာ ပြောင်းလဲလျက်ရှိရာ တရုတ်-အီတလီ ပူးပေါင်းဆောင်ရွက်မှုသည် အခြေအနေအသစ်၊ အခွင့်အလမ်းအသစ်၊ စိန်ခေါ်မှုအသစ်များနှင့် ရင်ဆိုင်နေရကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အီတလီနိုင်ငံနှင့်အတူ တရုတ်-အီတလီ အစိုးရကော်မတီ ထူထောင်သည့် မူလရည်ရွယ်ချက်အား အရင်းခံကာ မူရင်းကိုထိန်းသိမ်းလျက် တီထွင်ဆန်းသစ်ပြီး ပူးပေါင်းဆောင်ရွက်မှုယန္တရားအား ပိုမိုစနစ်ကျသော၊ ပိုမိုဦးတည်ချက်ရှိသော၊ ပိုမိုထိရောက်မှုရှိသော “၂.၀ ဗားရှင်း” အဖြစ် အဆင့်မြှင့်တင်ရန် တွန်းအားပေး၍ တရုတ်-အီတလီဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာနှင့် ပိုမိုကောင်းမွန်စွာ တွဲဖက်လုပ်ဆောင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
ပထမအနေဖြင့် မဟာဗျူဟာမြောက်မှုအား မြှင့်တင်၍ ယန္တရားအား ပိုမို “သစ်လွင်” လာစေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြီးအကဲများက နှစ်ဖက်ဆက်ဆံရေးအတွက် ရရှိထားသည့် အရေးကြီးသဘောတူညီချက်နှင့် လုပ်ဆောင်သည့် မဟာဗျူဟာဦးဆောင်မှုကို အစဉ်အမြဲဦးတည်ကာ လုပ်ငန်းလုပ်ဆောင်မှုပုံစံကို ဆန်းသစ်တီထွင်၍ ၃ နှစ်လှုပ်ရှားမှုအစီအစဉ် အကောင်အထည်ဖော်မှုအား အရှိန်မြှင့်တွန်းအားပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဒုတိယအနေဖြင့် ပလက်ဖောင်းတည်ဆောက်မှုအား မြှင့်တင်ကာ ယန္တရားအား ပိုမို “အသက်ဝင်” လာစေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းစဉ်အကြောင်းအရာ သတ်မှတ်ရေးဆွဲမှုကို မြှင့်တင်၍ ကူးလူးဖလှယ် အပြန်အလှန်ခရီးစဉ် သွားရောက်မှုများကို တက်ကြွစွာ တွန်းအားပေးကာ နှစ်နိုင်ငံ လုပ်ငန်းကုမ္ပဏီ၊ ယန္တရားများ ချိတ်ဆက်မှုကို ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်းဖြင့် အလားအလာများအား နက်ရှိုင်းစွာဖော်ထုတ်ပြီး နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုအတွက် စွမ်းအားသစ်များ အားဖြည့်ပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တတိယအနေဖြင့် ဒေသန္တရ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရမည် ဖြစ်ပြီး ယန္တရားအား ပို၍ “ခိုင်မာ” စေရမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုနှင့် ယဉ်ကျေးမှုဖလှယ်မှုတွင် ဒေသန္တရကို အဓိကအင်အား အခန်းကဏ္ဍတွင် ထားရှိကာ ဒေသန္တရကုမ္ပဏီလုပ်ငန်းများ ချိတ်ဆက်မှုနှင့် လူပုဂ္ဂိုလ်သွားလာမှု၏ ရှင်သန်စွမ်းအားကို စဉ်ဆက်မပြတ် နှိုးဆော်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့် အီတလီနိုင်ငံသည် လွတ်လပ်သော ကုန်သွယ်ရေးကို ထောက်ခံအားပေးသော စီးပွားရေးအစုအဖွဲ့ကြီးနှစ်ရပ်၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို ကာကွယ်ထိန်းသိမ်းသည့် အင်အားစုကြီးနှစ်ရပ်၊ ကူးလူးဖလှယ်၍ အပြန်အလှန်လေ့လာသင်ယူရန် အဆိုပြုသည့် ရှေးဟောင်းယဉ်ကျေးမှုနိုင်ငံကြီး နှစ်နိုင်ငံ ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
နိုင်ငံတကာအခြေအနေရှုပ်ထွေးသည့် နောက်ခံအနေအထားအောက်တွင် တရုတ်-အီတလီ သည် တာဝန်ယူမှုရှိရန်၊ ခေတ်ရေစီးကြောင်းနှင့်လျော်ညီစေရန်၊ အပြန်အလှန်ယုံကြည်၍ အတူတကွအောင်မြင်ရေး အစဉ်အမြဲဆောင်ရွက်ရန်၊ တံခါးဖွင့်လှစ်သည့် စိတ်ဓာတ်ကို လက်ကိုင်ထား၍ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို ကြီးမားကောင်းမွန်အောင် ဆောင်ရွက်ရန်၊ ကြွယ်ဝသော ပူးပေါင်းဆောင်ရွက်မှုရလဒ်များဖြင့် ကိုယ်စီ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးနှင့် နှစ်နိုင်ငံ ပြည်သူများ၏အကျိုးစီးပွားအတွက် ပို၍ကြီးမားသော အကျိုးကို ဆောင်ကြဉ်းရန် လုပ်ဆောင်သင့်ပါကြောင်း ၎င်းကပြောကြားခဲ့သည်။
Antonio Tajani က တရုတ်-အီတလီ ဆက်ဆံရေး ကောင်းမွန်စွာ တိုးတက်မှုနှင့် ရရှိခဲ့သည့် ကြွယ်ဝသော အောင်မြင်မှုရလဒ်များကို အပြုသဘော သုံးသပ်ခဲ့ရာ အီတလီ-တရုတ် ချစ်ကြည်ရေးသည် အချိန်ကာလကြာရှည်ရာ မာကိုပိုလိုနှင့် Matteo Ricci သည် နှစ်နိုင်ငံအစဉ်အလာချစ်ကြည်ရေး၏ သံတမန်နှင့် ပြယုဂ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နှစ်ဖက်အတူတကွ ကြိုးပမ်းမှုအောက်တွင် အီတလီ-တရုတ် နှစ်နိုင်ငံသည် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို တည်ဆောက်ခဲ့ကြပြီး နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု အောင်မြင်မှုရလဒ်များမှာ ကြွယ်ဝရာ နှစ်နိုင်ငံ ပြည်သူများအတွက် လက်တွေ့အကျိုးစီးပွားများ ဆောင်ကြဉ်းပေးခဲ့ကြောင်း၊ ထို့အတွက် အီတလီ-တရုတ် အစိုးရကော်မတီသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါကြောင်း၊ ယခုအကြိမ် အစည်းအဝေး၌ ရရှိသော အဓိကအချက်အလက် အသေးစိတ်အကြောင်းအရာများသည် နှစ်ဖက်အပြုသဘောဆန္ဒများကို ပေါ်လွင်စေကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် အီတလီနိုင်ငံ၏ ဦးစားပေး ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဖြစ်ကြောင်း၊ အီတလီနိုင်ငံအနေဖြင့် တရုတ်ဈေးကွက်ရှိ ကြီးမားသောအခွင့်အလမ်းများကို အထူးအလေးထားကြောင်း၊ နှစ်ဖက်အနေဖြင့် ကုန်သွယ်စီးပွား၊ ရင်းနှီးမြှုပ်နှံမှု၊ သိပ္ပံနည်းပညာ၊ ယဉ်ကျေးမှုနှင့် အားကစား စသည့် ကဏ္ဍစုံ ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုးမြှင့်တင်ကာ ပြည်သူချင်း အပြန်အလှန်နားလည်မှုများကို တိုးမြှင့်ရန် မျှော်လင့်ကြောင်း၊ အီတလီနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် အတူလက်တွဲကာ လွတ်လပ်သောကုန်သွယ်ရေးကို ထောက်ခံအားပေးရန်၊ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက် အဆင်ပြေချောမွေ့မှုကို ကာကွယ်ထိန်းသိမ်းရန်၊ နိုင်ငံတကာပဋိပက္ခများအား တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် ငြိမ်းချမ်းစွာ ဖြေရှင်းရေးအတွက် အတူတကွ ကြိုးပမ်းရန် ဆန္ဒရှိပါကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

၁၂ ကြိမ်မြောက် တရုတ်-အီတလီ အစိုးရကော်မတီ ပူးတွဲအစည်းအဝေးကို ဒေသစံတော်ချိန် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၈ ရက်တွင် အီတလီနိုင်ငံ ရောမမြို့၌ ကျင်းပခဲ့ရာ ဝမ်ရိနှင့် Antonio Tajani တို့ လက်ဆွဲနှုတ်ဆက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)
——————-
(Chinese Version)
中意举行政府委员会第12次联席会议
新华社罗马10月8日电 当地时间2025年10月8日,中意政府委员会第12次联席会议在罗马举行。中共中央政治局委员、外交部长王毅同意大利副总理兼外长塔亚尼共同出席,听取双方成员单位代表汇报并作总结发言。
王毅说,去年以来,马塔雷拉总统、拉鲁萨参议长、梅洛尼总理分别访华,中意共同发表加强全面战略伙伴关系的行动计划。双方积极落实两国领导人重要共识,以今年中意建交55周年为契机,推动各领域务实合作稳步拓展,亮点纷呈。
王毅表示,中意委作为中国同欧洲国家建立的首个政府间合作机制,至今已走过21个年头,为双边关系发展发挥重要作用,得到两国各界信任和广泛支持。当前国际形势快速深刻变化,中意合作面临新形势、新机遇、新挑战。中方愿同意方一道秉持中意委成立初心,守正创新,推动合作机制向更加系统化、更有针对性、更富成效的“2.0版本”升级,更好配合中意关系发展战略。
一是强化战略属性,让机制更“新”。始终锚定两国领导人对双边关系达成的重要共识和作出的战略引领,创新工作方式,加紧推动三年行动计划落地。
二是加强平台建设,让机制更“活”。加强议程议题设计,积极推动交流互访,协助两国企业、机构对接,深挖潜力,为双方合作赋予新动能。
三是促进地方合作,让机制更“实”。发挥地方在两国贸易合作和文化交流中的主力军作用,持续激活地方企业对接和人员往来活力。
王毅说,中意是支持自由贸易的两大经济体、维护多边主义的两大力量、倡导交流互鉴的两大文明古国。在国际形势变乱交织背景下,中意应展现责任担当,顺应时代潮流,始终相互信赖、共同成就,秉持开放精神做大做优务实合作,以丰富的合作成果为各自经济发展和两国人民福祉作出更大贡献。
塔亚尼积极评价中意关系良好发展和取得的丰硕成果,表示意中友谊源远流长,马可·波罗、利玛窦是两国传统友好的使者和象征。在双方共同努力下,意中建立全面战略伙伴关系,双边合作成果丰硕,为两国人民带来切实利益,意中政府委员会为此发挥了重要作用,本次会议达成的纪要具体翔实,体现双方积极意愿。中国是意优先合作伙伴,意方高度重视中国市场蕴含的巨大机遇,期待双方进一步加强经贸、投资、科技、文化和体育等各领域交流合作,增进人民之间相互了解。意方愿同中方携手支持自由贸易,维护全球供应链畅通,为通过对话和平解决国际争端做出共同努力。(完)
1. 当地时间2025年10月8日,中意政府委员会第12次联席会议在罗马举行。中共中央政治局委员、外交部长王毅同意大利副总理兼外长塔亚尼共同出席,听取双方成员单位代表汇报并作总结发言。这是王毅与塔亚尼在会议前握手合影。
2. 新华社记者 李京 摄