Connect with us

China

ဝမ်ရိနှင့် ကနေဒါနိုင်ငံခြားရေးဝန်ကြီး Anita Anand ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ကနေဒါနိုင်ငံခြားရေးဝန်ကြီး Anita Anand တို့ ပေကျင်းမြို့၌ အောက်တိုဘာ ၁၇ ရက်က တွေ့ဆုံဆွေးနွေးစဉ် (Ministry of Foreign Affairs of the People's Republic of China)

ပေကျင်း၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဖိတ်ကြားမှုအရ ကနေဒါနိုင်ငံခြားရေးဝန်ကြီး Anita Anand နှင့် နိုဝင်ဘာ ၁၁ ရက်တွင် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့သည်။
ထိုသို့ ဆက်သွယ်ဆွေးနွေးရာတွင် ဝမ်ရိက သမ္မတ ရှီကျင့်ဖိန်နှင့် ဝန်ကြီးချုပ် မာ့ခ်ကာနီတို့သည် မကြာသေးမီက တောင်ကိုရီးယားနိုင်ငံ ဂယောင်းဂျူမြို့တွင် အခြေအနေပြောင်းလဲမှု အနက်အဓိပ္ပာယ်ရှိသည့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး တရုတ်-ကနေဒါ ဆက်ဆံရေး ကောင်းမွန်ဖွံ့ဖြိုးတိုးတက်ရေး၏ ဦးတည်ချက်နှင့် စပ်လျဉ်း၍ အရေးပါသည့် သဘောတူညီချက်များ ရရှိကာ မဟာဗျူဟာ လမ်းညွှန်မှုများ ပြုလုပ်ခဲ့ရာ တရုတ်-ကနေဒါ ဆက်ဆံရေးသည် ၇ နှစ်ကြာ အခက်အခဲများကြား ဖြတ်ကျော်ခဲ့ပြီးနောက် မှန်ကန်သော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းသို့ ရောက်ရှိလာသည့် အမှတ်သင်္ကေတဖြစ်ကြောင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံ ခေါင်းဆောင်တို့၏ သဘောတူညီချက်များကို ကောင်းမွန်စွာ အကောင်အထည်ဖော်ခြင်းသည် တရုတ်-ကနေဒါ ဆက်ဆံရေး၏ လက်ရှိ အရေးကြီးဆုံးလုပ်ငန်းစဉ်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကနေဒါနိုင်ငံနှင့်အတူ ညှိနှိုင်းဆွေးနွေးမှု တိုးမြှင့်ရန်၊ ထိရောက်မှုရှိသော လှုပ်ရှားမှုများ ချမှတ်ရန်၊ ကဏ္ဍအသီးသီး ဖလှယ်ပူးပေါင်းဆောင်ရွက်မှု ပြန်လည်တည်ဆောက်ရေးကို အရှိန်မြှင့် လုပ်ဆောင်ရန်၊ လက်တွေ့ကျ၍ အပြုသဘောဆောင်သော နည်းလမ်းဖြင့် တရုတ်-ကနေဒါ ဆက်ဆံရေး တစ်ဆင့်တိုး ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ခြင်းအရှိန်အဟုန်ကို ခိုင်မြဲစေရန် ဆန္ဒရှိကြောင်း၊ နှစ်နိုင်ငံ၏ နိုင်ငံခြားရေး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး စသည့် ဝန်ကြီးဌာနများအနေဖြင့် ချိတ်ဆက်မှုကို မြှင့်တင်ပြီး အပြန်အလှန်နားလည်သည်းခံမှု၊ ချစ်ကြည်ရင်းနှီးစွာ ညှိနှိုင်းဆွေးနွေးမှုစိတ်ဓာတ်ဖြင့် ကိုယ်စီ၏ ကျိုးကြောင်းဆီလျော်သော စိုးရိမ်မှုများကို သင့်တော်ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းကာ တရုတ်-ကနေဒါ ဆက်ဆံရေး ကောင်းမွန်မှု၊ တည်ငြိမ်မှု၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ခြင်းကို တွန်းအားပေးဖော်ဆောင်နိုင်ကြောင်း ဝမ်ရိက ထောက်ပြခဲ့သည်။

Anand က နှစ်နိုင်ငံ ခေါင်းဆောင်တို့သည် လွန်ခဲ့သည့်သီတင်းပတ် တစ်ပတ်ကျော်က တောင်ကိုရီးယားနိုင်ငံ ဂယောင်းဂျူမြို့၌ ရိုးသားပွင့်လင်းပြီး နက်ရှိုင်းသော၊ အကျိုးဖြစ်ထွန်းမှု ကြွယ်ဝသော တွေ့ဆုံဆွေးနွေးမှု ကျင်းပခဲ့ရာ ကနေဒါ-တရုတ် ဆက်ဆံရေးသည် အရေးပါသော အချိုးအကွေ့သို့ ရောက်ရှိခဲ့ကြောင်း၊ ကနေဒါနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ အခွင့်အလမ်းများကို လက်ကိုင်ထားကာ အလွှာအဆင့်ဆင့်၊ ကဏ္ဍအသီးသီး အပြန်အလှန် ညှိနှိုင်းဆွေးနွေးမှုများကို မြှင့်တင်ရန်၊ နားလည်မှုနှင့် အပြန်အလှန် ယုံကြည်မှု တိုးမြှင့်ရန်၊ ကနေဒါ-တရုတ် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပြန်လည်တိုးတက်လာစေရန်၊ ကုန်သွယ်ရေး၊ ကောင်စစ်ရေးရာ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် စွမ်းအင် စသည့် ကဏ္ဍများတွင် ပိုမိုများပြားသော အပြန်အလှန်အကျိုးရှိသည့် ရလဒ်များရရှိရန်၊ နှစ်နိုင်ငံခေါင်းဆောင်များ၏ အရေးကြီး သဘောတူညီချက်များကို အတူတကွ လက်တွေ့ဖော်ဆောင်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

…………….
(Chinese Version)
王毅同加拿大外长阿南德通电话
新华社北京11月11日电 中共中央政治局委员、外交部长王毅11日应约同加拿大外长阿南德通电话。
王毅表示,不久前,习近平主席同卡尼总理在韩国庆州举行了具有转折意义的会晤,就中加关系改善发展的方向达成重要共识、作出战略引领,标志着中加关系在经历7年波折后进入正确发展轨道。
王毅指出,落实好两国领导人共识是中加关系当前最重要的议程。中方愿同加方加强沟通,采取有效行动,加快恢复各领域交流合作,以务实和建设性方式巩固中加关系进一步改善发展势头。两国外交、商务等部门可加强对接,本着互谅互让、友好协商的精神,妥善解决各自的合理关切,推动中加关系实现健康、稳定、可持续发展。
阿南德表示,两国领导人一周多前在韩国庆州举行了坦诚深入、富有成效的会晤,加中关系迎来重要转折点。加方愿同中方把握契机,加强各层级各领域对话沟通,增进理解与互信,重振加中战略伙伴关系,在贸易、领事、禁毒、能源等领域达成更多互利成果,共同落实好两国领导人重要共识。(完)
图说:10月17日,中共中央政治局委员、外交部长王毅在北京同加拿大外长阿南德会谈。 新华社记者 岳月伟 摄