Connect with us

China

တရုတ်နိုင်ငံအနေဖြင့် “တစ်ကမ္ဘာလုံးနှင့် အကျိုးစီးပွား အတူမျှဝေခြင်း” ဟူသော ပြောင်မြောက်သည့် အကြောင်းအရာများ ပိုမိုရေးခြယ်သွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

၈ ကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ကျင်းပသော တရုတ်နိုင်ငံ အမျိုးသားပြပွဲနှင့် ကွန်ဗင်းရှင်းစင်တာ (ရှန်ဟိုင်း) အနောက်ဘက်ဝင်ပေါက်ရှိ လူကူးခုံးကျော်တံတားကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) အား ၈ နှစ်ဆက်တိုက်ကျင်းပခဲ့ရာတွင် တံခါးဖွင့် ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန်အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွားဖော်ဆောင်မှုသည် နေ့စဉ်နှင့်အမျှ အားလုံး၏ ဘုံဖြစ်သော “CIIE အမှတ်တရ” ဖြစ်လာခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဆက်လက်ပြီး တံခါးဖွင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် ကမ္ဘာကြီး ဘုံအကျိုးစီးပွားဖော်ဆောင်မှုကို တွန်းအားပေးကာ “တစ်ကမ္ဘာလုံးနှင့် အကျိုးစီးပွား အတူမျှဝေခြင်း” ဟူသော ပြောင်မြောက်သည့် အကြောင်းအရာများကို ပိုမိုရေးခြယ်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်က နိုဝင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

ထိုနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်က ၈ ကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) သည် နိုဝင်ဘာ ၁၀ ရက်တွင် ကျင်းပပြီးစီးခဲ့ကြောင်း၊ ယခုအကြိမ် CIIE သည် ကုန်ပစ္စည်းအသစ်များ ထုတ်ဖော်ပြသရာနေရာဖြစ်ခဲ့ပြီး AI နားကြားအကူကိရိယာ၊ ဆိုက်ဘာမောင်းသူမဲ့ လျှပ်စစ်ကား၊ ပီရူး “ကန္တာရဘလူးဘယ်ရီသီး” စသည့် ပထမဆုံးထုတ်ဖော်ပြသသည့် ကုန်ပစ္စည်းများစွာ ပါဝင်ကြောင်း၊ နိုင်ငံခြားမှ လာရောက်ပြသသည့် ကုမ္ပဏီလုပ်ငန်းရှင်များကလည်း CIIE သည် စီးပွားရေးနှင့် ကုန်သွယ်ရေး သွားလာဆက်ဆံမှု၏ ပေါင်းကူးတံတားဖြစ်သလို တရုတ်နိုင်ငံ၏ အခွင့်အလမ်းများ အတူမျှဝေမှု၊ ဘုံဖွံ့ဖြိုးတိုးတက်မှု အယူအဆများကိုလည်း လက်ဆင့်ကမ်းဖော်ပြခြင်းဖြစ်သည်ဟု ဆိုကြကြောင်း၊ ယင်းအပေါ် ပြောခွင့်ရပုဂ္ဂိုလ်အနေဖြင့် မည်ကဲ့သို့ မှတ်ချက်ပြုပြောကြားလိုသနည်းဟု မေးမြန်းခဲ့သည်။

လျင်ကျန့်က ယခုနှစ်တွင် နိုင်ငံ၊ ဒေသနှင့် နိုင်ငံတကာအဖွဲ့အစည်း ၁၅၅ ခုနှင့် Fortune Global 500 စာရင်းဝင်ကုမ္ပဏီနှင့် ဦးဆောင်လုပ်ငန်းကုမ္ပဏီ ၂၉၀ က CIIE တွင် ပါဝင်ခဲ့ကြောင်း၊ ပါဝင်ပြသသည့် လုပ်ငန်းကုမ္ပဏီ အရေအတွက်သည် ယမန်နှစ်ထက် ၆၀၀ ကျော် တိုးလာပြီး ပြခန်းဧရိယာနှင့် လုပ်ငန်းကုမ္ပဏီ စုစုပေါင်း အရေအတွက်သည် ထပ်မံစံချိန်သစ်တင်ခဲ့ကြောင်း၊ ၎င်းအနက် နိုင်ငံခြားကုမ္ပဏီ ၁၇၀ နှင့် အဖွဲ့အစည်း ၂၇ ခုသည် ပြပွဲ၌ နှစ်စဉ်ဆက်တိုက်ပါဝင်ပြသခဲ့ခြင်းဖြစ်ပြီး CIIE ၏ “အတန်းချိန်မှန်သူ” များ ဖြစ်လာကြောင်း ပြောကြားခဲ့သည်။
CIIE တွင် တစ်ကမ္ဘာလုံးမှ လုပ်ငန်းကုမ္ပဏီများက ထုတ်ကုန်ပစ္စည်းအသစ်၊ နည်းပညာအသစ်၊ ဝန်ဆောင်မှုအသစ် စုစုပေါင်း ၄၆၁ ခု သယ်ဆောင်လာရာ ၎င်းအနက် အခုရေ ၂၀၀ ကျော်မှ တစ်ကမ္ဘာလုံးတွင် ပထမဆုံးအကြိမ် မိတ်ဆက်ပြသခြင်းဖြစ်ပြီး နှစ်အလိုက်တွက်ချက်သည့် အရောင်းအဝယ်ပြုလုပ်လိုသည့် ပမာဏသည် အမေရိကန်ဒေါ်လာ ၈၃.၄ ဘီလီယံထက်ကျော်လွန်ခဲ့ကြောင်း၊ တရုတ်နိုင်ငံဈေးကွက်သည် တစ်ကမ္ဘာလုံး တံခါးဖွင့် ပူးပေါင်းဆောင်ရွက်မှုနှင့် သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှု၏ စမ်းသပ်ရာနေရာ၊ အကျိုးအမြတ်ရရှိရာနေရာ၊ လက်တွေ့အသုံးချရာနေရာအသစ် ဖြစ်လာနေကြောင်း ၎င်းက ပြောကြားခဲ့သည်။

CIIE သည် တရုတ်နိုင်ငံစီးပွားရေးနှင့် ကမ္ဘာ့စီးပွားရေးအား ချိတ်ဆက်ပေးသည့် ပေါင်းကူးတံတားဖြစ်ကြောင်း၊ “CIIE အမြန်နှုန်း” “CIIE ဆန်းသစ်တီထွင်မှု” သည် ကမ္ဘာကြီးအတွက် “CIIE အခွင့်အလမ်းများ” သယ်ဆောင်လာပေးပြီး ပိုမိုများပြားသည့်နိုင်ငံများက “CIIE အမြန်ယာဉ်” တွင် လိုက်ပါလာခဲ့ကြကြောင်း၊ ဝန်ကြီးချုပ် လီချန်က CIIE ဖွင့်ပွဲအခမ်းအနား အမှာစကားတွင် ပြောကြားခဲ့သည့်အတိုင်းပင် CIIE အား ပိုမို ကောင်းမွန်စွာ ကျင်းပလာနိုင်ခြင်း၏ အရေးကြီးဆုံးအချက်မှာ “တစ်ကမ္ဘာလုံးနှင့် အကျိုးစီးပွား အတူမျှဝေခြင်း” အား အခိုင်အမာ လက်ကိုင်ထားခြင်းကြောင့်ဖြစ်သည်ဟု လျင်ကျန့်က ပြောကြားခဲ့သည်။

ရှေးယခင်မှ ယနေ့တိုင် “တစ်ဦးတည်းသွားလျှင် မြန်ဆန်သော်လည်း အများနှင့်သွားပါက ခရီးဝေးရောက်နိုင်သည်” ဟူသည့် သဘောတရားကို တရုတ်ပြည်သူများက လေးလေးနက်နက် နားလည်သိရှိကြောင်း၊ တံခါးဖွင့်လှစ်၍ အားလုံးပါဝင်ခြင်းသည် တရုတ်လူမျိုး၏ ယဉ်ကျေးမှု ထူးခြားချက်ဖြစ်ကြောင်း၊ လက်ရှိနိုင်ငံတကာ စီးပွားရေးနှင့် ကုန်သွယ်ရေး အခြေအနေ မတည်ငြိမ်မှု၊ မသေချာမရေရာမှုများ မြင့်တက်လာခြင်းအား ရင်ဆိုင်ရာတွင် တရုတ်နိုင်ငံက လွတ်လပ်စွာကုန်သွယ်မှုအား ရှင်းလင်းပြတ်သားစွာအားပေးပြီး အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစွာ လက်ကိုင်ထားကာ တရုတ်နိုင်ငံအခွင့်အလမ်းဖြင့် ကမ္ဘာကြီး ဖွံ့ဖြိုးတိုးတက်မှုအား မြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

“မကြာသေးမီက ၂၀ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ စတုတ္ထအကြိမ် မျက်နှာစုံညီအစည်းအဝေးမှာ အဆင့်မြင့်ပြည်ပတံခါးဖွင့်လှစ်မှုအား တိုးချဲ့ရန်၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်တဲ့ အခင်းအကျင်းအသစ်ကို ဖန်တီးရန် အဆိုပြုခဲ့ပါတယ်။ နောက်ဆုံးအချက်အလက်များအရ တရုတ်နိုင်ငံရဲ့ ကုန်ပစ္စည်းကုန်သွယ်မှုဟာ ၈ နှစ်ဆက်တိုက် ကမ္ဘာ့ပထမနေရာမှာ ရပ်တည်နေပြီး ယခုနှစ်အတွင်း ၉ လဆက်တိုက် တိုးတက်မှုကို ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ ဒါကလည်း တရုတ်စီးပွားရေးရဲ့ ကြီးမားသောကြံ့ကြံ့ခံနိုင်ရည်နဲ့ တံခါးဖွင့်ပူးပေါင်းဆောင်ရွက်မှုရဲ့ ယုံကြည်မှုနဲ့သန္နိဋ္ဌာန်ကို သက်သေပြလိုက်ပါတယ်” ဟု လျင်ကျန့်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် တစ်ကမ္ဘာလုံးအခွင့်အလမ်းများ၏ အတူတကွဖန်တီးသူ၊ တံခါးဖွင့်လှစ်မှုပလက်ဖောင်း၏ အတူတကွ တည်ဆောက်သူ၊ ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ၏ အတူမျှဝေသူဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဆက်လက်ပြီး တံခါးဖွင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် ကမ္ဘာကြီး ဘုံအကျိုးစီးပွားဖော်ဆောင်မှုကို တွန်းအားပေးကာ “တစ်ကမ္ဘာလုံးနှင့် အကျိုးစီးပွား အတူမျှဝေခြင်း” ဟူသော ပြောင်မြောက်သည့် အကြောင်းအရာများ ပိုမိုရေးခြယ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပသော ၈ ကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ရဝမ်ဒါနိုင်ငံပြခန်း၌ ဆွေးနွေးနေသူများကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————-
(Chinese Version)
外交部:中国将书写更多“与天下同利”的精彩故事
新华社北京11月11日电(记者刘杨、董雪)外交部发言人林剑11月11日表示,进博会连续举办8年来,开放合作、互利共赢日益成为大家共同的“进博印象”。中国将继续以开放合作推动世界共赢,书写更多“与天下同利”的精彩故事。
当日例行记者会上,有记者问:第八届中国国际进口博览会10日落下帷幕。本届进博会成为新品大秀场,AI助听器、赛博无人电动车、秘鲁“沙漠脆脆莓”等首发商品层出不穷。外国参展商纷纷表示,进博会既是经贸交往的桥梁,更传递出中国共享机遇、共同发展的理念。发言人对此有何评论?
林剑说,今年有155个国家、地区和国际组织以及290家世界500强和行业龙头企业参与进博会,参展企业较去年增加600余家,展览面积和企业总数再创新高。其中,170家海外企业和27家机构更是连年参展,成为进博会“全勤生”。全球企业共带来461项新产品、新技术、新服务,其中200多项为全球首发,按年计意向成交额突破834亿美元。中国大市场正成为全球开放合作与科技创新的试验场、利润场、应用场。
林剑表示,进博会是联通中国经济和世界经济的桥梁,“进博速度”“进博创新”给世界带来“进博机遇”,让越来越多国家搭上“进博快车”。正如李强总理在进博会开幕式主旨演讲中指出,进博会越办越好,很重要的是因为坚持“与天下同利”。从古至今,中国人民都深知“独行快、众行远”的道理,开放包容始终是中华民族的文明特质。面对当前国际经贸形势不稳定性不确定性上升,中国旗帜鲜明拥抱自由贸易,坚持互利合作,致力于以中国机遇促进世界发展。
“日前,中共二十届四中全会提出,扩大高水平对外开放,开创合作共赢新局面。最新数据显示,中国货物贸易连续8年稳居世界第一,今年连续9个月保持增长,这印证了中国经济的强大韧性和开放合作的信心决心。”林剑说,中国是全球机遇的共创者、开放平台的共建者、发展成果的共享者,我们将继续以开放合作推动世界共赢,书写更多“与天下同利”的精彩故事。(完)
1、11月10日拍摄的国家会展中心(上海)西入口天桥。新华社记者 蔡湘鑫 摄
2、11月7日,人们在第八届进博会国家展卢旺达馆洽谈。新华社记者 任鹏飞 摄