Connect with us

China

“ရှီကျင့်ဖိန်၏ စီးပွားရေးအတွေးအခေါ် အကျဉ်းချုပ်” စာအုပ် ပုံနှိပ်ထုတ်ဝေ

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် တရုတ်နိုင်ငံ ကွမ်ကျိုးမြို့တွင် ကွမ်တုန်းသိပ္ပံနည်းပညာဆန်းသစ်မှုနှင့်ကုန်ထုတ်လုပ်ငန်းဆန်းသစ်မှု ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုရလဒ်များအား စစ်ဆေးကြည့်ရှုနေသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၈ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

ရှီကျင့်ဖိန်၏ စီးပွားရေးအတွေးအခေါ်များကို သင်ရိုးညွှန်းတမ်း၊ စာသင်ခန်းနှင့် ဦးနှောက်ထဲတွင် ပါဝင်မှုကို မြှင့်တင်ရန်အလို့ငှာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေးဌာန၊ တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်တို့ စီစဉ်ရေးသားသော မာ့ခ်ဝါဒသီအိုရီသုတေသနနှင့် တည်ဆောက်ရေးစီမံကိန်းဆိုင်ရာ အဓိကပြဋ္ဌာန်းစာအုပ်ဖြစ်သည့် “ရှီကျင့်ဖိန်၏ စီးပွားရေးအတွေးအခေါ် အကျဉ်းချုပ်” ကို အဆင့်မြင့်ပညာပုံနှိပ်ထုတ်ဝေရေးဌာန (Higher Education Press)၊ ပြည်သူ့ပုံနှိပ်ထုတ်ဝေရေးဌာန (People’s Publishing House) တို့မှ ပုံနှိပ်ထုတ်ဝေခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ၁၈ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ညီလာခံမှစ၍ ရဲဘော် ရှီကျင့်ဖိန်အား ဗဟိုပြုသည့် ပါတီ ဗဟိုကော်မတီသည် တရုတ်အမျိုးသားတို့၏ မဟာပြန်လည်အားသစ်လောင်းရေး မဟာဗျူဟာအခင်းအကျင်းတစ်ရပ်လုံးနှင့် ကမ္ဘာကြီး ရာစုနှစ်အတွင်း မကြုံစဖူး အပြောင်းအလဲကြီးများကို အခြေပြုကာ အခြေအနေပြောင်းလဲမှုအသစ်များနှင့် အကောင်အထည်ဖော်ဆောင်မှုလိုအပ်ချက်သစ်များကို နက်ရှိုင်းစွာ လက်ကိုင်ထားကာ တရုတ်နိုင်ငံစီးပွားရေးတိုးတက်မှု လက်တွေ့ဖော်ဆောင်သည့်အတွေ့အကြုံကို စနစ်တကျ အနှစ်ချုပ်သုံးသပ်ပြီး အခြေအနေကြီးတစ်ရပ်လုံးကို ရှုမြင်မှု၊ အခင်းအကျင်းတစ်ရပ်လုံးကို စီမံမှု၊ လက်တွေ့လုပ်ငန်းဖော်ဆောင်မှု ပြုလုပ်ခဲ့သည်။ စီးပွားရေးလုပ်ငန်းများ၏နိယာမအပေါ် သိမြင်မှုများ စဉ်ဆက်မပြတ်နက်ရှိုင်းလာခြင်းနှင့်အတူ အယူအဆသစ်၊ အတွေးအခေါ်သစ်၊ မဟာဗျူဟာသစ်များစွာ အဆိုပြုပြီး တရုတ်နိုင်ငံစီးပွားရေးတိုးတက်မှုကို သမိုင်းဝင်အောင်မြင်မှုရရှိအောင်၊ ရာဇဝင်တွင်သည့် ပြုပြင်ပြောင်းလဲမှုများဖြစ်အောင် ဦးဆောင်ဦးရွက်ပြုခဲ့ရာမှ ရှီကျင့်ဖိန်၏ စီးပွားရေးအတွေးအခေါ် ဖြစ်တည်လာခဲ့သည်။

အဆိုပါ အကျဉ်းချုပ်စာအုပ်တွင် နိဒါန်းနှင့် စာကိုယ်အခန်း ၁၅ ခန်းပါဝင်ရာ စာလုံးရေ စုစုပေါင်း ၂၁၀,၀၀၀ ခန့် ရှိသည်။ ရှီကျင့်ဖိန် စီးပွားရေး အတွေးအခေါ်၏ အရေးကြီးအနက်အဓိပ္ပါယ်၊ သမိုင်းအနေအထား၊ ထင်ရှားသည့်ဝိသေသလက္ခဏာ၊ သိပ္ပံနည်းကျစနစ်၊ အခြေခံအနှစ်သာရ၊ လက်တွေ့ဖော်ဆောင်မှုတောင်းဆိုချက် စသည်တို့ကို စနစ်တကျ ဖော်ပြထားသည်။ ရှီကျင့်ဖိန်၏ စီးပွားရေးအတွေးအခေါ်ကို အပြည့်အဝဖော်ပြခြင်းသည် ရှီကျင့်ဖိန်ခေတ်သစ်တရုတ်ဝိသေသလက္ခဏာဆောင်သော ဆိုရှယ်လစ်ဝါဒအတွေးအခေါ်၏ အရေးကြီး အစိတ်အပိုင်းဖြစ်သလို တရုတ်ကွန်မြူနစ်ပါတီ မဆုတ်မနစ်ရှာဖွေသည့် ဆိုရှယ်လစ်ဝါဒ စီးပွားရေးတိုးတက်မှုလမ်းကြောင်းဖြစ်တည်လာခြင်း၏ အဖိုးတန်အတွေးအခေါ်အနှစ်သာရ ဖြစ်သည်။ ထို့အတူ ယင်းမှာ မာ့ခ်ဝါဒ နိုင်ငံရေးနှင့် စီးပွားရေး အခြေခံမူများကိုအသုံးပြု၍ ခေတ်သစ်စီးပွားရေးတိုးတက်မှုဖော်ဆောင်ရေးကို လမ်းညွှန်သော အရေးကြီးသည့်သီအိုရီအောင်မြင်မှုရလဒ် ဖြစ်သလို ခေတ်သစ် တရုတ်နိုင်ငံ စီးပွားရေးလုပ်ငန်း၏ သိပ္ပံနည်းကျလှုပ်ရှားမှုလမ်းညွှန်ဖြစ်ပေသည်။

ယင်းအကျဉ်းချုပ်စာအုပ်သည် မူရင်းစာအုပ်စာပေ၏အနက်အဓိပ္ပါယ်ကို မသွေဖည်ဘဲ စနစ်အသွင်၊ သီအိုရီအသွင် ပေါ်လွင်စွာ ဖော်ပြထားပြီး ဆည်းပူးလေ့လာရန်၊ အသုံးပြုရန် လွယ်ကူမှုကို အလေးထားရာ အဆင့်မြင့်ပညာစာသင်ကျောင်းများရှိ ဘောဂဗေဒပညာရပ်အထူးပြုကျောင်းသားများအတွက် ရှီကျင့်ဖိန်စီးပွားရေးအတွေးအခေါ်ကို လေ့လာဆည်းပူးရာ အဓိကသင်ရိုးညွှန်းတမ်းဖြစ်သလို ကျယ်ပြန့်များပြားလှသော ပါတီဝင်များ၊ ကေဒါများအတွက် ရှီကျင့်ဖိန်စီးပွားရေးအတွေးအခေါ်ကို သင်ယူဆည်းပူးသည့် အဓိကဖတ်ရှုရာစာပေလည်းဖြစ်ပေသည်။ (Xinhua)
——————-
(Chinese Version)
《习近平经济思想概论》出版发行
新华社北京11月10日电 为推动习近平经济思想进教材进课堂进头脑,由中央宣传部、国家发展改革委组织编写的马克思主义理论研究和建设工程重点教材《习近平经济思想概论》(以下简称《概论》)一书,已由高等教育出版社、人民出版社出版。
党的十八大以来,以习近平同志为核心的党中央立足中华民族伟大复兴战略全局和世界百年未有之大变局,深刻把握形势新变化和实践新要求,系统总结我国经济发展的实践经验,观大势、谋全局、干实事,不断深化对经济工作的规律性认识,提出一系列新理念新思想新战略,引领我国经济发展取得历史性成就、发生历史性变革,形成了习近平经济思想。
《概论》由导论和正文15章组成,共约21万字,系统阐述习近平经济思想的重大意义、历史地位、鲜明特征、科学体系、基本内涵、实践要求等,充分阐明习近平经济思想是习近平新时代中国特色社会主义思想的重要组成部分,是中国共产党不懈探索社会主义经济发展道路形成的宝贵思想结晶,是运用马克思主义政治经济学基本原理指导新时代经济发展实践形成的重大理论成果,是新时代我国经济工作的科学行动指南。《概论》坚持忠于原著原文,突出体系化学理化,注重易学易用,是高校经济学类专业学生系统学习掌握习近平经济思想的重点教材,也是广大党员、干部学习领会习近平经济思想的重要读物。(完)
1. 11月7日至8日,中共中央总书记、国家主席、中央军委主席习近平在广东考察。这是8日上午,习近平在广州察看广东科技创新和产业创新融合发展成果展示。 新华社记者 燕雁 摄