Connect with us

China

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပေါင်ဆန်းမြို့ တွင် “အစိမ်းရောင်ကဏ္ဍမှ ရွှေဖြစ်ခြင်း” ကြောင့် ဒေသခံများ ဝင်ငွေတိုးပွားကြွယ်ဝလာ

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပေါင်ဆန်းမြို့ လုန်ယန်ခရိုင် ယန်လျို ပိုင်လူမျိုး၊ ယီလူမျိုး ကျေးရွာစု လိန်ဆွေကျေးရွာရှိ ဝါဆာဘိစိုက်ခင်းအား ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေါင်ဆန်း၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပေါင်ဆန်းမြို့သည် ကောင်းလီကုန့်တောင်တန်းဒေသတွင် တည်ရှိပြီး ဒေသ၏သဘာဝအခြေအနေမှာ ဝါဆာဘိအပင် ကြီးထွားရန် သင့်လျော်သည်။ ယခုနှစ်များတွင် ဒေသန္တရအစိုးရက ဝါဆာဘိစံနှုန်းအသွင်၊ ပမာဏအများအပြားအသွင် စိုက်ပျိုးရန် အားထားတွန်းအားပေး ဆောင်ရွက်လျက်ရှိရာ တောင်ပေါ်ဒေသ ထုတ်လုပ်ရေးလုပ်ငန်းအတွက် ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများ ဖန်တီးကာ တောင်သူများဝင်ငွေတိုးရေးကို အားဖြည့်ပေးလျက်ရှိသည်။

လက်ရှိတွင် ပေါင်ဆန်းမြို့သည် တရုတ်နိုင်ငံပြည်တွင်း၌ အကြီးမားဆုံးသော ဝါဆာဘိစိုက်ပျိုးရေးဒေသ ဖြစ်နေပြီးဖြစ်ရာ ထုတ်ကုန်များသည် ပြည်တွင်းဈေးကွက်တွင် ရောင်းအားပမာဏနှစ်စဉ် တိုးမြင့်လာသလို ဂျပန်၊ တောင်ကိုရီးယားနှင့် အရှေ့တောင်အာရှနိုင်ငံများသို့ပင် တင်ပို့လျက်ရှိရာ ဖွံ့ဖြိုးတိုးတက်မှုအလားအလာမှာ ကျယ်ပြောလှပေသည်။ (Xinhua)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပေါင်ဆန်းမြို့ လုန်ယန်ခရိုင် ယန်လျို ပိုင်လူမျိုး၊ ယီလူမျိုး ကျေးရွာစု လိန်ဆွေကျေးရွာရှိ ဝါဆာဘိစိုက်ခင်းတွင် ဝါဆာဘိပင်များခူးဆွတ်နေသည့် တောင်သူများအား ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————
(Chinese Version)
云南保山:“绿色黄金”富民增收
新华社照片,保山(云南),2025年11月18日
云南省保山市地处高黎贡山区域,当地自然条件适宜山葵生长。近年来,当地政府着力推进山葵标准化、规模化种植,为山区创造产业发展机遇,助力农民增收。目前,保山市已成为国内最大的山葵种植区,产品在国内市场销售份额逐年上涨,还出口至日本、韩国及东南亚国家,发展前景广阔。 新华社记者 王冠森 摄
1. 这是11月17日在云南省保山市隆阳区杨柳白族彝族乡冷水村拍摄的山葵种植基地(无人机照片)。
2. 11月17日,农民在云南省保山市隆阳区杨柳白族彝族乡冷水村一处山葵种植基地采摘山葵。