China
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးမှ “ကာဗွန်ထုတ်လွှတ်မှု အမြင့်ဆုံးမှ ပြန်လည်လျှော့ချရေးနှင့် မျှခြေအဆင့် ရောက်ရှိရေးအတွက် တရုတ်နိုင်ငံလှုပ်ရှားမှု” စက္ကူဖြူစာတမ်း ထုတ်ပြန်
ပေကျင်း၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးသည် နိုဝင်ဘာ ၈ ရက်တွင် “ကာဗွန်ထုတ်လွှတ်မှု အမြင့်ဆုံးမှ ပြန်လည်လျှော့ချရေးနှင့် မျှခြေအဆင့် ရောက်ရှိရေးအတွက် တရုတ်နိုင်ငံလှုပ်ရှားမှု” စက္ကူဖြူစာတမ်းအား ထုတ်ပြန်ခဲ့သည်။
စက္ကူဖြူစာတမ်း၌ အမှာစာနှင့် နိဂုံးချုပ်အပြင် အပိုင်း ၆ ပိုင်းပါဝင်ရာ ၎င်းတို့မှာ ကာဗွန်ထုတ်လွှတ်မှု အမြင့်ဆုံးမှ ပြန်လည်လျှော့ချရေးနှင့် မျှခြေအဆင့် ရောက်ရှိရေးအား ခိုင်မြဲစွာ မမှိတ်မသုန် တွန်းအားပေးခြင်း၊ စွမ်းအင် အစိမ်းရောင်ကာဗွန်နည်းအသွင်ပြောင်းမှုတွင် သိသာထင်ရှားသောအောင်မြင်မှုရလဒ်များ ဆွတ်ခူးရရှိခြင်း၊ အဓိကကဏ္ဍများ ကာဗွန်နည်းဖွံ့ဖြိုးတိုးတက်မှုကို နက်ရှိုင်းစွာတွန်းအားပေးဖော်ဆောင်ခြင်း၊ အဓိကကာဗွန်ထုတ်လွှတ်မှု လျှော့ချခြင်းနည်းလမ်းများ ဘက်စုံအကောင်အထည်ဖော်၍ ရလဒ်ရရှိခြင်း၊ ထောက်ကန်အာမခံပေးသည့်စနစ်အား အဆက်မပြတ်ခိုင်မြဲစေခြင်း၊ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု စီမံခန့်ခွဲမှုအတွက် အားကောင်းသောစွမ်းအား ဖြည့်တင်းပေးခြင်း တို့ပင်ဖြစ်သည်။
ကာဗွန်ထုတ်လွှတ်မှု အမြင့်ဆုံးမှ ပြန်လည်လျှော့ချရေးနှင့် မျှခြေအဆင့် ရောက်ရှိရေး ဖော်ဆောင်ခြင်းသည် တရုတ်နိုင်ငံက လူသားမျိုးနွယ်ယဉ်ကျေးမှုအပေါ် တာဝန်ယူသည့်အမြင့်မှ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအား ဖော်ဆာင်ခြင်းဟူသည့် အတွင်းပိုင်းတောင်းဆိုချက်ကို အခြေခံ၍ လုပ်ဆောင်သည့် အရေးကြီး ဆုံးဖြတ်ချက်နှင့် ဖြန့်ကြက်နေရာချထားမှုဖြစ်ကြောင်း စက္ကူဖြူစာတမ်း၌ အလေးထားဖော်ပြထားသည်။ ကာဗွန်ထုတ်လွှတ်မှု အမြင့်ဆုံးမှ ပြန်လည်လျှော့ချရေးနှင့် မျှခြေအဆင့် ရောက်ရှိရေး ဟူသည့် အရေးကြီးကြေညာချက် လုပ်ဆောင်ခဲ့သည့် ၅ နှစ်တာကာလအတွင်း တရုတ်နိုင်ငံက စိမ်းလန်းစိုပြေသော တောတောင်ရေမြေသည် ရွှေတောင်ငွေတောင်ဖြစ်သည် ဟူသော အယူအဆကို ခိုင်မြဲစွာဖော်ဆောင်၍ လက်တွေ့ကျင့်သုံးပြီး အားကောင်းသောလှုပ်ရှားမှုများ လုပ်ဆောင်ခြင်း၊ ခက်ခဲကြမ်းတမ်းသော ကြိုးပမ်းမှုများပေးဆပ်ခြင်း တို့ဖြင့် အစိမ်းရောင် ကာဗွန်နည်းအသွင်ပြောင်းမှု သမိုင်းဝင်အောင်မြင်မှုရရှိရန် တွန်းအားပေးခဲ့သည်ဟု စာတမ်းတွင် အလေးထားဖော်ပြထားသည်။
စွမ်းအင်လှုပ်ရှားမှုသည် ကာဗွန်ထုတ်လွှတ်မှု၏ အဓိကအရင်းအမြစ်ဖြစ်ပြီး၊ စွမ်းအင် အစိမ်းရောင် ကာဗွန်နည်းအသွင်ပြောင်းမှုသည် ကာဗွန်ထုတ်လွှတ်မှု အမြင့်ဆုံးမှ ပြန်လည်လျှော့ချရေးနှင့် မျှခြေအဆင့် ရောက်ရှိရေးအား ဖော်ဆောင်သည့် အဓိကအချက်ပင်ဖြစ်ကြောင်း စက္ကူဖြူစာတမ်းက ထောက်ပြထားသည်။ တရုတ်နိုင်ငံ နိုင်ငံရေးအခြေခံအခြေအနေနှင့် ဖွံ့ဖြိုးတိုးတက်မှုအဆင့်ကို အခြေပြုကာ စွမ်းအင်ဖူလုံမှုအား အာမခံပေးနိုင်သည့် အခြေအနေတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များဖြင့် အစားထိုးမှုကို အင်တိုက်အားတိုက် ဖော်ဆောင်ပြီး စွမ်းအင်စနစ်အသွင်သစ်နှင့် လျှပ်စစ်ဓာတ်အားစနစ် အသွင်သစ် တည်ဆောက်မှုကို တွန်းအားပေးခဲ့ရာ “ကာဗွန်ကဏ္ဍ ရည်မှန်းချက်နှစ်ရပ်”အား အကောင်အထည်ဖော်ရန်အတွက် အားကောင်းသော ကျားကန်မှု ပံ့ပိုးပေးလိုက်သည်ဟု စာတမ်းက ဆိုထားသည်။
စွမ်းအင်ချွေတာခြင်းသည် ကာဗွန်ထုတ်လွှတ်မှုကို အရင်းအမြစ်မှ လျှော့ချရန် အရေးကြီးလက်ကိုင်ဖြစ်ပြီး လည်ပတ်နေသောစီးပွားရေးသည် ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးအတွက် အရေးကြီးမြှင့်တင်မှု အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ ဂေဟစနစ်ကာဗွန်စုစည်းမှုသည် ကာဗွန်ထုတ်လွှတ်မှုလျှော့ချ၍ ထိန်းသိမ်းခြင်းအား ဖော်ဆောင်ရန် အရေးကြီးလမ်းကြောင်းဖြစ်သည်ဟု စက္ကူဖြူစာတမ်းတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံအနေဖြင့် စွမ်းအင်ချွေတာခြင်း၊ ကာဗွန်လျှော့ချခြင်း၊ ထိရောက်မှုမြှင့်တင်ခြင်း လှုပ်ရှားမှု၊ လည်ပတ်နေသောစီးပွားရေးဖြင့် ကာဗွန်လျှော့ချရေးကို အားဖြည့်ခြင်းလှုပ်ရှားမှု၊ ကာဗွန်စုစည်းမှုစွမ်းရည် ခိုင်မြဲခြင်းနှင့် မြှင့်တင့်ခြင်းလှုပ်ရှားမှုတို့ကို ထဲထဲဝင်ဝင်ဆောင်ရွက်ခဲ့ရာ အားတက်ဖွယ် ရလဒ်များ ရရှိခဲ့ကြောင်း စာတမ်းက ဆိုထားသည်။
ရာသီဥတုပြောင်းလဲမှုသည် လူမျိုးနွယ်တစ်ရပ်လုံး ရင်ဆိုင်နေရသည့် ဘုံစိန်ခေါ်မှုဖြစ်ပြီး တစ်ကမ္ဘာလုံးက ကျယ်ကျယ်ပြန့်ပြန့်ပါဝင်ရန်၊ အတူတကွလှုပ်ရှားရန် လိုအပ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုဝါဒအား ခိုင်မာစွာ ကာကွယ်ထိန်းသိမ်း၍ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအား မြှင့်တင်ပြီး တရုတ်နိုင်ငံ အယူအဆနှင့် လက်တွေ့ကျင့်သုံးမှုဖြင့် တစ်ကမ္ဘာလုံး ရာသီဥတု စီမံခန့်ခွဲမှု အခင်းအကျင်းအသစ်အား ဦးဆောင်ခဲ့ကြောင်း စက္ကူဖြူစာတမ်းက အလေးထားပြောကြားခဲ့သည်။
အနာဂတ်အား မျက်နှာမူရာတွင် တရုတ်နိုင်ငံသည် နိုင်ငံတကာအသိုက်အဝန်းနှင့်အတူ ဂေဟယဉ်ကျေးမှု အခြေခံအုတ်မြစ်အား အတူတည်ဆောက်ရန်၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းအား အတူလျှောက်လှမ်းရန်၊ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုစိန်ခေါ်မှုများကို လက်တွဲရင်ဆိုင်ရန်၊ အစိမ်းရောင်ကမ္ဘာမြေမိသားစုဥယျာဉ်အား ကောင်းမွန်စွာ စောင့်ရှောက်ရန်၊ ပိုမိုသန့်ရှင်းသော၊ သာယာလှပသော ကမ္ဘာမြေကြီးအား တည်ဆောက်သွားရန် ကြိုးပမ်းလိုကြောင်း စာတမ်း၌ ဖော်ပြထားသည်။ (Xinhua)

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် လုန်လီခရိုင်ရှိ လေအားလျှပ်စစ်ထုတ်လုပ်ရေး အဆောက်အဦများကို ၂၀၂၅ ခုနှစ် ဇူလိုင် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟဲပေပြည်နယ် ချင်ဟွမ်သောင်မြို့ ဖူနင်ခရိုင် ဖန်ထော်မြို့နယ်ရှိ ၂၀ မဂ္ဂါဝပ် “စိုက်ပျိုးရေးနှင့် အလင်းရောင် အပြန်အလှန်ဖြည့်စွက်မှု” နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားပေးကွင်းအား ၂၀၂၅ ခုနှစ် မေ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
———————
(Chinese Version)
碳达峰碳中和的中国行动白皮书丨国务院新闻办公室发布《碳达峰碳中和的中国行动》白皮书
新华社北京11月8日电(记者魏玉坤、高敬)国务院新闻办公室8日发布《碳达峰碳中和的中国行动》白皮书。
白皮书除前言、结束语外分为六个部分,分别是坚定不移推进碳达峰碳中和、能源绿色低碳转型取得显著成效、重点领域低碳发展深入推进、重点降碳路径全面落地见效、支撑保障体系不断夯实、为全球气候治理注入强大动力。
白皮书强调,实现碳达峰碳中和,是中国站在对人类文明负责的高度,基于实现可持续发展的内在要求作出的重大决策部署。作出碳达峰碳中和重大宣示五年来,中国牢固树立和践行绿水青山就是金山银山的理念,采取有力行动、付出艰苦努力,推动绿色低碳转型取得历史性成就。
白皮书指出,能源活动是碳排放的最主要来源,能源绿色低碳转型是实现碳达峰碳中和的关键。中国立足基本国情和发展阶段,在保障能源安全的前提下,大力实施可再生能源替代,推进新型能源体系和新型电力系统建设,为实现“双碳”目标提供有力支撑。
白皮书说,节能是从源头减少碳排放的重要抓手,循环经济对碳减排具有重要促进作用,生态系统碳汇是实现减排固碳的重要途径。中国深入实施节能降碳增效行动、循环经济助力降碳行动、碳汇能力巩固提升行动,取得积极成效。
白皮书强调,气候变化是全人类面临的共同挑战,需要全球广泛参与、共同行动。中国坚定维护多边主义、推动国际合作,以中国理念和实践引领全球气候治理新格局。面向未来,中国愿与国际社会一道,同筑生态文明之基,同走绿色发展之路,携手应对全球气候挑战,守护好绿色地球家园,建设更加清洁、美丽的世界。(完)
1、这是8月5日拍摄的浙江省杭州市余杭区径山村茶山(无人机照片)。新华社记者 毛竹 摄
2、位于龙里县的风力发电设施(7月4日摄,无人机照片)。
新华社记者 陶亮 摄
3、5月29日拍摄的秦皇岛市抚宁区坟坨镇20兆瓦“农光互补”光伏发电场(无人机照片)新华社记者 杨世尧 摄
