Connect with us

China

ရှီကျင့်ဖိန်နှင့် စပိန်နိုင်ငံ ဘုရင် ဖိလစ် ၆ တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၊ ဇနီး ဖုန်လိယွမ်တို့နှင့် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် လာရောက်သည့် စပိန်နိုင်ငံ ဘုရင် ဖိလစ် ၆ နှင့် မိဖုရား လဲတီဇီးယားတို့ တရုတ်နိုင်ငံ ပေကျင်းမြို့၌ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းက အမှတ်တရဓာတ်ပုံ ရိုက်ကူးနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်လာရောက်သည့် စပိန်နိုင်ငံ ဘုရင် ဖိလစ် ၆ တို့သည် နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က ဘုရင် ဖိလစ် ၆ တရုတ်နိုင်ငံသို့ ခရီးစဉ်လာရောက်ခြင်းကို ကြိုဆိုကြောင်း၊ တရုတ်နှင့် စပိန်တို့သည် နက်ရှိုင်းသော သမိုင်းယဉ်ကျေးမှုအနှစ်သာရအခြေခံရှိကြကြောင်း ထောက်ပြပြောကြားခဲ့သည်။
သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ်ပေါင်း ၅၀ ကျော်အတွင်း နှစ်နိုင်ငံသည် မဟာဗျူဟာအမြင့်နှင့် ရေရှည်အမြင်ဖြင့် နှစ်ဖက်ဆက်ဆံရေးအား ရှုမြင်၍ တိုးတက်အောင် လုပ်ဆောင်ခဲ့ကြောင်း၊ အပြန်အလှန်လေးစားမှု၊ အပြန်အလှန် ထောက်ခံအားပေးမှု၊ အပြန်အလှန် အောင်မြင်ရန် ဖြည့်ဆည်းပေးမှုတို့ဖြင့် သမိုင်းယဉ်ကျေးမှု မတူညီသော၊ လူမှုအသိုက်အဝန်းစနစ် မတူညီသော နိုင်ငံများ ချစ်ကြည်ရင်းနှီးစွာဆက်ဆံမှု၊ ဖွံ့ဖြိုးတိုးတက်မှုအား အတူဖော်ဆောင်မှု၏ စံနမူနာအဖြစ်ရပ်တည်ခဲ့ပြီး တစ်ကမ္ဘာလုံး တံခါးဖွင့် ပူးပေါင်းဆောင်ရွက်မှုအား တွန်းအားပေးရန်၊ နိုင်ငံတကာ တရားမျှတမှုနှင့် သမာသမတ်ကျမှုအား ကာကွယ်ရန်အတွက် အရေးကြီးအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
စပိန်နိုင်ငံ တော်ဝင်မိသားစုသည် တရုတ်-စပိန်ဆက်ဆံရေးအတွက် သိသာထင်ရှားသည့် အကျိုးကို ထမ်းဆောင်ခဲ့ကြောင်း၊ နှစ်နိုင်ငံက ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၂၀ ပြည့် ကာလ ကျရောက်တော့မည့် အခါသမယတွင် ဘုရင် ဖိလစ် ၆ က တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် လာရောက်ခြင်းသည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု အဆက်မပြတ် ရှေ့သို့တိုးတက်ရန် တွန်းအားပေးခြင်းအတွက် အရေးကြီးအနက်အဓိပ္ပာယ်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် စပိန်နိုင်ငံနှင့် အစဉ်အလာချစ်ကြည်ရင်းနှီးမှုကို တန်ဖိုးထားရှုမြင်ကြောင်း၊ စပိန်နိုင်ငံက နိုင်ငံတကာနှင့် ဒေသတွင်းအရေးကိစ္စများတွင် တစ်မူထူးခြားသည့် အခန်းကဏ္ဍမှပါဝင်မှုကို အလေးထားကြောင်း၊ စပိန်နိုင်ငံနှင့်အတူလက်တွဲ၍ မဟာဗျူဟာမြောက် တည်ငြိမ်မှုစွမ်းအား၊ ဖွံ့ဖြိုတိုးတက်မှု ရှင်သန်စွမ်းအား၊ နိုင်ငံတကာလွှမ်းမိုးမှုအား ပိုမိုရှိသော ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအား တည်ဆောက်သွားလိုကြောင်း ရှီကျင့်ဖိန်က အလေးထား ပြောကြားခဲ့သည်။
နှစ်ဖက်အနေဖြင့် တစ်ဆင့်တိုးခိုင်မာစွာ အပြန်အလှန် ထောက်ခံအားပေး၍ အဆင့်မြင့်အလွှာ သွားလာဆက်ဆံမှုအရှိန်အဟုန်ကို ထိန်းသိမ်းထားကာ မဟာဗျူဟာ လမ်းညွှန်ဦးဆောင်မှုအား မြှင့်တင်ပြီး နှစ်နိုင်ငံဆက်ဆံရေးသည် မှန်ကန်သောလမ်းကြောင်းထက်တွင် အစဉ်အမြဲလျှောက်လှမ်းနေခြင်းကို အာမခံပေးရမည်ဖြစ်ကြောင်း၊ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုးမြှင့်တင်ရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် စပိန်နိုင်ငံမှ အရည်အသွေးမြင့်ထုတ်ကုန်များ ပိုမိုတင်သွင်းလိုပြီး စွမ်းအင်သစ်၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ ဉာဏ်ရည်တု‌ (AI) စသည့် ထွန်းသစ်စကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အလားအလာများကို ဖော်ထုတ်ကာ အပြန်အလှန်ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ခြင်းဖြင့် အထင်ကရစီမံကိန်းများစွာ တည်ဆောက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
နှစ်ဖက်အနေဖြင့် အားသာချက်များဖြင့် အပြန်အလှန်ဖြည့်ဆည်းပေးကာ လက်တင်အမေရိက စသည့် တတိယဘက်ဈေးကွက်များကို အတူချဲ့ထွင်နိုင်ကြောင်း၊ ပြည်သူများ စိတ်နှလုံးချင်း ဆက်နွှယ်မှုအား တစ်ဆင့်တိုးမြှင့်တင်ရမည်ဖြစ်ကြောင်း၊ ယဉ်ကျေးမှု၊ ပညာရေးကဏ္ဍ ကူးလူးဖလှယ်မှုအား မြှင့်တင်ကာ တစ်ဖက်နိုင်ငံ၌ ကိုယ်စီ၏ ယဉ်ကျေးမှုနှင့် ဘာသာစကားဆိုင်ရာ အဖွဲ့အစည်းများ ကောင်းမွန်စွာထူထောင်ခြင်းကို အပြန်အလှန် ထောက်ခံအားပေးရမည်ဖြစ်ကြောင်း၊ လူပုဂ္ဂိုလ်များသွားလာမှု အဆင်ပြေချောမွေ့စေရန်နှင့် နှစ်နိုင်ငံပြည်သူများ ပိုမိုရင်းနှီးလာစေရန် တရုတ်နိုင်ငံအနေဖြင့် စပိန်နိုင်ငံအပေါ် ဗီဇာကင်းလွတ်ခွင့်ပေးသည့် မူဝါဒအား ဆက်လက်သက်တမ်းတိုးကျင့်သုံးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယခုနှစ်သည် ကုလသမဂ္ဂ ထူထောင်သည့် နှစ် ၈၀ ပြည့်ဖြစ်ကြောင်း၊ လက်ရှိကမ္ဘာကြီးသည် လှုပ်ခတ်ပြောင်းလဲမှု ကာလသစ်အတွင်းသို့ ဝင်ရောက်လျက်ရှိရာ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းသည် တာဝန်ကြီးလေးပြီး ခရီးဝေးလံလျက်ရှိနေသေးကြောင်း ရှီကျင့်ဖိန်က ထောက်ပြပြောကြားခဲ့သည်။
လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ခြင်းအား တွန်းအားပေးရန် မိမိ အဆိုပြုခြင်းသည် နိုင်ငံအသီးသီးက လူမှုအသိုက်အဝန်းစနစ် ကွဲပြားမှုနှင့် အတွေးအမြင်ဆိုင်ရာ ကွဲပြားမှုများကို‌ကျော်လွန်၍ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုဖြင့် သဘောတူညီချက်များကို စုစည်းကာ နိုင်ငံအသီးသီးပြည်သူများက သာယာချမ်းမြေ့သောဘဝအပေါ် မျှော်လင့်တောင့်တချက်ကို လက်တွေ့အဖြစ် ပြောင်းလဲရန် မျှော်လင့်ခြင်းပင်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် စပိန်နိုင်ငံနှင့်အတူ ကုလသမဂ္ဂက နိုင်ငံတကာအရေးကိစ္စများတွင် ဗဟိုအခန်းကဏ္ဍမှပါဝင်ခြင်းကို ထောက်ခံအားပေးရန်၊ လွတ်လပ်‌သောကုန်သွယ်ရေး စည်းမျဉ်းစည်းကမ်းနှင့် နိုင်ငံတကာ စီးပွားရေးနှင့် ကုန်သွယ်ရေး စည်းစနစ်အား ကာကွယ်ရန်၊ ပိုမိုတရားမျှတ၍ ကျိုးကြောင်းလျော်ကန်သော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်အား တည်ဆောက်ရန်၊ လူသားမျိုးနွယ် အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှုအား တွန်းအားပေးရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

စပိန်နိုင်ငံ ဘုရင် ဖိလစ် ၆ က စပိန်-တရုတ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး နှစ် ၂၀ ပြည့် အခါသမယတွင် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် လာရောက်ရသည့်အတွက် အလွန်ဝမ်းမြောက်ကြောင်း၊ စပိန်နှင့် တရုတ်၏ ချစ်ကြည်ရင်းနှီးစွာ ကူးလူးသွားလာမှုသည် ကာလကြာရှည်တည်ရှိခဲ့ရာ သံတမန်ဆက်ဆံရေး ထူထောင်သည့်အချိန်မှစ၍ နှစ်နိုင်ငံသည် အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန်လေးစားမှု အစဉ်သဖြင့်ရှိကြပြီး ဘုံဖွံ့ဖြိုးတိုးတက်စည်ပင်ဝပြောရေးကို အားထား ဆောင်ရွက်ခဲ့ကြကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်သည့်အောင်မြင်မှုများမှာ ကမ္ဘာသိဖြစ်ရာ လေးစားဖွယ်ကောင်းကြောင်း၊ အထူးသဖြင့် ဆင်းရဲနွမ်းပါးမှုကင်းလွတ်ရေးနှင့် အစိမ်းရောင် ကာဗွန်နည်းဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများ၏ အောင်မြင်သည့်အတွေ့အကြုံမှာ လေ့လာသင်ယူထိုက်ကြောင်း၊ စပိန်အစိုးရအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို မပြောင်းမလဲ ခိုင်မာစွာ ကျင့်သုံးသွားမည်ပြီး နိုင်ငံ၏နယ်မြေပိုက်နက်ပြည့်စုံမှုအား ကာကွယ်ထိန်းသိမ်းခြင်းအပေါ် ထောက်ခံကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ရှေ့သို့ စဉ်ဆက်မပြတ်တိုးတက်အောင် တွန်းအားပေးကာ နှစ်နိုင်ငံပြည်သူများအကျိုးစီးပွားကို ပိုမိုဆောင်ကြဉ်းပေးရန်၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ပို၍ကြီးမားသော အကျိုးကိုထမ်းဆောင်သွားရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်ကုမ္ပဏီလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုက စပိန်စီးပွားရေးတိုးတက်မှုနှင့် အစိမ်းရောင်အသွင်ပြောင်းမှုကို အားကောင်းစွာ မြှင့်တင်ပေးခဲ့ကြောင်း၊ စပိန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နီးကပ်သည့် ကူးလူးဆက်ဆံရေး ထိန်းသိမ်းရန်၊ တရုတ်နိုင်ငံက ဖော်ဆောင်လျက်ရှိသော “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” အစီအစဉ်မှ ဆောင်ကြဉ်းလာသည့် အရေးကြီးအခွင့်အလမ်းများကို ဖမ်းဆုပ်ရန်၊ ကုန်သွယ်စီးပွားရေး၊ စက်မှု၊ သိပ္ပံနည်းပညာ၊ အစိမ်းရောင်စွမ်းအင် စသည့်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ဆန္ဒရှိကြောင်း၊ စပိန်နိုင်ငံအတွက် တရုတ်နိုင်ငံက ဗီဇာကင်းလွတ်ခွင့်မူဝါဒကျင့်သုံးခြင်းအပေါ် ကျေးဇူးတင်ရှိကြောင်း၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ ခရီးသွားလာရေးကဏ္ဍ ဖလှယ်မှုများကို နီးကပ်စေရန်၊ ပြည်သူချင်း ချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်ရန် ဆန္ဒရှိကြောင်း ၎င်းက ဆိုသည်။

သမိုင်းသည် ခေတ်နောက်ပြန်ဆုတ်၍မရဘဲ ရှေ့သို့သာ လျှောက်လှမ်းရမည်ဖြစ်ကြောင်း၊ စပိန်-တရုတ် နှစ်နိုင်ငံသည် နိုင်ငံတကာရေးရာကိစ္စရပ်များစွာတွင် အတွေးအခေါ် တူညီမှုမြင့်မားရာ နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို ထောက်ခံသလို အငြင်းပွားမှုများကို တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းဖြင့် ဖြေရှင်းရန် ထောက်ခံကြကြောင်း၊ စပိန်နိုင်ငံအနေဖြင့် သမ္မတ ရှီကျင့်ဖိန် အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာအစီအမံကြီး လေးရပ်ကို အထူးလေးစားတန်ဖိုးထားကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ နိုင်ငံတကာအခြေအနေအတွင်းက မသေချာမရေရာမှုများကို အတူတကွ ကိုင်တွယ်စီမံရန်၊ နိုင်ငံတကာကုန်သွယ်ရေးစည်းစနစ်ကို ကာကွယ်ထိန်းသိမ်းရန်၊ ကမ္ဘာလုံးဆိုင်ရာစီးပွားရေး တည်ငြိမ်စွာ တိုးတက်ရေးကို မြှင့်တင်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

တွေ့ဆုံဆွေးနွေးပြီးနောက် နှစ်နိုင်ငံအကြီးအကဲများသည် ကုန်သွယ်စီးပွား၊ သိပ္ပံနည်းပညာ၊ ပညာရေး စသည့် ကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက် စာရွက်စာတမ်း ၁၀ ခု လက်မှတ်ရေးထိုးမှုအား မျက်မြင်သက်သေပြုခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲမတိုင်မီ ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်လိယွမ်သည် စပိန်နိုင်ငံ ဘုရင် ဖိလစ် ၆ နှင့် မိဖုရား လဲတီဇီးယားအတွက် ပြည်သူ့ခန်းမဆောင် အရှေ့ဘက်မုခ်ဦး အပြင်ရှိ ရင်ပြင်တွင် ဂုဏ်ပြုကြိုဆိုသည့်အခမ်းအနား ကျင်းပခဲ့သည်။
စပိန်နိုင်ငံ ဘုရင် ဖိလစ် ၆ ရောက်ရှိလာချိန်တွင် ဂုဏ်ပြုတပ်ဖွဲ့က တန်းစီ၍ အလေးပြုခဲ့သည်။ ရှီကျင့်ဖိန်နှင့် စပိန်နိုင်ငံ ဘုရင် ဖိလစ် ၆ တို့သည် စစ်ဆေးကြည့်ရှုသည့်စင်မြင့်ထက်သို့ တက်ရောက်ရာ စစ်တီးဝိုင်းက တရုတ်နိုင်ငံနှင့် စပိန်နိုင်ငံ၏ နိုင်ငံတော်သီချင်းများကို တီးမှုတ်ကြပြီး ထျန်းအန်းမန် ရင်ပြင်တွင် ဂုဏ်ပြုအမြောက် ၂၁ ချက် ပစ်ဖောက်ခဲ့သည်။
စပိန်နိုင်ငံ ဘုရင် ဖိလစ် ၆ သည် ရှီကျင့်ဖိန်နှင့်အတူ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးကြည့်ရှုပြီး တပ်ဖွဲ့အလိုက်ချီတက်မှုအား ကြည့်ရှုခဲ့ကြသည်။

အဆိုပါအခမ်းအနားအစီအစဉ်များကို ဝမ်ရိ တက်ရောက်ခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် လာရောက်သည့် စပိန်နိုင်ငံ ဘုရင် ဖိလစ် ၆ အတွက် တရုတ်နိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင် အရှေ့ဘက်မုခ်ဦးအပြင်ရှိ ရင်ပြင်တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းက ဂုဏ်ပြုကြိုဆိုသည့်အခမ်းအနား ကျင်းပပေးနေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် လာရောက်သည့် စပိန်နိုင်ငံ ဘုရင် ဖိလစ် ၆ တို့ တရုတ်နိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

——————–
(Chinese Version)
习近平会见西班牙国王费利佩六世
新华社北京11月12日电(记者冯歆然)11月12日上午,国家主席习近平在北京人民大会堂会见来华进行国事访问的西班牙国王费利佩六世。
习近平欢迎费利佩六世国王访华,指出中国和西班牙都有深厚的历史文化底蕴。建交50多年来,两国坚持从战略高度和长远角度看待和发展双边关系,相互尊重、相互支持、相互成就,树立了不同历史文化、不同社会制度国家友好相处、共谋发展的典范,也为推动全球开放合作、维护国际公平正义发挥了重要作用。西班牙王室为中西关系发展作出了突出贡献。在两国迎来建立全面战略伙伴关系20周年之际,费利佩六世国王对中国进行国事访问,对推动两国友好合作不断向前发展具有重要意义。
习近平强调,中方珍视同西班牙的传统友好,重视西班牙在国际和地区事务中的独特作用,愿同西班牙一道,携手打造更有战略定力、更富发展活力、更具国际影响力的全面战略伙伴关系。双方要进一步坚定相互支持,保持高层交往势头,加强战略引领,确保两国关系始终走在正确道路上。要进一步推进务实合作,中方愿进口更多西班牙优质产品,挖掘新能源、数字经济、人工智能等新兴领域合作潜力,扩大相互投资,打造更多标志性项目。双方还可以优势互补,共同开拓拉美等第三方市场。要进一步促进民心相通,加强文化教育领域交流,相互支持办好各自在对方国家的文化和语言机构。中方将继续延长实施对西免签政策,便利人员往来,让两国民众越走越亲。
习近平指出,今年是联合国成立80周年。当今世界进入新的动荡变革期,和平与发展事业依然任重道远。我提出推动构建人类命运共同体,就是希望各国超越社会制度差异和意识形态分歧,通过对话和协商凝聚共识,共同把各国人民对美好生活的向往变成现实。中方愿同西班牙一道,支持联合国在国际事务中发挥核心作用,维护自由贸易规则和国际经贸秩序,构建更加公正合理的全球治理体系,推动构建人类命运共同体。
费利佩六世表示,很高兴在西中全面战略伙伴关系20周年之际对中国进行国事访问。西班牙同中国的友好交往源远流长,建交以来,两国始终相互信任、相互尊重,致力于共同发展繁荣。中国的发展成就举世瞩目,令人钦佩,特别是在脱贫和绿色低碳发展方面的成功经验值得借鉴。西班牙政府坚定不移奉行一个中国政策,支持维护国家领土完整,愿同中方推动两国全面战略伙伴关系不断向前发展,为两国人民带来更多福祉,为世界和平稳定作出更大贡献。中国企业投资有力促进了西班牙经济发展和绿色转型。西方愿同中方保持密切交往,把握中方实施“十五五”规划带来的重要机遇,加强经贸、工业、科技、绿色能源等领域合作。感谢中方对西班牙实施免签政策,愿密切文化、语言、旅游领域交流,增进人民友好。历史只能向前,不能倒退。西中两国在很多国际问题上理念高度一致,都支持多边主义,支持通过对话协商解决争端。西班牙高度赞赏习近平主席提出的四大全球倡议,愿同中方共同应对国际形势中的不确定性,维护国际贸易秩序,促进全球经济稳定发展。
会见后,两国元首共同见证签署经贸、科技、教育等领域10份合作文件。
会见前,习近平和夫人彭丽媛在人民大会堂东门外广场为费利佩六世和王后莱蒂西娅举行欢迎仪式。
费利佩六世抵达时,礼兵列队致敬。习近平同费利佩六世登上检阅台,军乐团奏中西两国国歌,天安门广场鸣放礼炮21响。费利佩六世在习近平陪同下检阅中国人民解放军仪仗队,并观看分列式。
王毅参加上述活动。(完)
1:11月12日上午,国家主席习近平在北京人民大会堂会见来华进行国事访问的西班牙国王费利佩六世。这是习近平和夫人彭丽媛同费利佩六世和王后莱蒂西娅合影。 新华社记者 黄敬文 摄
2:11月12日上午,国家主席习近平在北京人民大会堂会见来华进行国事访问的西班牙国王费利佩六世。这是会见前,习近平在人民大会堂东门外广场为费利佩六世举行欢迎仪式。 新华社记者 谢环驰 摄
3:11月12日上午,国家主席习近平在北京人民大会堂会见来华进行国事访问的西班牙国王费利佩六世。 新华社记者 殷博古 摄