Connect with us

China

တောင်ဆူဒန်နိုင်ငံ၏ နိုင်ငံရေးအသွင်ပြောင်းမှု တည်ငြိမ်စွာ တွန်းအားပေးလျှောက်လှမ်းရန် တရုတ်နိုင်ငံ တိုက်တွန်း

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်ပြင်ပမြင်ကွင်းအား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ဘက်ပေါင်းစုံအနေဖြင့် နိုင်ငံရေးအသွင်ပြောင်းမှုကို တည်ငြိမ်စွာ တွန်းအားပေးလျှောက်လှမ်းကြရန် တိုက်တွန်းကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယအမြဲတမ်းကိုယ်စားလှယ် စွန်းလေက နိုဝင်ဘာ ၁၁ ရက် လုံခြုံရေးကောင်စီ၏ တောင်ဆူဒန်အရေး စိစစ်ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးပြောကြားခဲ့သည်။
လက်ရှိ တောင်ဆူဒန် လုံခြုံရေးအခြေအနေသည် စိုးရိမ်ဖွယ်ရာဖြစ်ပြီး ဒေသန္တရပဋိပက္ခနှင့် အပြန်အလှန် ပစ်ခတ်မှုများသည် မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်း စွန်းလေက ပြောကြားခဲ့သည်။

ဘက်ပေါင်းစုံအနေဖြင့် နိုင်ငံ၏ငြိမ်းချမ်းတည်ငြိမ်ရေးအခင်းအကျင်းကြီးကို ရှေးရှု၍ ရန်လိုတိုက်ခိုက်သည့် လှုပ်ရှားမှုများကို အခိုင်အမာရပ်တန့်ရန်၊ အရပ်သားပြည်သူနှင့် လူသားချင်းစာနာမှုလုပ်ငန်း ဝန်ထမ်းများကို ကာကွယ်ရန်၊ အထူးသဖြင့် အကြမ်းဖက်မှုသံသရာလည်ခြင်းကို ကာကွယ်တားဆီးရန်၊ တင်းမာမှုအရှိန်မြင့်တက်ကာ အထိန်းအကွပ်မဲ့ဖြစ်ပွားမှုကို ရှောင်ရှားရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း၊ တရုတ်နိုင်ငံက ဘက်ပေါင်းစုံအနေဖြင့် ကွဲလွဲမှုများကို အားလုံးပါဝင်နိုင်သည့်တွေ့ဆုံဆွေးနွေးမှုဖြင့် ဖြေရှင်းရန် တိုက်တွန်းသလို လူမျိုးစုအသီးသီးကြား စည်းလုံးညီညွတ်မှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုကို မြှင့်တင်ရန် အားပေးကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် တင်းမာမှုများမြင့်တက်စေမည့် အားပေးမှုကို ရှောင်ရှားကာ သင့်မြတ်ရေးဖျောင်းဖျမှုနှင့် တည်ငြိမ်ရေးမြှင့်တင်မှုလုပ်ငန်းများကို ပို၍ ဆောင်ရွက်သင့်ပါကြောင်း၊ ပြန်လည်ထူထောင်ရေး သဘောတူစာချုပ်ဖော်ဆောင်ရေး ဟူသော ပင်မလမ်းကြောင်းကို ဘက်ပေါင်းစုံက လေးစားလိုက်နာရန်၊ နိုင်ငံရေးကွဲလွဲမှုများကို ကြိုးပမ်းကျော်လွှားရန်၊ အကြီးဆုံးဘုံဆခွဲကိန်းကို ရှာဖွေရန်၊ နိုင်ငံရေးအသွင်ပြောင်းမှုကို တည်ငြိမ်စွာ တွန်းအားပေးလျှောက်လှမ်းရန် တရုတ်နိုင်ငံအနေဖြင့် တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။

အာဖရိကအရေးကို ဖြေရှင်းသည့် သေ့ာချက်မှာ အာဖရိက၏ လက်ထဲတွင်ရှိသည်ဟု တရုတ်နိုင်ငံအနေဖြင့် အစဉ်အမြဲ ခိုင်မာစွာ ယုံကြည်ကြောင်း စွန်းလေက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂနှင့် ဒေသတွင်းအဖွဲ့အစည်းများ နီးကပ်စွာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကာ ကြားဝင်ညှိနှိုင်းရေးကြိုးပမ်းမှုကို မြှင့်တင်ခြင်း၊ ညှိနှိုင်းမှုပုံစံဆန်းသစ်ခြင်း၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုသို့ ဘက်ပေါင်းစုံ ပြန်လည်ရောက်ရှိရေး တွန်းအားပေးခြင်းအပေါ် ထောက်ခံကြောင်း၊ မည်သည့်ဖြေရှင်းမှုနည်းလမ်းမဆို တောင်ဆူဒန်၏ အချုပ်အခြာအာဏာနှင့် ကိုယ်ပိုင်ဦးဆောင်ခွင့်ကို ကာကွယ်ထိန်းသိမ်းပြီး ကာယကံရှင်နိုင်ငံ၏ စိုးရိမ်ပူပန်မှုကို အပြည့်အဝ လေးစားသင့်ကြောင်း၊ ကျယ်ပြန့်များပြားသည့် အာဖရိကနိုင်ငံများ၏ ဟစ်ကြွေးသံအပေါ် လုံခြုံရေးကောင်စီ တုံ့ပြန်ခြင်း၊ တောင်ဆူဒန်အပေါ် ပိတ်ဆို့အရေးယူမှုကို အချိန်မီ ချိန်ညှိပြင်ဆင်မှု သို့မဟုတ် ဖယ်ရှားမှု ပြုခြင်းကို တရုတ်နိုင်ငံအနေဖြင့် ထောက်ခံကြောင်း ၎င်းက ပြောကြားခဲ့သည်။

တောင်ဆူဒန်၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းဖွဲ့စည်းပုံမှာ ရိုးရှင်းပြီး စီးပွားရေးအခြေခံမှာ အားနည်းလျက်ရှိကြောင်း စွန်းလေက ထောက်ပြ ပြောကြားခဲ့သည်။
ဆူဒန်ပဋိပက္ခပြင်ပသို့ ယိုလျှံလာခြင်း၊ မိုးရာသီ ရေကြီးရေလျှံဖြစ်ပွားမှု များပြားခြင်း စသည့် ရိုက်ခတ်မှုဒဏ်အထပ်ထပ်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သူဦးရေမှာ စဉ်ဆက်မပြတ် များပြားလာသလို လူသားချင်းစာနာထောက်ထားမှုအခြေအနေသည် နေ့စဉ်နှင့်အမျှ ဆိုးရွားလျက်ရှိကြောင်း၊ နိုင်ငံတကာအသိုက်အဝန်း၏ ရင်းနှီးပါဝင်မှုကို မြှင့်တင်ရန်၊ လူသားချင်းစာနာထောက်ထားမှု အကူအညီဖြင့် ပြဿနာ၏အပြင်ပန်းလက္ခဏာကို ကုစားရန်၊ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုဖြင့် ပြဿနာ၏အရင်းအမြစ်ကို ကုစားရန်၊ စီးပွားရေးနှင့် လူမှုဘဝ တည်ငြိမ်ရေးကို ပံ့ပိုးပေးရန်၊ ပြည်သူလူထု၏ အကျိုးစီးပွားကောင်းမွန်အောင် ဆောင်ရွက်ရန်၊ တောင်ဆူဒန်နိုင်ငံ၏ ကိုယ်ပိုင်ရပ်တည်မှုဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း လျှောက်လှမ်းမှုကို ထောက်ခံအားပေးရန် တရုတ်နိုင်ငံအနေဖြင့် တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။

တောင်ဆူဒန်နိုင်ငံသည် ၂၀၁၁ ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့သည်။ ၂၀၁၃ ခုနှစ် နှစ်ကုန်မှစ၍ တောင်ဆူဒန်နိုင်ငံ သမ္မတ Salva Kiir Mayardit နှင့် ထိုစဉ်က ဒုတိယသမ္မတ Riek Machar အကြား အာဏာအငြင်းပွားမှုကြောင့် လက်နက်ကိုင်ပဋိပက္ခများ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြစ်ပွားခဲ့သည်။ ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် တောင်ဆူဒန်နိုင်ငံ ပဋိပက္ခဖြစ်ပွားသည့် ဘက်ပေါင်းစုံက ပြန်လည်ထူထောင်ရေးသဘောတူစာချုပ်အား လက်မှတ်ရေးထိုးခဲ့ရာ တောင်ဆူဒန်တွင် စဉ်ဆက်မပြတ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ဖော်ဆောင်ရန်အတွက် အခွင့်အလမ်းပြတင်းပေါက်ကို ဖွင့်လှစ်ခဲ့သည်။ သို့သော် ယခုနှစ် မတ်လဆန်းမှစ၍ အစိုးရတပ်နှင့် အတိုက်အခံလက်နက်ကိုင်အဖွဲ့များသည် Upper Nile ပြည်နယ်တွင် ပဋိပက္ခဖြစ်ပွားခဲ့ရာ တောင်ဆူဒန်နိုင်ငံ၏ နိုင်ငံရေးလုံခြုံရေးအခြေအနေ ဆိုးရွားလာမှုအပေါ် ပြင်ပ၏ စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။ (Xinhua)

—————–
(Chinese Version)
中方敦促稳步推进南苏丹政治过渡
新华社联合国11月11日电 中国常驻联合国副代表孙磊11日在安理会审议南苏丹问题时发言,敦促各方稳步推进政治过渡。
孙磊说,当前南苏丹安全局势堪忧,地方性冲突与交火时有发生。中方敦促各方着眼国家和平稳定大局,切实停止敌对行动,保护平民和人道工作者,尤其要防止暴力循环,避免局势升级失控。中方呼吁各方通过包容性对话解决分歧,鼓励各部族间加强团结、和平共处。国际社会应当多做劝和促稳工作,避免推波助澜。中方呼吁各方遵循落实重振协议这条主线,努力超越政治分歧,寻找最大公约数,稳步推进政治过渡。
孙磊表示,中方始终坚信,解决非洲问题的钥匙在非洲手中。中方支持联合国同地区组织密切协调,加大斡旋努力,创新调解模式,推动各方重回政治对话。任何解决方案都应维护南苏丹主权和主导权,充分尊重当事国关切。中方支持安理会回应广大非洲国家呼声,及时调整或解除对南苏丹制裁。
孙磊指出,南苏丹产业结构单一,经济基础相对薄弱。受苏丹冲突外溢、雨季洪灾泛滥等叠加影响,流离失所人数不断增加,人道状况日益严峻。中方呼吁国际社会加大投入,以人道援助治标,以发展合作治本,帮助稳定经济民生,改善民众福祉,支持南苏丹走出一条自主可持续发展的道路。
南苏丹于2011年独立。自2013年底起,南苏丹总统基尔与时任副总统马沙尔之间的权力纷争引发全国范围的武装冲突。2018年9月,南苏丹冲突各方签署重振协议,为在南苏丹实现可持续和平与稳定开启了机会之窗。但自今年3月初以来,政府军与反对派武装在上尼罗州爆发冲突,引发外界对南苏丹政治安全局势恶化的担忧。(完)
1. 这是位于纽约的联合国总部外景(9月18日摄)。新华社记者 李睿 摄