China
တရုတ်နိုင်ငံ ချုံချင့်မြို့ အယ်လျင် လျှောက်လမ်းတံတားသည် ခရီးသွားလာမှု အထင်ကရနေရာအသစ်ဖြစ်လာ
ချုံချင့်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)
လတ်တလောရက်ပိုင်းတွင် တရုတ်နိုင်ငံ ချုံချင့်မြို့ တောင်ကမ်းပါးရှိ အယ်လျင် လျှောက်လမ်းတံတားကို အများပြည်သူအတွက် တရားဝင်ဖွင့်လှစ်ခဲ့သည်။ အဆိုပါ လျှောက်လမ်းတံတားသည် စုစုပေါင်း အရှည် ၄၆၀ မီတာ၊ အကျယ် ၃ မီတာ ရှိပြီး အမြင့်ဆုံးနေရာသည် မြေပြင်မှ ၂၈ မီတာ အကွာတွင်ရှိသည်။ တံတားကို သဘာဝတောင်ကမ်းပါးတစ်လျှောက် တည်ဆောက်ထားခြင်းဖြစ်ပြီး အယ်လျင်ပန်းခြံနှင့် ဖော်ထူကွမ်းပန်းခြံတို့ကို တစ်ဆက်တည်းချိတ်ဆက်ပေးလိုက်ကာ တစ်မူထူးခြားသော မြစ်ရေပြင်ရှုမြင်ကွင်းကြောင့် ချုံချင့်မြို့ ခရီးသွားလာမှု၏ အထင်ကရနေရာအသစ် ဖြစ်လာခဲ့သည်။ (Xinhua)——————

တရုတ်နိုင်ငံ ချုံချင့်မြို့ တောင်ကမ်းပါးရှိ အယ်လျင် လျှောက်လမ်းတံတားတွင် လည်ပတ်၍ အမှတ်တရဓာတ်ပုံ ရိုက်ကူးနေသူများကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)



(Chinese Version)
重庆鹅岭栈桥成为旅游新地标
新华社照片,重庆,2025年11月24日
近日,重庆半山崖线鹅岭栈桥正式对外开放。该栈桥全长460米,宽3米,最高处距地面28米,依天然崖壁而建,将鹅岭公园与佛图关公园连为一体,独特的观江视野使其成为重庆旅游观光的新晋地标。
图说1:11月24日,人们在重庆半山崖线鹅岭栈桥观光。 新华社记者 陈诚 摄
图说2:11月24日,人们在重庆半山崖线鹅岭栈桥观光、拍照。新华社记者 陈诚 摄
