Connect with us

China

တရုတ်နိုင်ငံ အရေးကြီး တောရိုင်းအပင် မျိုးစေ့အရင်းအမြစ်စင်တာ ချန်ဆန်းစင်တာ၌ မျိုးစေ့သိုလှောင်မှုပမာဏက မျိုးစေ့ပေါင်း သန်း ၁၀၀ ကျော်ရှိလာ

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ ချန်ဆန်းရုက္ခဗေဒနမူနာပြတိုက် ပြတိုက်မှူး ကယ်ပင်းကျယ်က ချန်ဆန်းစင်တာ နမူနာပြခန်းအတွင်း မျိုးစေ့ဖော်ပင်၏ မျိုးစိတ်မျိုးကွဲစုံလင်မှုအား ရှင်းလင်းပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအရေးကြီး တောရိုင်းအပင် မျိုးစေ့အရင်းအမြစ်စင်တာ ချန်ဆန်းစင်တာ၌ မျိုးစေ့သိုလှောင်မှု ပမာဏသည် မျိုးစေ့ပေါင်း သန်း ၁၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း လတ်တလောရက်ပိုင်းတွင် ဝန်ထမ်းများက အရေအတွက်ရေတွက်မှုဖြင့် အတည်ပြုခဲ့ရာ ချန်ဆန်းစင်တာက တရုတ်နိုင်ငံအရှေ့ပိုင်းဒေသ တောရိုင်းအပင် မျိုးစေ့အရင်းအမြစ်ဒေသ နေရာရွှေ့ပြောင်းကာ ပျိုးထောင်မှုထိန်းသိမ်းသည့်လုပ်ငန်းအတွင်း အရေးကြီးတိုးတက်မှု ရရှိခဲ့ခြင်းကို အမှတ်သင်္ကေတပြုလျက်ရှိသည်။
ချန်ဆန်းစင်တာသည် ၂၀၁၇ ခုနှစ် စက်တင်ဘာလမှစ၍ တရုတ်နိုင်ငံအရှေ့ပိုင်းဒေသ၌ မျိုးစေ့စုဆောင်းမှုနှင့် သိုလှောင်မှုလုပ်ငန်းအား စနစ်တကျလုပ်ဆောင်ခဲ့ကြောင်း သိရသည်။ အဆိုပါမျိုးစေ့ သန်း ၁၀၀ ကျော်သည် တရုတ်နိုင်ငံတစ်ဝန်း ပြည်နယ် ၁၇ ခု၊ မြို့ ၄၅ မြို့၊ ခရိုင် ၁၀၀ မှ စုဆောင်းရရှိထားခြင်းဖြစ်ပြီး အားလုံးသည် တောရိုင်းအပင်မှရရှိကာ မျိုးရင်း ၁၅၉ ခု၊ မျိုးစု ၇၈၅ ခု၊ မျိုးစိတ် ၁,၉၅၀ ခုပါဝင်ကြောင်း သိရသည်။ ၎င်းအနက် တရုတ်နိုင်ငံတွင်သာ သီးသန့်ရှိသည့် မျိုးစိတ် ၃၂၃ ခုနှင့် အဖိုးတန်ရှားပါး မျိုးသုဉ်းရန်အန္တရာယ်ရှိသော အပင်မျိုးစိတ် ၆၈ ခု ပါဝင်ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ ချန်ဆန်းရုက္ခဗေနမူနာပြတိုက် ပြတိုက်မှူး ကယ်ပင်းကျယ်က ချန်ဆန်းစင်တာ နမူနာမျိုးစေ့အအေးခန်းအတွင်း လုပ်ကိုင်နေသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————-
(Chinese Version)
国家重要野生植物种质资源库辰山中心种子存量突破一亿粒
新华社照片,上海,2025年11月20日
近日,经工作人员计数确认,国家重要野生植物种质资源库辰山中心已保存的饱满种子总量突破一亿粒,标志着辰山中心在华东地区野生植物种质资源迁地保育工作中取得重要进展。
据介绍, 辰山中心自2017年9月起正式在华东地区系统性开展种子收集与保存工作。这一亿多粒种子采自全国17个省45个市100个县,全部来自野生植物,涵盖159科785属1950种,其中,中国特有种323种,珍稀濒危植物68种。
图说1:11月19日,上海辰山植物标本馆馆长葛斌杰在辰山中心标本馆介绍裸子植物多样性。新华社记者 张建松 摄
图说2:11月19日,上海辰山植物标本馆馆长葛斌杰在辰山中心种子冷库里工作。 新华社记者 张建松 摄