China
တရုတ်နိုင်ငံအနေဖြင့် ဆန်းကျန့်မြို့၌ ၃၃ ကြိမ်မြောက် APEC ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး ကျင်းပမည်ဟု ရှီကျင့်ဖိန် ကြေညာ
ဂယောင်းဂျူ (တောင်ကိုရီးယား)၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဒေသစံတော်ချိန် နိုဝင်ဘာ ၁ ရက် နံနက်ပိုင်းတွင် ၃၂ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး အိမ်ရှင်နိုင်ငံ လွှဲပြောင်းပေးအပ်ခြင်း အစီအစဉ်အား တက်ရောက်ခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် လာမည့်နှစ် နိုဝင်ဘာလတွင် ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့၌ ၃၃ ကြိမ်မြောက် APEC ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး ကျင်းပမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
APEC အဖွဲ့အစည်းသည် အာရှ-ပစိဖိတ်ဒေသ၏ အရေးကြီးဆုံး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ယန္တရားဖြစ်ပြီး အာရှ-ပစိဖိတ်ဒေသ တိုးတက်မှုနှင့် စည်ပင်ဝပြောမှု မြှင့်တင်ရန်အတွက် အရေးကြီးအကျိုးထမ်းဆောင်မှု လုပ်ဆောင်ခဲ့ကြောင်း၊ အာရှ-ပစိဖိတ် အသိုက်အဝန်းတည်ဆောက်ခြင်းသည် အာရှ-ပစိဖိတ်ဒေသ ရေရှည်ဖွံ့ဖြိုးတိုးတက် စည်ပင်ဝပြောမှုအား ဖော်ဆောင်သည့် မဖြစ်မနေ ဖြတ်သန်းရမည့်လမ်းကြောင်း ဖြစ်သလို ဘက်အသီးသီး၏ ဘုံမျှော်မှန်းချက်လည်း ဖြစ်ကြောင်း ရှီကျင့်ဖိန်က အလေးထား ပြောကြားခဲ့သည်။
၂၀၂၆ ခုနှစ်တွင် တရုတ်နိုင်ငံသည် APEC အစည်းအဝေးအတွက် အိမ်ရှင်နိုင်ငံအဖြစ် တတိယအကြိမ် ထမ်းဆောင်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယင်းအခါအခွင့်ကြုံခိုက် ဘက်အသီးသီးနှင့် အတူလက်တွဲ၍ အာရှ-ပစိဖိတ် အသိုက်အဝန်းအား တည်ဆောက်ပြီး အာရှ-ပစိဖိတ်ဒေသ တိုးတက်မှုနှင့် စည်ပင်ဝပြောမှုကို မြှင့်တင်လိုကြောင်း၊ အာရှ-ပစိဖိတ် လွတ်လပ်သောကုန်သွယ်ရေးဒေသ၊ အပြန်အလှန် ချိတ်ဆက်မှု၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ ဉာဏ်ရည်တု (AI) စသည့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို အားစိုက်တွန်းအားပေး၍ အာရှ-ပစိဖိတ်ဒေသ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုကြီးမားသော ရှင်သန်စွမ်းအားနှင့် အားအင်များ ဖြည့်တင်းပေးကာ အာရှ-ပစိဖိတ်ဒေသပြည်သူများကို ပိုမိုအကျိုးပြုလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဆန်းကျန့်မြို့သည် ပစိဖိတ်သမုဒ္ဒရာ ကမ်းရိုးတန်း၌ တည်ရှိပြီး ဆယ်စုနှစ်အနည်းငယ်အတွင်း နောက်ကျသည့် တံငါရွာလေးမှ ခေတ်မီနိုင်ငံတကာမြို့ပြကြီးအဖြစ် ဖွံ့ဖြိုးတိုးတက်လာကြောင်း၊ ယင်းသည် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုသမိုင်းတွင် တရုတ်ပြည်သူများက ဖန်တီးလိုက်သည့် အံ့ဖွယ်တစ်ခုဖြစ်သလို တရုတ်နိုင်ငံက အပြန်အလှန်အကျိုးဖြစ်ထွန်း၍ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘုံအကျိုးစီးပွား ဖော်ဆောင်မှု မဟာဗျူဟာအား ခိုင်မြဲစွာ မမှိတ်မသုန်ကျင့်သုံးခြင်း၏ အရေးကြီးပြတင်းပေါက်လည်းဖြစ်ကြောင်း၊ ဘက်အသီးသီးအနေဖြင့် လာမည့်နှစ်တွင် ဆန်းကျန့်မြို့သို့ အတူတကွလာရောက်၍ အာရှ-ပစိဖိတ်ဒေသ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ကြီးကို အတူဆွေးနွေးကာ အာရှ-ပစိဖိတ်ဒေသ၏ သာယာလှပသော အနာဂတ်အား အတူဖန်တီးရန် မျှော်လင့်ကြောင်း ရှီကျင့်ဖိန်က ထောက်ပြပြောကြားခဲ့သည်။
အစည်းအဝေးတက်ရောက်လာသော စီးပွားရေးအစုအဖွဲ့ ခေါင်းဆောင်များကလည်း တရုတ်နိုင်ငံက APEC အဖွဲ့အစည်း ၂၀၂၆ ခုနှစ် အိမ်ရှင်နိုင်ငံအဖြစ် လွှဲပြောင်းတာဝန်ယူခြင်းကို အပြုသဘောဆောင်စွာ ထောက်ခံအားပေးကြပြီး တရုတ်နိုင်ငံ၏ အစည်းအဝေးကျင်းပသည့် အယူအဆကို ထောက်ခံချီးကျူးကြောင်း၊ APEC အဖွဲ့အစည်း “တရုတ်နိုင်ငံနှစ်” တွင် အပြည့်အဝ အောင်မြင်မှုရရှိပြီး ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရန်၊ အတူတကွ ဖွံ့ဖြိုးတိုးတက် စည်ပင်ဝပြောမှုအား မြှင့်တင်ရန်အတွက် အကျိုးထမ်းဆောင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ဆန်းကျန့်မြို့ ပြည်သူ့ရင်ပြင်၌ ဆန်းကျန့် အထူးစီးပွားရေးဇုန် တည်ထောင်ခြင်း ၄၅ နှစ်ပြည့် အထိမ်းအမှတ် ဒရုန်းမီးရောင်ဖျော်ဖြေတင်ဆက်မှုအား ၂၀၂၅ ခုနှစ် ဩဂုတ် ၂၆ ရက်က ကျင်းပနေစဉ် (ဆင်ဟွာ)
——————–
(Chinese Version)
习近平宣布中方将在深圳举办亚太经合组织第三十三次领导人非正式会议
新华社韩国庆州11月1日电(记者朱基钗 冯歆然)当地时间11月1日上午,国家主席习近平出席亚太经合组织第三十二次领导人非正式会议东道主交接环节,宣布中方将于明年11月在广东省深圳市举办亚太经合组织第三十三次领导人非正式会议。
习近平强调,亚太经合组织是亚太地区最重要的经济合作机制,为促进亚太地区增长和繁荣作出了重要贡献。构建亚太共同体是实现亚太地区长远发展繁荣的必由之路,也是各方的共同愿景。2026年,中国将第三次担任亚太经合组织东道主。中方愿以此为契机,同各方携手构建亚太共同体,促进亚太地区增长和繁荣,着力推进亚太自由贸易区、互联互通、数字经济、人工智能等务实合作,为亚太发展注入更大活力和动力,更多造福亚太人民。
习近平指出,深圳地处太平洋沿岸,几十年间从一个落后的小渔村发展成为现代化国际大都市,是中国人民创造的世界发展史上的一个奇迹,也是中国坚定不移奉行互利共赢开放战略的重要窗口。期待各方明年共赴深圳之约,共商亚太发展大计,共创亚太美好明天。
与会经济体领导人积极支持中国接任亚太经合组织2026年东道主,赞同中方办会理念,期待亚太经合组织“中国年”取得圆满成功,为推动区域合作、促进共同发展繁荣作出贡献。(完)
图说1:当地时间11月1日上午,国家主席习近平出席亚太经合组织第三十二次领导人非正式会议东道主交接环节,宣布中方将于明年11月在广东省深圳市举办亚太经合组织第三十三次领导人非正式会议。这是习近平同韩国总统李在明在交接环节上握手。 新华社记者 谢环驰 摄
图说2:8月26日,深圳经济特区建立45周年无人机灯光秀表演在深圳市民广场举行。华社记者 梁旭 摄
