China
တရုတ်နိုင်ငံက နိုင်ငံတကာ အားကစားစင်မြင့်တွင် စင်စစ်အားဖြင့် အင်အားကြီးနိုင်ငံဖြစ်သည်ဟု နိုင်ငံတကာ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ Kirsty Coventry ပြောကြား
ကွမ်ကျိုး၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)
၁၅ ကြိမ်မြောက် အမျိုးသားအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသည် အတိုင်းထက်အလွန် ခမ်းနားသိုက်မြိုက်လှပြီး အမျိုးသားအားကစားပွဲ၏ တစ်မူထူးခြားသည့် ဆွဲဆောင်မှုရှိရာ တရုတ်နိုင်ငံသည် နိုင်ငံတကာအားကစားစင်မြင့်တွင် နာမည်ဂုဏ်ပုဒ်နှင့်ကိုက်ညီသည့် အင်အားကြီးနိုင်ငံဆိုသည်မှာ ယုံမှားသံသယဖြစ်ဖွယ်မရှိဟု တရုတ်နိုင်ငံသို့ လာရောက်၍ အဆိုပါအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည့် နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) ဥက္ကဋ္ဌ Kirsty Coventry က နိုဝင်ဘာ ၉ ရက် ညပိုင်းတွင် ပြောကြားခဲ့သည်။
၁၅ ကြိမ်မြောက် အမျိုးသားအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၉ ရက် ညပိုင်းက ကွမ်တုန်းအိုလံပစ်အားကစားစင်တာတွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့သည်။
“ဒါက အတိုင်းထက်အလွန် ခမ်းနားသိုက်မြိုက်လှတဲ့ အမျိုးသားအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားပါ” ၊ “ဒီဖွင့်ပွဲမှာ ယဉ်ကျေးမှု၊ သိပ္ပံနည်းပညာနဲ့ အားကစား အကြောင်းအရာတွေကို ပြီးပြည်စုံစွာ ပေါင်းစပ်ထားတယ်” ဟု Kirsty Coventry က ဖွင့်ပွဲအခမ်းအနားအားကြည့်ရှုပြီးနောက် အခမ်းအနားကျင်းပရာနေရာတွင်ပင် ဆင်ဟွာသတင်းထောက်အား ပြောကြားခဲ့သည်။
ယခုအမျိုးသားအားကစားပြိုင်ပွဲသည် ပထမဆုံးအကြိမ်အဖြစ် ကွမ်တုန်း-ဟောင်ကောင်-မကာအို ဒေသသုံးခု ပူးတွဲကျင်းပခြင်း ဖြစ်သည်။ ပြိုင်ပွဲတွင် ယှဉ်ပြိုင်မှုအားကစားပြိုင်ပွဲ အစီအစဉ်ကြီး ၃၄ ခု၊ အစီအစဉ်ငယ် ၄၁၉ ခု၊ လူထုအားကစားပြိုင်ပွဲ အစီအစဉ်ကြီး ၂၃ ခု အစီအစဉ်ငယ် ၁၆၆ ခု ရှိသည်။
ယခုအကြိမ် အမျိုးသားအားကစားပြိုင်ပွဲတွင် အသက်အပိုင်းအခြား အမျိုးမျိုးရှိသော တရုတ်အားကစားသမား တစ်သောင်းကျော် စုစည်းခဲ့ကြောင်း၊ ပြိုင်ပွဲများ၏ တစ်မူထူးခြားသည့်ဆွဲဆောင်မှုက အင်အားကြီးမားသည့် စုပေါင်းအင်အားကို တည်ဆောက်ခဲ့ကြောင်း Kirsty Coventry က ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံက နိုင်ငံတကာအားကစားစင်မြင့်မှာ စင်စစ်အားဖြင့် အင်အားကြီးနိုင်ငံဖြစ်တယ်ဆိုတာ ယုံမှားသံသယဖြစ်ဖွယ်မရှိဘူး” ဟု ၎င်းက ချီးမွမ်းပြောဆိုခဲ့သည်။
Kirsty Coventry သည် ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်၍ နိုဝင်ဘာ ၈ ရက်မှ ၁၃ ရက်အထိ တရုတ်နိုင်ငံသို့ ခရီးစဉ်လာရောက်ခြင်းဖြစ်ရာ ယင်းကာလတွင် ကွမ်တုန်း၊ အတွင်းမွန်ဂိုလီးယား၊ ကျဲ့ကျန်းနှင့် ပေကျင်းသို့ သွားရောက်မည် ဖြစ်သည်။ ယင်းမှာ ယခုနှစ် ဇွန်လတွင် နိုင်ငံတကာအိုလံပစ်ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်သည့်အချိန်မှစ၍ ၎င်းအနေဖြင့် ပထမဆုံးအကြိမ် တရုတ်နိုင်ငံသို့ ခရီးစဉ်လာရောက်ခြင်း ဖြစ်သည်။ (Xinhua)

၁၅ ကြိမ်မြောက် အမျိုးသားအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ကွမ်တုန်းပြည်နယ် အားကစားကိုယ်စားလှယ်အဖွဲ့၊ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အားကစားကိုယ်စားလှယ်အဖွဲ့နှင့် မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ အားကစားကိုယ်စားလှယ်အဖွဲ့များ ဖွင့်ပွဲအခမ်းအနားကျင်းပရာနေရာသို့ အတူတကွ ဝင်ရောက်လာသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

၁၅ ကြိမ်မြောက် အမျိုးသားအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ကွမ်တုန်းပြည်နယ် အားကစားကိုယ်စားလှယ်အဖွဲ့၊ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အားကစားကိုယ်စားလှယ်အဖွဲ့နှင့် မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ အားကစားကိုယ်စားလှယ်အဖွဲ့များ ဖွင့်ပွဲအခမ်းအနားကျင်းပရာနေရာသို့ အတူတကွ ဝင်ရောက်လာသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————–
(Chinese Version)
全运会 | 国际奥委会主席考文垂:中国是国际体坛真正的强国
新华社广州11月9日电(记者姬烨 董意行)来华出席第十五届全国运动会开幕式的国际奥委会主席考文垂9日晚表示,这场开幕式精彩绝伦,全运会具有独特的魅力,中国无疑是国际体坛名副其实的强国。
十五运会开幕式9日晚在广东奥林匹克体育中心隆重举行。“这是一场精彩绝伦的全运会开幕式。”考文垂在现场观看开幕式后向新华社记者表示,“这场开幕式完美融合了文化、科技与体育元素。”
这是全国运动会首次由粤港澳三地联合举办。赛事共设竞技比赛项目34个大项419个小项、群众赛事活动23个大项166个小项。
考文垂表示,本届全运会汇聚了中国多个年龄段的上万名运动员,赛事的独特魅力铸就了强大的凝聚力。她称赞“中国无疑是国际体坛真正的强国”。
考文垂于11月8日至13日率团访华,期间将访问广东、内蒙古、浙江和北京。这是她今年6月就任国际奥委会主席以来首次到访中国。(完)
1. 11月9日,主火炬被点燃。 当日,第十五届全国运动会开幕式在广东奥林匹克体育中心举行。 新华社记者 雒圆 摄
2. 11月9日,广东省体育代表团、香港特别行政区体育代表团和澳门特别行政区体育代表团在入场仪式上共同入场。 当日,第十五届全国运动会开幕式在广东奥林匹克体育中心举行。 新华社记者 卢汉欣 摄
