Connect with us

China

“တစ်သမတ်တည်းဖြစ်သော ရပ်တည်ချက်” ဆိုသည့် ဂျပန်၏ အကြောင်းအရာအတိအကျကား အဘယ်နည်းဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

ပေကျင်း၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ထိုင်ဝမ်အရေးတွင် ဂျပန်၏ “တစ်သမတ်တည်းဖြစ်သော ရပ်တည်ချက်” ဆိုသည်နှင့် စပ်လျဉ်း၍ မေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဂျပန်နိုင်ငံသည် ၎င်း၏ရပ်တည်ချက် ပြောင်းလဲမှုမရှိဟုသာ အကြိမ်ကြိမ် ထပ်လောင်းပြောဆိုနေပြီး တိကျသော အကြောင်းအရာနှင့်ပတ်သက်၍မူ အသေးစိတ်ပြောဆိုခြင်းမရှိဘဲ သတ်မှတ်စည်းမျဉ်းကို အဆက်မပြတ်ကျော်လွန်နေပါက ဤသို့သော ထပ်လောင်းပြောဆိုမှုသည် အနက်အဓိပ္ပါယ်မဲ့သော စကားများသာဖြစ်ကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် တရုတ်၏ တည်ကြည်လေးနက်သော တောင်းဆိုချက်များကို အလေးအနက်ထားကာ လက်တွေ့ ပြန်လည်သုံးသပ်၍ အမှားပြင်ဆင်ရန်၊ တရုတ်နိုင်ငံအပေါ် ကတိကဝတ်များကို လက်တွေ့လုပ်ဆောင်ချက်များတွင် ပြသရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း နိုဝင်ဘာ ၂၄ ရက်က ပြောကြားခဲ့သည်။

အဆိုပါနေ့ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ၏ ထိုင်ဝမ်နှင့်ပတ်သက်သည့် မှားယွင်းသောပြောဆိုချက်များနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံ တရုတ်နိုင်ငံက ပေးစာပို့ထားသည့်အပေါ် တုံ့ပြန်သည့်အနေဖြင့် ဂျပန်အစိုးရ ပြောရေးဆိုခွင့်ရှိသူက ထိုင်ဝမ်အရေးတွင် ဂျပန်က ရပ်တည်ချက်များ ပြောင်းလဲလိုက်သည်ဟူသော တရုတ်၏ အဆိုများမှာ အခြေအမြစ်လုံးဝမရှိပါဟု G20 ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကာလအတွင်း သတင်းထောက်များထံ ပြောကြားခဲ့ကြောင်း၊ ဂျပန်နိုင်ငံသည် တာကာအိချိ၏ ပြောဆိုချက် အဓိကအနက်အဓိပ္ပာယ်နှင့် ဂျပန်၏ တစ်သမတ်တည်းဖြစ်သော ရပ်တည်ချက်ကို တရုတ်နိုင်ငံထံ အကြိမ်ကြိမ် ရှင်းပြခဲ့ပြီး တရုတ်နိုင်ငံနှင့် ဆွေးနွေးရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံအနေဖြင့် မည်သို့ တုံ့ပြန်မှုလိုပါသနည်း မေးမြန်းခဲ့ခြင်းဖြစ်သည်။

ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ ဂျပန်က ၎င်း၏ “တစ်သမတ်တည်းဖြစ်သော ရပ်တည်ချက်” အကြောင်းကို လတ်တလောက ထည့်သွင်းပြောကြားခဲ့ကို တရုတ်နိုင်ငံက သတိပြုမိခဲ့သော်လည်း ဂျပန်၏ “တစ်သမတ်တည်းဖြစ်သော ရပ်တည်ချက်” ဟူသော အကြောင်းအရာအတိအကျကား အဘယ်နည်း၊ ဂျပန်အနေဖြင့် ဤ “တစ်သမတ်တည်းဖြစ်သော ရပ်တည်ချက်” ကို ပြည့်စုံစွာ အများပြည်သူသိအောင် ဖော်ပြနိုင်ပါသလော၊ ဂျပန်နိုင်ငံသည် ၎င်း၏ရပ်တည်ချက် ပြောင်းလဲမှုမရှိဟုသာ အကြိမ်ကြိမ် ထပ်လောင်းပြောဆိုနေပြီး တိကျသော အကြောင်းအရာနှင့်ပတ်သက်၍ အသေးစိတ်ပြောကြားခြင်းမရှိဘဲ လုပ်ဆောင်ချက်များသည် သတ်မှတ်စည်းမျဉ်းကို အဆက်မပြတ်ကျော်လွန်နေပါက ဤသို့သော ထပ်လောင်းပြောဆိုမှုသည် အနက်အဓိပ္ပါယ်မဲ့သော စကားများသာဖြစ်သလို တရုတ်တစ်နိုင်ငံတည်းဟူသော ရပ်တည်ချက်ကို မှေးမှိန်၍ အနှစ်သာရမဲ့အောင် လုပ်ဆောင်နေကြောင်း မော်နင်က ပြောကြားခဲ့သည်။
ဂျပန်ဝန်ကြီးချုပ် တာကာအိချိ၏ ထိုင်ဝမ်နှင့် ပတ်သက်၍ မှားယွင်းသော ပြောဆိုချက်များနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံသည် တည်ကြည်လေးနက်သော ရပ်တည်ချက်များကို ကြိမ်ဖန်များစွာ ရှင်းလင်းပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာ ပြောဆိုမှုများသည် တရုတ်-ဂျပန် နိုင်ငံရေး စာရွက်စာတမ်း ၄ ခုကို ပြင်းထန်စွာ ချိုးဖောက်ခဲ့သလို တရုတ်-ဂျပန် ဆက်ဆံရေး၏ နိုင်ငံရေးအုတ်မြစ်ကို အခြေခံမှ ထိခိုက်စေခဲ့ကြောင်း မော်နင်က ပြောကြားခဲ့သည်။

တရုတ်တစ်နိုင်ငံတည်း အခြေခံမူသည် နိုင်ငံတကာ အသိုင်းအဝိုင်း၏ မယိမ်းယိုင်နိုင်သော ယေဘုယျ သဘောတူညီချက်ဖြစ်ကြောင်း၊ ထိုင်ဝမ်အရေးတွင် ဂျပန်အစိုးရ၏ ရပ်တည်ချက် အမှန်တကယ် မပြောင်းလဲပါက တရုတ်တစ်နိုင်ငံတည်း အခြေခံမူကို ပြတ်ပြတ်သားသား ထိန်းသိမ်းသင့်ကြောင်း၊ ၁၉၇၂ ခုနှစ် “တရုတ်-ဂျပန် ပူးတွဲကြေညာချက်” မှ သက်ဆိုင်ရာ တိကျသော အကြောင်းအရာများဖြစ်သည့် “ဂျပန် အစိုးရအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရသည် တရုတ်နိုင်ငံ၏ တစ်ခုတည်းသော တရားဝင်အစိုးရအဖြစ် လက်ခံအသိအမှတ်ပြုခြင်း”၊ “တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ ထပ်လောင်းပြောကြားခြင်း- ထိုင်ဝမ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ခွဲခြား၍ မရသော နယ်မြေပိုင်နက်အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဂျပန်နိုင်ငံ အစိုးရသည် တရုတ်နိုင်ငံအစိုးရ၏ ဤရပ်တည်ချက်ကို အပြည့်အဝ နားလည်လေးစားပြီး ပေ့ါစ်ဒမ် ကြေညာချက်၏ အပိုဒ် ၈ ပါ ရပ်တည်ချက်ကို အခိုင်အမာလိုက်နာမည်” တို့အပါအဝင် တရုတ်-ဂျပန် နိုင်ငံရေး စာရွက်စာတမ်း ၄ ခု၏ စိတ်ဓာတ်နှင့် ယနေ့အထိ ကတိကဝတ်များကို လိုက်နာသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ဂျပန်နိုင်ငံအနေနဲ့ အထက်ဖော်ပြပါ ရပ်တည်ချက်တွေကို ဘာကြောင့် ပြည့်ပြည့်စုံစုံ အတိအကျ ထပ်လောင်းမပြောကြားနိုင်ရတာလဲ”၊ ဂျပန်နိုင်ငံအနေဖြင့် တရုတ်၏ တည်ကြည်လေးနက်သော တောင်းဆိုချက်များကို အလေးအနက်ထားကာ လက်တွေ့ ပြန်လည်သုံးသပ်၍ အမှားပြင်ဆင်ရန်၊ တရုတ်နိုင်ငံအပေါ် ကတိကဝတ်များကို လက်တွေ့လုပ်ဆောင်ချက်များတွင် ပြသရန်၊ အမှားများကို ခေါင်းမာစွာ ဆုပ်ကိုင်မထားရန်၊ အပြောတစ်မျိုး အလုပ်တစ်မျိုး ပို၍မလုပ်ရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း မော်နင်က ပြောကြားခဲ့သည်။ (Xinhua)
………………….
(Chinese Version)
外交部:日方所谓“一贯立场”的具体内容到底是什么?
新华社北京11月24日电(记者袁睿、董雪)外交部发言人毛宁24日就日方所谓在台湾问题上的“一贯立场”答问时表示,如果日方只是反复重申立场未变的概念,却对具体内容语焉不详,在行动上不断越线,那这种重申就是一句空话。中方敦促日方认真对待中方的严肃要求,切实反思改错,把对华承诺体现在实际行动中。
当日例行记者会上,有记者问:据报道,针对中方就日本首相高市早苗涉台错误言论致函联合国秘书长,日本政府发言人在二十国集团领导人峰会期间对记者称,中方所谓日本改变在台湾问题上的立场毫无依据。日方已多次向中方解释高市言论的要义和日方一贯立场,并致力于同中方对话。中方对此有何回应?
毛宁表示,中方注意到日方近期提到在台湾问题上的“一贯立场”,但日方所谓“一贯立场”的具体内容到底是什么?日方能不能完整公开地表述这个“一贯立场”?如果日方只是反复重申立场未变的概念,却对具体内容语焉不详,在行动上不断越线,那这种重申就是一句空话,是在虚化和掏空一个中国的立场。
毛宁说,关于日本首相高市早苗的涉台错误言论,中方已经多次阐明严正立场。有关言论严重违背中日四个政治文件精神,从根本上损害中日关系的政治基础。
她表示,一个中国原则是国际社会不可动摇的普遍共识。如果日本政府在台湾问题上的立场真的没有改变,就应当明确坚持一个中国原则,恪守中日四个政治文件精神和迄今承诺,包括1972年《中日联合声明》有关具体内容,即“日本国政府承认中华人民共和国政府是中国的唯一合法政府”,“中华人民共和国政府重申:台湾是中华人民共和国领土不可分割的一部分。日本国政府充分理解和尊重中国政府的这一立场,并坚持遵循波茨坦公告第八条的立场”。
“日方为什么不能完整准确地重申上述立场?”毛宁说,中方敦促日方认真对待中方的严肃要求,切实反思改错,把对华承诺体现在实际行动中,不要执迷不悟,更不能说一套做一套。(完)