Connect with us

China

တရုတ်နိုင်ငံအနေဖြင့် အဓိကကဏ္ဍများတွင် ကာဗွန်လျော့နည်းတိုးတက်ရေးကို ထဲထဲဝင်ဝင် တွန်းအားပေးဆောင်ရွက်မည်ဟု စက္ကူဖြူစာတမ်း ဖော်ပြ

တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် လျန်ယွင်ကန် ဆိပ်ကမ်း တုန်းဖောင်းဆိပ်ကမ်းရေးရာကုမ္ပဏီခွဲတွင် ပြည်ပသို့ ပို့ဆောင်မည့်မော်တော်ယာဉ်များအား သင်္ဘောတင်နေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် အဓိကကဏ္ဍများတွင် ကာဗွန်လျော့နည်းတိုးတက်ရေးကို ထဲထဲဝင်ဝင် တွန်းအားပေးဆောင်ရွက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးက နိုဝင်ဘာ ၈ ရက်တွင် ထုတ်ပြန်သည့် “ကာဗွန်ထုတ်လွှတ်မှု အမြင့်ဆုံးမှ ပြန်လည်လျှော့ချရေးနှင့် မျှခြေအဆင့် ရောက်ရှိရေးအတွက် တရုတ်နိုင်ငံလှုပ်ရှားမှု” စက္ကူဖြူစာတမ်း၌ ဖော်ပြထားသည်။
တရုတ်နိုင်ငံက ကာဗွန်ထုတ်လွှတ်မှု အမြင့်ဆုံးမှ ပြန်လည်လျှော့ချရေးနှင့် မျှခြေအဆင့် ရောက်ရှိရေးကို စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု အခင်းအကျင်းတစ်ရပ်လုံးတွင် ထည့်သွင်းပြီး အစိမ်းရောင် ကာဗွန်လျော့နည်းထုတ်လုပ်မှုပုံစံ၊ နေထိုင်မှုပုံစံကို အရှိန်မြှင့်တင် တည်ဆောက်ကာ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ကြွသည့် အစိမ်းရောင်စွမ်းအင်ကို ဖြည့်တင်းလျက်ရှိသည်။

စက်မှုလုပ်ငန်း၊ လမ်းပန်းဆက်သွယ်ရေး၊ အဆောက်အဦ၊ လူနေမှုဘဝ တို့သည် ကာဗွန်ထုတ်လွှတ်သည့် အဓိကကဏ္ဍများဖြစ်ပြီး ကာဗွန်ထုတ်လွှတ်မှု အမြင့်ဆုံးမှ ပြန်လည်လျှော့ချရေးနှင့် မျှခြေအဆင့် ရောက်ရှိရေးကို ဖော်ဆောင်ရာတွင် အရေးကြီးသည့် သက်ရောက်မှုများရှိကြောင်း စက္ကူဖြူစာတမ်းက ဆိုသည်။

တရုတ်နိုင်ငံက သမားရိုးကျထုတ်လုပ်မှုလုပ်ငန်းနှင့် ထွန်းသစ်စထုတ်လုပ်မှုလုပ်ငန်းများ ဟန်ချက်ညီစွာ ဆန်းသစ်ရေး၊ ပေါင်းစပ်ဖွံ့ဖြိုးရေးကို အားသွန်ခွန်စိုက် မြှင့်တင်ဆောင်ရွက်လျက်ရှိသလို ကုန်ထုတ်လုပ်မှုလုပ်ငန်း ဖွဲ့စည်းပုံကောင်းမွန်အောင် အဆင့်မြှင့်တင်ခြင်းကို အားထုတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အစိမ်းရောင်ကာဗွန်လျော့နည်း ကုန်ထုတ်လုပ်မှုလုပ်ငန်း တိုးတက်ရေးကို အင်တိုက်အားတိုက် တွန်းအားပေးကာ ကုန်ထုတ်လုပ်ငန်း အစိမ်းရောင်ကာဗွန်လျော့နည်း အသွင်ပြောင်းရေးအဆင့်ကို စဉ်ဆက်မပြတ်မြှင့်တင်လျက်ရှိကြောင်း စက္ကူဖြူစာတမ်းတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် စွမ်းအင်သုံးစွဲမှုမြင့်မားသော၊ ကာဗွန်ထုတ်လွှတ်မှုမြင့်မားသော၊ အဆင့်နိမ့်သော စီမံကိန်းများအား မျက်စိမှိတ်ဖော်ဆောင်ခြင်းကို အခိုင်အမာတားဆီးလျက်ရှိသလို အဓိကလုပ်ငန်းများ၏ ပတ်ဝန်းကျင်၊ စွမ်းအင်အသုံးပြုခြင်း၏ထိရောက်မှု၊ ရေအသုံးပြုခြင်း၏ ထိရောက်မှုနှင့် ကာဗွန်ထုတ်လွှတ်မှု စသည့် စည်းနှောင်မှု စံချိန်စံညွှန်းများကို စဉ်ဆက်မပြတ် အသစ်မြှင့်တင်ခြင်း၊ ခေတ်နောက်ကျသည့် ကုန်ထုတ်စွမ်းအားများကို ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆက်လက်ဖယ်ရှားခြင်း၊ အဓိကလုပ်ငန်းများတွင် အစိမ်းရောင်ကာဗွန်လျော့နည်းစေရန် အဆင်မြှင့်တင်မှုကို တွန်းအားပေးခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံသည် အစိမ်းရောင် ကာဗွန်လျော့နည်းသော စီးပွားတိုးတက်မှု စမှတ်များကို စဉ်ဆက်မပြတ် တည်ဆောက်ကာ စီးပွားရေး စုစုပေါင်းပမာဏတွင် အစိမ်းရောင် ကာဗွန်လျော့နည်းသော ကုန်ထုတ်လုပ်ငန်းများ၏ ပါဝင်သော အချိုးအစားကို အဆက်မပြတ် မြှင့်တင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံက ဒစ်ဂျစ်တယ်အသွင်ပြောင်းမှုကို အရင်းအမြစ်ထိရောက်မှုနှုန်းမြှင့်တင်ရေး၊ ပတ်ဝန်းကျင်ကောင်းကျိုးသက်ရောက်မှု တိုးမြှင့်ရေး စသည်တွင် ပါဝင်သည့် အပြုသဘောအခန်းကဏ္ဍကို တက်ကြွစွာ အသုံးချလျက်ရှိသလို လျှပ်စစ်ဓာတ်အားစနစ်၊ စက်မှုနှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ထုတ်လုပ်ရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး၊ အဆောက်အဦ တည်ဆောက်လည်ပတ်ရေး စသည့်ကဏ္ဍများ၌ ဉာဏ်ရည်တု (AI) ၊ Big Data ၊ Cloud Computing စသည်တို့အားအသုံးချမှုကို နက်ရှိုင်းအောင် ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါစာတမ်းတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံက ကာဗွန်နည်း သယ်ယူပို့ဆောင်ရေးကိရိယာစက်ပစ္စည်းများကို တိုးတက်အောင် အင်တိုက်အားတိုက် ကြိုးပမ်းလျက်ရှိပြီး သယ်ယူပို့ဆောင်ရေးဖွဲ့စည်းပုံကို ကောင်းမွန်အောင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ လုံခြုံမှု၊ အဆင်ပြေလွယ်ကူမှု၊ ထိရောက်ခြင်းမြင့်မားမှု၊ အစိမ်းရောင်ဖြစ်မှု၊ ကုန်ကျစရိတ်သက်သာမှုရှိသော ခေတ်မီအသွင် ဘက်စုံသယ်ယူပို့ဆောင်ရေးစနစ် ဖြစ်တည်ရန် အရှိန်မြှင့်တင်လုပ်ဆောင်လျက်ရှိကြောင်း စက္ကူဖြူစာတမ်းတွင် ထောက်ပြခဲ့သည်။

တရုတ်နိုင်ငံသည် စွမ်းအင်သစ်သုံးမော်တော်ယာဉ်များကို ကျယ်ပြန့်အောင် အရှိန်မြှင့်လုပ်ဆောင်လျက်ရှိရာ ကမ္ဘာတစ်ဝန်း အလျင်မြန်ဆုံး၊ ပမာဏအကြီးမားဆုံးသော စွမ်းအင်သစ်သုံးမော်တော်ယာဉ် ကျယ်ပြန့်စွာ အသုံးချမှုကို ဖော်ဆောင်နိုင်ခဲ့သလို ရထားလမ်း လျှပ်စစ်ဓာတ်အားသုံးအသွင်ပြောင်းမှု (Electrification) အဆင့်သည် ကမ္ဘာ့ဦးဆောင်နေရာတွင် ရှိကြောင်း၊ ရေယာဉ်သင်္ဘော၊ မိုးပျံယာဉ်များတွင် သန့်ရှင်းစွမ်းအား အသုံးပြုမှုကို တွန်းအားပေးလျက်ရှိသလို အဓိကဒေသတွင်း၊ အဓိကရေကြောင်းလမ်း၊ အဓိကသင်္ဘောဆိုက်ကပ်ရာဆိပ်ကမ်းများတွင် ကမ်းရိုးတန်းဓာတ်အား (Shore power) အသုံးပြုရေးကို ထဲထဲဝင်ဝင် တွန်းအားပေးဆောင်ရွက်လျက်ရှိသလို အရပ်ဘက်လေကြောင်းလေဆိပ်များအတွင်း လျှပ်စစ်ဓာတ်အားအသွင်ပြောင်းမှုအဆင့်သည် ကမ္ဘာ့ဦးဆောင်နေရာတွင် ရှိကြောင်း၊ တစ်ချိန်တည်းတွင် တရုတ်နိုင်ငံ၏ လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးဖွဲ့စည်းပုံကို ကောင်းမွန်အောင် စဉ်ဆက်မပြတ်ချိန်ညှိလျက်ရှိသလို အစိမ်းရောင် လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အဦများကို အဆက်မပြတ် အဆင့်မြှင့်တင်လျက်ရှိကြောင်း ၎င်းစာတမ်းတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် မြို့ပြနှင့်ကျေးလက် တည်ဆောက်ရေးပုံစံ အသွင်ပြောင်းမှုအရှိန်ကို တိုးမြှင့်ပြီး မြို့ပြနှင့် ကျေးလက် တည်ဆောက်ရေး အစိမ်းရောင် ကာဗွန်နည်းဖွံ့ဖြိုးတိုးတက်မှုအဆင့်နှင့် လူနေထိုင်မှုအရည်အသွေးကို စဉ်ဆက်မပြတ် မြှင့်တင်လျက်ရှိကြောင်း၊ မြို့ပြနှင့်ကျေးလက် တည်ဆောက်ရေးကဏ္ဍ ကာဗွန်နည်းအသွင်ပြောင်းမှု ခြေလှမ်းများ ပိုမိုမြန်ဆန်လာရာ အဆောက်အဦ စွမ်းရည်ထိရောက်မှုအဆင့်သည် များစွာ တိုးတက်လာပြီး အဆောက်အဦ စွမ်းအင်သုံးစွဲမှုသည် နေ့စဉ်နှင့်အမျှ သန့်ရှင်းသောအသွင်၊ ကာဗွန်လျော့နည်းသောအသွင်သို့ ပြောင်းလဲလျက်ရှိကြောင်း စက္ကူဖြူစာတမ်းက ဖော်ပြထားသည်။

အစိမ်းရောင် ကာဗွန်လျော့နည်းရေး ပြည်သူတစ်ရပ်လုံးလှုပ်ရှားမှုကို တရုတ်နိုင်ငံက နက်ရှိုင်းစွာ ဖော်ဆောင်လျက်ရှိရာ လွယ်ကူ၍ သင့်လျော်သော၊ အစိမ်းရောင်ဖြစ်၍ ကာဗွန်လျော့နည်းသော၊ ယဉ်ကျေးမှုနှင့်အတူ ကျန်းမာသော နေထိုင်မှုပုံစံများကို လူအများက မိမိဆန္ဒဖြင့် အလိုအလျောက် ရွေးချယ်လာကြကြောင်းလည်း စက္ကူဖြူစာတမ်းက ထောက်ပြထားသည်။ (Xinhua)

တရုတ်နိုင်ငံ ရှင်းကျန်းဒေသ အားလက်ထိုက်ဒေသခွဲ ကျီမုနိုင်ခရိုင်တွင် ၅၀၀,၀၀၀ ကီလိုဝပ်နာရီ လေအားလျှပ်စစ်စီမံကိန်းအတွက် တွဲဖက်ဓာတ်အားလိုင်း တည်ဆောက်ရေးလုပ်ငန်းခွင်အား ၂၀၂၅ ခုနှစ် ဇူလိုင် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ထျန်းကျင်းမြို့ ရှီးချင်းခရိုင် ဝမ်ဝန်ကျွမ်းမြို့နယ်ရှိ စပါးစိုက်ခင်းရှုမြင်ကွင်းအား ၂၀၂၅ ခုနှစ် ဇူလိုင် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————
(Chinese Version)
碳达峰碳中和的中国行动白皮书丨白皮书:中国重点领域低碳发展深入推进
新华社北京11月8日电(记者高敬、魏玉坤)国务院新闻办公室8日发布的《碳达峰碳中和的中国行动》白皮书显示,中国重点领域低碳发展深入推进。中国把碳达峰碳中和纳入经济社会发展全局,加快构建绿色低碳生产方式、生活方式,为高质量发展注入澎湃绿色动能。
白皮书称,工业、交通、建筑、居民生活是产生碳排放的重要领域,对实现碳达峰碳中和具有重要影响。
白皮书显示,中国大力促进传统产业与新兴产业协同创新、融合发展,着力优化升级产业结构,大力推进绿色低碳产业发展,产业绿色低碳化水平持续提升。中国坚决遏制高耗能、高排放、低水平项目盲目上马,持续更新重点行业环境、能效、水效和碳排放等约束性标准,持续依法依规淘汰落后产能,推动重点行业绿色低碳升级。中国持续打造绿色低碳经济增长点,绿色低碳产业在经济总量中的比重不断提升。中国积极发挥数字化在提升资源效率、增进环境效益等方面的积极作用,深化人工智能、大数据、云计算等在电力系统、工农业生产、交通运输、建筑建设运行等领域应用。
白皮书指出,中国大力发展低碳运输工具装备,持续优化运输结构,安全、便捷、高效、绿色、经济的现代化综合交通体系加快形成。中国加速推广新能源汽车,实现了全球速度最快、规模最大的新能源汽车推广应用;铁路电气化水平世界领先;推动船舶、航空器采用清洁动力;深入推进重点区域、重点航线、重点船舶靠港使用岸电;民航机场场内电动化水平全球领先。同时,中国交通运输结构持续调整优化,绿色交通基础设施不断升级。
白皮书说,中国加快转变城乡建设方式,城乡建设绿色低碳发展水平和人居品质不断提升。城乡规划建设低碳转型步伐加快,建筑能效水平大幅提高,建筑用能日趋清洁化低碳化。
白皮书还指出,中国深入实施绿色低碳全民行动,简约适度、绿色低碳、文明健康的生活方式成为更多人的自觉选择。(完)
1. 10月14日,在江苏省连云港港东方港务分公司码头,滚装轮装载汽车准备外运(无人机照片)。新华社发(王春摄
2. 在新疆阿勒泰地区吉木乃县拍摄的50万千瓦时风电项目配套输电线路建设现场(7月1日摄,无人机照片)。新华社发(努尔别克·努尔曼 摄)
3. 这是7月22日拍摄的天津市西青区王稳庄镇的水稻田一景(无人机照片)。新华社记者 李然 摄