China
၂၀၂၅ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ လူသားအခြေချနေထိုင်မှုပတ်ဝန်းကျင်များဖိုရမ်ဆုကို တရုတ်စီမံကိန်းအများအပြား ရရှိ
ဂျီနီဗာ၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)
၂၀ ကြိမ်မြောက် “စဉ်ဆက်မပြတ်သော မြို့ပြအသစ်များနှင့် လူသားအခြေချနေထိုင်မှုပတ်ဝန်းကျင်များဆိုင်ရာ ဆု (New SCAHSA) ” ရရှိသူအမည်စာရင်းကို ကမ္ဘာလုံးဆိုင်ရာ လူသားအခြေချနေထိုင်မှုပတ်ဝန်းကျင်များဖိုရမ်က နိုဝင်ဘာ ၅ ရက်တွင် ထုတ်ပြန်ခဲ့ရာ တရုတ်စီမံကိန်းအများအပြားက ယင်းကမ္ဘာလုံးဆိုင်ရာ ဩဇာတိက္ကမကြီးမားသော ဆုကို ရရှိခဲ့သည်။
ယခုနှစ်ပတ်လည်ဖိုရမ်အတွင်းရေးမှူးရုံးက စုစုပေါင်း စီမံကိန်း ၄၀၀ ကျော် လျှောက်ထားမှုကို လက်ခံရရှိခဲ့ကြောင်း၊ အကဲဖြတ်ကော်မတီက တင်းကျပ်စွာစိစစ်ပြီးနောက် နောက်ဆုံး စီမံကိန်း စုစုပေါင်း ၁၉ ခုက ကမ္ဘာလုံးဆိုင်ရာ အစိမ်းရောင်စမတ်မြို့ပြဆု၊ ကမ္ဘာလုံးဆိုင်ရာ လူသားအခြေချနေထိုင်မှု ပတ်ဝန်းကျင်အစီအစဉ် ဒီဇိုင်းဆု၊ ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ်ဖြစ်သော မြို့ပြအဆင့်မြှင့်တင်ရေးစံပြဆု၊ ကမ္ဘာလုံးဆိုင်ရာ အစိမ်းရောင်စမတ်အဆောက်အဦ/လူမှုအသိုက်အဝန်း စံပြဆု စသည့် အမျိုးအစား ၁၀ မျိုးအပါအဝင် ယခုနှစ်၏ New SCAHSA ဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း ကြီးမှူးကျင်းပသူ၏ မိတ်ဆက်ပြောကြားချက်များအရ သိရသည်။ ဆုရစီမံကိန်း ၁၉ ခုတွင် ၉ ခုက တရုတ်နိုင်ငံမှ ဖြစ်သည်။
ပေကျင်းမြို့ ချောင်ယန်ခရိုင်နှင့် တရုတ်-စင်ကာပူ ထျန်းကျင်းဂေဟမြို့က ကမ္ဘာလုံးဆိုင်ရာ အစိမ်းရောင်စမတ်မြို့ပြဆု ကိုလည်းကောင်း၊ ရှန်ဟိုင်းပြပွဲဥယျာဉ် ကာဗွန်လျော့နည်းရေးစဉ်ဆက်မပြတ် တည်ဆောက်မှုနှင့် မြို့ပြအဆင့်မြှင့်တင်ဖန်တီးရေး လက်တွေ့ဖော်ဆောင်မှုက ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ဆန်းသစ်ဆုကို လည်းကောင်း၊ စူးကျိုးမြန်နှုန်းမြင့်ရထားမြို့သစ်၏ မြို့ပြနှင့်ကျေးလက် ကာဗွန်ထုတ်လွှတ်မှု အမြင့်ဆုံးမှ ပြန်လည်လျှော့ချရေးနှင့် မျှခြေအဆင့် ရောက်ရှိရေး တည်ဆောက်မှု ရှေ့ပြေးစမ်းသပ်ဇုန်က ကမ္ဘာလုံးဆိုင်ရာ လူသားအခြေချနေထိုင်မှုပတ်ဝန်းကျင်အစီအစဉ် ဒီဇိုင်းဆုကိုလည်းကောင်း၊ ချုံချင့်မြို့ ခိုင်းကျိုးခရိုင် Thuja sutchuenensis ဆိုက်ပရက်စ် ကာကွယ်ရေးနှင့် စဉ်ဆက်မပြတ်အသုံးချသည့် အောင်မြင်စွာ လက်တွေ့ဖော်ဆောင်မှုက ကမ္ဘာလုံးဆိုင်ရာ ဂေဟစနစ်ပြုပြင်ရေးနှင့် ကာကွယ်ရေး စံပြဆုကိုလည်းကောင်း၊ ဆန်းကျန့်ကမ်းရိုးတန်း သိပ္ပံနည်းပညာမြို့က ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ်ဖြစ်သော မြို့ပြအဆင့်မြှင့်တင်ရေး စံပြဆုကိုလည်းကောင်း၊ တရုတ်နိုင်ငံ ဟွာကျုံး-သက်တံမြို့က ကမ္ဘာလုံးဆိုင်ရာ အစိမ်းရောင်စမတ်လူမှုအသိုက်အဝန်း စံပြဆုကိုလည်းကောင်း၊ တရုတ်နိုင်ငံ တုန်းယန်မြို့ လူကျိုင်ကျေးရွာက ကမ္ဘာလုံးဆိုင်ရာ လူသားအခြေချနေထိုင်မှုပတ်ဝန်းကျင် ကျေးရွာစံပြဆုကိုလည်းကောင်း၊ တရုတ်နိုင်ငံ LP ကာဗွန်လျော့နည်း စမတ်တည်ဆောက်မှုနည်းပညာက ကမ္ဘာလုံးဆိုင်ရာ အစိမ်းရောင်စမတ်နည်းပညာ စံပြဆုကိုလည်းကောင်း ဆွတ်ခူးရရှိခဲ့သည်။
New SCAHSA ဆုသည် ကမ္ဘာလုံးဆိုင်ရာ လူသားအခြေချနေထိုင်မှုပတ်ဝန်းကျင်များဖိုရမ်က ၂၀၀၅ ခုနှစ်တွင် တည်ထောင်ခဲ့သော နှစ်စဉ်နိုင်ငံတကာဆုဖြစ်ရာ စဉ်ဆက်မပြတ်ဖြစ်သော မြို့ပြနှင့် လူသားအခြေချနေထိုင်မှုပတ်ဝန်းကျင်၏ ဆန်းသစ်မှုနှင့် ဦးဆောင်နိုင်စွမ်းကို ဂုဏ်ပြုချီးမြှောက်ရန်၊ ၎င်း၏ခေတ်ရှေ့ပြေးမူဝါဒအစီအမံများ၊ ဆန်းသစ်မှုနည်းပညာနှင့် အောင်မြင်သည့်အတွေ့အကြုံများကို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။
ယခုနှစ် အခြားဆုရစီမံကိန်းများတွင် မလေးရှားနိုင်ငံ ပီနန်မြို့၊ ဇင်ဘာဘွေနိုင်ငံ ဇမ်ဗီဇီမြစ်နှင့် ဗစ်တိုးရီးယားရေတံခွန် အမျိုးသားဥယျာဉ်၊ ကနေဒါနိုင်ငံ Tommy Thompson ဥယျာဉ်၊ အမေရိကန်နိုင်ငံ မြို့ပြအစိုင်အခဲစွန့်ပစ္စည်းစီမံမှု ဉာဏ်ရည်တုစနစ် စသည်တို့ ပါဝင်ကြောင်း သိရသည်။ (Xinhua)

——————
(Chinese Version)
多个中国项目获2025全球人居环境论坛大奖
新华社日内瓦11月6日电(记者王露 周玓珞)全球人居环境论坛5日公布第二十届“新可持续城市与人居环境奖”(简称“新飒飒奖”)获奖名单,多个中国项目获得这一全球权威奖项。 据主办方介绍,本年度论坛秘书处共收到400余个项目申请,经评委会严格审核,最终共19个项目荣获今年的“新飒飒奖”,包括全球绿色智慧城市奖、全球人居环境规划设计奖、全球可持续城市更新范例奖、全球绿色智慧建筑/社区范例奖等10个类别。19个获奖项目中有9个来自中国。
北京市朝阳区与中新天津生态城获全球绿色智慧城市奖;上海世博园区低碳可持续建设与城市更新创新实践获全球可持续发展创新奖;苏州高铁新城城乡建设碳达峰碳中和先导区获全球人居环境规划设计奖;重庆开州区保护与可持续利用崖柏的成功实践获全球生态修复与保护范例奖;深圳海岸科技城获全球可持续城市更新范例奖;中国华中·彩虹城获全球绿色智慧社区范例奖;中国东阳卢宅村获全球人居环境村落范例奖;中国LP低碳智能建造技术获全球绿色智能技术范例奖。
“新飒飒奖”是由全球人居环境论坛于2005年创立的一年一度的国际奖项,旨在表彰和奖励可持续城市与人居环境领域的创新和领导力,推广其先进的政策措施、创新技术和成功经验。
今年其他获奖项目还包括马来西亚槟岛市、津巴布韦赞比西河与维多利亚瀑布国家公园、加拿大汤米·汤普森公园、美国人工智能城市固废处理系统等。(完)
1. 这是11月5日在瑞士日内瓦世界气象组织总部拍摄的第二十届“新可持续城市与人居环境奖”颁奖现场。新华社记者 连漪 摄
