Connect with us

China

ရှီကျင့်ဖိန်နှင့် ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဖိတ်ကြားချက်အရ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ နှင့် တောင်ကိုရီးယားနိုင်ငံ ဂယောင်းဂျူမြို့၌ ကျင်းပသော ၃၂ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေးသို့ တက်ရောက်စဉ်အတွင်း ဒေသစံတော်ချိန် အောက်တိုဘာ ၃၁ ရက် ညနေပိုင်းတွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ဂယောင်းဂျူ၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဖိတ်ကြားချက်အရ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိနှင့် တောင်ကိုရီးယားနိုင်ငံ ဂယောင်းဂျူမြို့၌ ကျင်းပသော ၃၂ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေးသို့ တက်ရောက်စဉ်ကာလ ဒေသစံတော်ချိန် အောက်တိုဘာ ၃၁ ရက် ညနေပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က တရုတ်-ဂျပန် နှစ်နိုင်ငံသည် ရေခြားဆက်စပ်နေရာ အပြန်အလှန်အားဖြင့် အရေးကြီးသည့် အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြောင်း၊ တရုတ်-ဂျပန် ဆက်ဆံရေး ရေရှည်ကောင်းမွန်တည်ငြိမ်စွာ တိုးတက်ရေးကို တွန်းအားပေးခြင်းသည် နှစ်နိုင်ငံပြည်သူနှင့် နိုင်ငံတကာအသိုက်အဝန်း၏ မျှော်လင့်ချက်နှင့် ကိုက်ညီကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံနှင့်အတူ တရုတ်-ဂျပန် နိုင်ငံရေးစာရွက်စာတမ်း ၄ ခု၌ အတည်ပြုထားသည့် အခြေခံမူနှင့် ဦးတည်ချက်များအရ နှစ်ဖက်ဆက်ဆံမှု နိုင်ငံရေးအခြေခံကို ကာကွယ်ထိန်းသိမ်းရန်၊ မဟာဗျူဟာအပြန်အလှန်အကျိုးဖြစ်ထွန်းမှုဆက်ဆံရေးကို မြှင့်တင်ရန်၊ ခေတ်သစ်ကာလနှင့်လျော်ညီသည့် အပြုသဘောဆောင်သော၊ တည်ငြိမ်သော တရုတ်-ဂျပန်ဆက်ဆံရေးကို အားထားတည်ဆောက်ရန် ဆန္ဒရှိကြောင်း ထောက်ပြ ပြောကြားခဲ့သည်။

လက်ရှိ တရုတ်-ဂျပန် ဆက်ဆံရေးသည် အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ ဒွန်တွဲတည်ရှိနေကြောင်း၊ ဂျပန်အစိုးရအဖွဲ့သစ်အနေဖြင့် တရုတ်နိုင်ငံအပေါ် မှန်ကန်သော အသိအမြင် ထားရှိရန်၊ တရုတ်-ဂျပန် ဆက်ဆံရေး တိုးတက်မှုအတွက် နှစ်နိုင်ငံ ယခင်မျိုးဆက်ဟောင်းနိုင်ငံရေးပညာရှင်များနှင့် နယ်ပယ်အသီးသီး လူပုဂ္ဂိုလ်များ၏ အားသွန်ခွန်စိုက် လုံလစိုက်ထုတ်ကြိုးပမ်းမှုများကို တန်ဖိုးထားရန်၊ တရုတ်-ဂျပန် ငြိမ်းချမ်းသော၊ ချစ်ကြည်ရင်းနှီးသော၊ ပူးပေါင်းဆောင်ရွက်သော ဦးတည်ချက်ကြီးဆီသို့ လက်ကိုင်ထားဆောင်ရွက်ရန် မျှော်လင့်ကြောင်း ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပထမအနေဖြင့် အရေးကြီးသဘောတူညီချက်များကို လိုက်နာစောင့်ထိန်းရမည် ဖြစ်ကြောင်း၊ “မဟာဗျူဟာမြောက် အပြန်အလှန်အကျိုးဖြစ်ထွန်းမှုဆက်ဆံရေးကို ဘက်စုံတွန်းအားပေးရန်”၊ “အပြန်အလှန်အားဖြင့် ခြိမ်းခြောက်မှုမပြုစေဘဲ ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်အဖြစ် ဆောင်ရွက်ရန်”၊ “သမိုင်းကို သင်ခန်းစာယူလေ့လာကာ အနာဂတ်ကို မျက်နှာမူရန်” စသည့် နိုင်ငံရေးသဘောတူညီချက်များကို လက်တွေ့ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ တရုတ်-ဂျပန် ဆက်ဆံရေး အခြေခံအုတ်မြစ် မထိခိုက်၊ မယိမ်းယိုင်စေရေး အာမခံနိုင်ရန် တရုတ်-ဂျပန် နိုင်ငံရေး စာရွက်စာတမ်း ၄ ခုတွင် သမိုင်း၊ ထိုင်ဝမ် စသည့် အရေးကြီးအခြေခံမူအရ အရေးကိစ္စများနှင့်စပ်လျဉ်း၍ အတိအလင်းဖော်ပြထားသော သတ်မှတ်ချက်များကို လိုက်နာစောင့်ထိန်းဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ “မူရာယာမ ပြောကြားချက် (Murayama Statement)” သည် ဂျပန်ကျူးကျော်သည့်သမိုင်းကို အလေးအနက်ပြန်လည်ဆင်ခြင်သုံးသပ်ကာ ထိခိုက်နစ်နာသည့် နိုင်ငံများကို ဝန်ချတောင်းပန်ထားခဲ့ကြောင်း၊ ယင်းစိတ်ဓာတ်သည် မြှင့်တင်ထိုက်ပါကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဒုတိယအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားကို အခိုင်အမာဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ ၂၀ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ စတုတ္ထအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးတွင် “၁၅ ကြိမ်မြောက် ၅ နှစ်စီမံကိန်း” တရုတ်နိုင်ငံ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကို ရေးဆွဲခဲ့ရာ တရုတ်-ဂျပန် ပူးပေါင်းဆောင်ရွက်မှုသည် ကျယ်ပြောသည့်အလားအလာရှိကြောင်း၊ တရုတ်-ဂျပန် နှစ်နိုင်ငံအနေဖြင့် အဆင့်မြင့်ကုန်ထုတ်လုပ်မှု၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေး၊ ဘဏ္ဍာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် သက်ကြီးရွယ်အိုစောင့်ရှောက်မှု၊ တတိယပါတီဈေးကွက် စသည့် ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ကာ နိုင်ငံပေါင်းစုံကုန်သွယ်ရေးစနစ်နှင့် ကုန်ထုတ်လုပ်ငန်းကွင်းဆက်၊ ထောက်ပံ့ရေးကွင်းဆက် တည်ငြိမ်ချောမွေ့ရေးကို အတူတကွ ကာကွယ်ထိန်းသိမ်းရမည်ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

တတိယအနေဖြင့် ပြည်သူချင်း စိတ်ချင်းဆက်နွှယ်မှုကို မြှင့်တင်ရမည် ဖြစ်ကြောင်း၊ အစိုးရ၊ နိုင်ငံရေးပါတီ၊ ဥပဒေပြုအဖွဲ့အစည်း စသည့် ညှိနှိုင်းဆွေးနွေးမှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရမည်ဖြစ်သလို လူမှုယဉ်ကျေးမှုနှင့် ဒေသန္တရဖလှယ်ရေးကို နက်ရှိုင်းအောင် ဆောင်ရွက်ကာ ပြည်သူများအကြားသံယောဇဉ်ကို ကောင်းမွန်အောင် လုပ်ဆောင်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

စတုတ္ထအနေဖြင့် နိုင်ငံပေါင်းစုံညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ရမည် ဖြစ်ကြောင်း၊ အိမ်နီးချင်း ချစ်ကြည်သင့်မြတ်ရေး၊ တန်းတူညီမျှ အပြန်အလှန်အကျိုးဖြစ်ထွန်းရေး၊ ပြည်တွင်းရေးအား အပြန်အလှန်စွက်ဖက်မှု မပြုရေး အခြေခံမူများကို လက်ကိုင်ထားကာ စစ်မှန်သော နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို လက်တွေ့ဖော်ဆောင်ပြီး အာရှ-ပစိဖိတ် အသိုက်အဝန်း တည်ဆောက်ရေးကို တွန်းအားပေးရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပဉ္စမအနေဖြင့် ကွဲလွဲမှုများကို သင့်လျော်ကောင်းမွန်စွာ စီမံထိန်းချုပ်ရမည်ဖြစ်ကြောင်း၊ ကြီးမားသည့် အခင်းအကျင်းကို အာရုံစိုက်ခြင်း၊ မတူကွဲပြားမှုများကို ထားရှိ၍ တူညီမှုများကို ရှာဖွေခြင်း၊ တူညီမှုများကို စုစည်း၍ မတူကွဲပြားမှုများကို ပြေလျော့စေခြင်း ပြုရမည် ဖြစ်သလို ပဋိပက္ခ မတူကွဲပြားမှုများဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို သတ်မှတ်ခြင်းမပြုရန် ရှောင်ရှားရမည် ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

ဆာနာအဲ တာကာအိချိက တရုတ်နိုင်ငံသည် ဂျပန်၏ အရေးကြီးသည့်အိမ်နီးချင်းနိုင်ငံဖြစ်ကြောင်း၊ ဂျပန်-တရုတ် နှစ်နိုင်ငံအနေဖြင့် ဒေသတွင်းနှင့် ကမ္ဘာကြီး ငြိမ်းချမ်းရေး၊ စည်ပင်ဝပြောရေးအပေါ် ကြီးမားသောတာဝန်ရှိကြောင်း ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ အဆင့်မြင့်အလွှာ ကူးလူးဖလှယ်မှုများကို ထိန်းသိမ်းထားရန်၊ အလွှာအသီးသီး ကူးလူးဖလှယ်မှုများ နီးကပ်စေရန်၊ ညှိနှိုင်းဆွေးနွေးမှုများကို အားဖြည့်ရန်၊ နားလည်မှုများ တိုးမြှင့်ရန်၊ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် နှစ်နိုင်ငံ မဟာဗျူဟာမြောက် အပြန်အလှန်အကျိုးဖြစ်ထွန်းစေသည့်ဆက်ဆံရေးကို အခိုင်အမာ တွန်းအားပေးဆောင်ရွက်ရန်၊ အပြုသဘောဆောင်သော တည်ငြိမ်သော ဂျပန်-တရုတ် ဆက်ဆံရေးကို တည်ဆောက်ရန် ဆန္ဒရှိကြောင်း၊ ထိုင်ဝမ်အရေးကိစ္စတွင် ဂျပန်နိုင်ငံသည် ၁၉၇၂ ခုနှစ် ဂျပန်-တရုတ် ပူးတွဲကြေညာချက်ပါ ရပ်တည်ချက်ကို အခိုင်အမာလက်ကိုင်ထားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို ချိုက်ချီ၊ ဝမ်ရိ စသည်တို့ တက်ရောက်ခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဖိတ်ကြားချက်အရ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ နှင့် တောင်ကိုရီးယားနိုင်ငံ ဂယောင်းဂျူမြို့၌ ကျင်းပသော ၃၂ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေးသို့ တက်ရောက်စဉ်အတွင်း ဒေသစံတော်ချိန် အောက်တိုဘာ ၃၁ ရက် ညနေပိုင်းတွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

——————
(Chinese Version)
习近平会见日本首相高市早苗
新华社韩国庆州10月31日电(记者乔继红 马卓言)当地时间10月31日下午,国家主席习近平在韩国庆州出席亚太经合组织第三十二次领导人非正式会议期间应约会见日本首相高市早苗。
习近平指出,中日两国一衣带水,互为重要近邻,推动中日关系长期健康稳定发展符合两国人民和国际社会普遍期待。中方愿同日方一道,按照中日四个政治文件确立的原则和方向,维护双边关系政治基础,推进战略互惠关系,致力于构建契合新时代要求的建设性、稳定的中日关系。
习近平强调,目前中日关系机遇和挑战并存。希望日本新内阁树立正确对华认知,珍视两国老一辈政治家和各界人士为发展中日关系倾注的心血和努力,坚持中日和平、友好、合作的大方向。一是恪守重要共识。把“全面推进战略互惠关系”、“互为合作伙伴、互不构成威胁”、“以史为鉴、面向未来”等政治共识落到实处。恪守和履行中日四个政治文件就历史、台湾等重大原则问题作出的明确规定,确保中日关系根基不受损、不动摇。“村山谈话”深刻反省日本侵略历史并向受害国道歉,这一精神值得弘扬。二是坚持合作共赢。中共二十届四中全会擘画了“十五五”中国发展蓝图,中日合作具有广阔空间。中日可以加强高端制造、数字经济、绿色发展、财政金融、医疗养老、第三方市场等方面合作,共同维护多边贸易体制和产业链供应链稳定畅通。三是促进民心相通。持续开展政府、政党、立法机构等沟通,深化拓展人文和地方交流,改善国民感情。四是加强多边协作。秉持睦邻友好、平等互利、互不干涉内政原则,践行真正的多边主义,推动构建亚太共同体。五是妥善管控分歧。着眼大局、求同存异、聚同化异,避免让矛盾分歧定义两国关系。
高市早苗表示,中国是日本的重要邻国,日中两国对地区和世界和平与繁荣负有重大责任。日方愿同中方保持高层交往,密切各层级交流,加强沟通、增进理解、促进合作,扎实推进两国战略互惠关系,构建建设性、稳定的日中关系。在台湾问题上,日本将坚持1972年日中联合声明中的立场。
蔡奇、王毅等参加。(完)
1. 当地时间10月31日下午,国家主席习近平在韩国庆州出席亚太经合组织第三十二次领导人非正式会议期间应约会见日本首相高市早苗。 新华社记者 丁林 摄