Connect with us

China

တရုတ်နိုင်ငံ၏ ပထမဆုံး လျှပ်စစ်သံလိုက်ဓာတ်သုံး လောက်လွှဲစနစ် လေယာဉ်တင်သင်္ဘောကြီး တပ်တော်ဝင်

တရုတ်နိုင်ငံ၏ ပထမဆုံး လျှပ်စစ်သံလိုက်ဓာတ်သုံး လောက်လွှဲစနစ် လေယာဉ်တင်သင်္ဘောကြီး ဖူကျန့်၏ တပ်တော်ဝင်အလံတင်အခမ်းအနားကို တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဆန်းရမြို့ရှိ စစ်ဘက်သုံးဆိပ်ကမ်းတစ်ခုတွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၅ ရက်က ကျင်းပစဉ် (ဆင်ဟွာ)

ဆန်းရ၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

ဖူကျန့်သင်္ဘောကြီးသည် တရုတ်နိုင်ငံ၏ ပထမဆုံး လျှပ်စစ်သံလိုက်ဓာတ်သုံး လောက်လွှဲစနစ် လေယာဉ်တင်သင်္ဘောကြီးဖြစ်သလို တရုတ်နိုင်ငံ၏ တတိယမြောက် လေယာဉ်တင်သင်္ဘောကြီးလည်း ဖြစ်ရာ ရေယာဉ်အမှတ် ၁၈ ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇွန်လတွင် ရေချ၍ အမည်ပေးခဲ့ခြင်းဖြစ်သည်။ ဖူကျန့်လေယာဉ်တင်သင်္ဘောကြီးသည် တရုတ်နိုင်ငံက အမှီအခိုကင်းစွာ အပြည့်အဝ ကိုယ်ပိုင်ဒီဇိုင်းရေးဆွဲ တည်ဆောက်ထားခြင်းဖြစ်ပြီး ၎င်း၏ လျှပ်စစ်သံလိုက်ဓာတ်သုံး လောက်လွှဲစနစ်နည်းပညာသည် ကမ္ဘာ့ထိပ်တန်းအဆင့်တွင် ရှိနေပေသည်။ (Xinhua)


——————
(Chinese Version)
我国第一艘电磁弹射型航空母舰入列
新华社照片,三亚(海南),2025年11月7日
福建舰是我国第一艘电磁弹射型航空母舰,也是我国第三艘航空母舰,舷号为“18”,2022年6月下水命名。福建舰由我国完全自主设计建造,其电磁弹射技术处于世界先进水平。 新华社记者 李刚 摄
1. 11月5日,我国第一艘电磁弹射型航空母舰福建舰入列授旗仪式在海南三亚某军港举行。 新华社记者 李刚 摄