China
အာကာသယာဉ်မှူးများ ကောင်းကင်နှင့် ကမ္ဘာမြေအကြား ဘေးကင်းလုံခြုံစွာ သွားလာနိုင်ခြင်းကြောင့် တရုတ်နိုင်ငံ၏ လူလိုက်ပါအာကာသကဏ္ဍတွင် မျှော်လင့်ထိုက်စရာများရှိ
ကျိုချွမ်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)
ရှန်ကျိုး-၂၂ အာကာသယာဉ်ကို တရုတ်နိုင်ငံ ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာ၌ နိုဝင်ဘာ ၂၅ ရက် ၁၂ နာရီ ၁၁ မိနစ်တွင် အောင်မြင်စွာ လွှတ်တင်ခဲ့သည်။ ယင်းလူမဲ့အာကာသယာဉ်သည် နောက်ပိုင်းတွင် ရှန်ကျိုး-၂၁ အာကာသယာဉ်မှူးအဖွဲ့ ကမ္ဘာမြေသို့ ပြန်လာမည့်အာကာယာဉ်ဖြစ်လာမည် ဖြစ်သည်။
လွန်ခဲ့သည့် ရက်ပေါင်း ၂၀ က ရှန်ကျိုး-၂၀ အာကာသယာဉ်သည် အာကာသအပိုင်းအစများ၏ တိုက်မိမှုဟု ယူဆရခြင်းကြောင့် အပြန်ခရီး နှောင့်နှေးခဲ့သည်။ နိုဝင်ဘာ ၁၄ ရက်တွင် ရှန်ကျိုး-၂၀ အာကာသယာဉ်မှူးအဖွဲ့သည် ရှန်ကျိုး-၂၁ အာကာသယာဉ် အပြန်ယာဉ်သို့ “ပြောင်းရွှေ့လိုက်ပါ” ၍ တုန်းဖုန်းမြေပြင်ဆင်းသက်ကွင်းသို့ ပြန်လည်ရောက်ရှိခဲ့သည်။ ယင်းမှာ နိုင်ငံတကာအာကာသကဏ္ဍ ရုတ်ခြည်းဖြစ်ပွားသောကိစ္စရပ်ကို ထိရောက်မှုမြင့်မားစွာ ကိုင်တွယ်စီမံရန်အတွက် အောင်မြင်သည့်နမူနာ ပံ့ပိုးခဲ့သလို လူ့အသက်ကို ထိပ်တန်းဦးစားပေး၊ လုံခြုံရေးပထမ ဟူသော အတွေးအခေါ်ကို အပြည့်အဝ ဖော်ပြခဲ့သည်။
၁၉၉၂ ခုနှစ် စီမံကိန်း တရားဝင်စတင်တည်ထောင်သည့်အချိန်မှစ၍ ယနေ့အထိ တရုတ်နိုင်ငံ၏ လူလိုက်ပါအာကာသကဏ္ဍသည် အာကာသယာဉ်မှူးများ၏ လုံခြုံရေးအာမခံမှုအား အာမခံပေးမှုကို ထိပ်တန်းနေရာတွင် အစဉ်အမြဲထားရှိပေသည်။ ယခုအကြိမ် “ယာယီရပ်တန့်သည့်ခလုတ်” နှိပ်လိုက်သည်မှ ရှန်ကျိုး-၂၀ အာကာသယာဉ်မှူးအဖွဲ့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာပြီး ရှန်ကျိုး-၂၂ ကြယ်တာရာများနှင့်ဆုံစည်းသည်အထိ တရုတ်နိုင်ငံ လူလိုက်ပါအာကာသဏ္ဍ၏ ဤအောင်မြင်စွာ လက်တွေ့ဖော်ဆောင်နိုင်မှုသည် တရုတ်နိုင်ငံတွင် အာကာသယာဉ်မှူးများ ကောင်းကင်နှင့် ကမ္ဘာမြေအကြား လုံခြုံဘေးကင်းမှုသေချာစွာ သွားလာနိုင်အောင် စွမ်းဆောင်နိုင်စွမ်းရှိသည်ကို ထပ်မံသက်သေပြလိုက်ခြင်း ဖြစ်သည်။
ဤ စွမ်းဆောင်နိုင်စွမ်းမျိုးသည် စီမံကိန်းလုပ်ငန်းစဉ်တစ်ခုလုံး၌ ရုတ်ခြည်းဖြစ်ပွားသောအခြေအနေကို ရင်ဆိုင်ချိန်တွင် တည်ငြိမ်စွာ ကိုင်တွယ်စီမံမှု၊ သိပ္ပံနည်းကျ ဖြေရှင်းမှုအတွင်း ပြသလျက်ရှိသည်။ အာကာသယာဉ်သည် အာကာသအပိုင်းအစများ တိုက်မိမှုဟု သံသယရှိသည့် အရေးပေါ်အခြေအနေတွင် အာကာသယာဉ်မှူးများ အပြည့်အဝ လုံခြုံဘေးကင်းရေးနှင့် မစ်ရှင် အပြည့်အဝအောင်မြင်ရေးကို သေချာစေရန်အတွက် စီမံကိန်းလုပ်ငန်းစဉ်က အရေးပေါ်တုံ့ပြန်မှုယန္တရားကို လျင်မြန်စွာ စတင်ခဲ့သည်။ လေ့လာသုံးသပ်မှုမှသည် ဆုံးဖြတ်ချက်ချသည်အထိ တည်ငြိမ်၍ ဆီလျော်သည့်နည်းလမ်း အလွန်လျင်မြန်စွာ ဖြစ်တည်လာရာ တရုတ်လူလိုက်ပါအာကာသကဏ္ဍ၏ နည်းပညာအခြေခံအုတ်မြစ်နှင့် အရန်စနစ်ကို ပြသခဲ့သည်။
ဤ စွမ်းဆောင်နိုင်စွမ်းမျိုးသည် ကျယ်ပြန့်များပြားလှသည့် ပါဝင်သုတေသနပြုစမ်းသပ်သည့်ဌာနများ၏ ဟန်ချက်ညီညီ အားသွန်ခွန်စိုက် ပူးပေါင်းဆောင်ရွက်မှုနှင့် အခက်အခဲများကို တိုက်ဖျက်ကျော်လွှားမှုအတွင်း ပြသလျက်ရှိသည်။ အန္တရာယ်အားသုံးသပ်အကဲဖြတ်မှု၊ နည်းလမ်းအကဲဖြတ်ခြင်းနှင့် ဆုံးဖြတ်ချက်ချခြင်း၊ လူပုဂ္ဂိုလ်နှင့် အထောက်အပံ့ပစ္စည်းများကို ချိန်ညှိစီမံခြင်း၊ အာကာသယာဉ်မှူးအဖွဲ့ အာကာသယာဉ်ပြောင်း၍ ကမ္ဘာမြေသို့ ပြန်ခြင်း၊ အာကာသယာဉ် အရေးပေါ်လွှတ်တင်ခြင်း စသည်တို့ကို တည်ငြိမ်သောခြေလှမ်းများဖြင့် ထိရောက်မှုမြင့်မားစွာ ပြီးမြောက်အောင် ဆောင်ရွက်ခဲ့သည်။
“အလွန်ပင်ပန်းဆင်းရဲခံနိုင်ခြင်း၊ အလွန်တိုက်ရည်ခိုက်ရည်ရှိခြင်း၊ အခက်အခဲအကျပ်အတည်းများကို အလွန်ကျော်လွှားနိုင်ခြင်း၊ အလွန် အကျိုးဆောင်နိုင်ခြင်း” ဟူသော လူလိုက်ပါအာကာသကဏ္ဍ၏ စိတ်ဓာတ်ကို သက်ဝင်လှုပ်ရှားစွာ လက်တွေ့ဖော်ဆောင်ခဲ့ပေသည်။
ဤ စွမ်းဆောင်နိုင်စွမ်းမျိုးသည် တရုတ်အာကာသကဏ္ဍလူပုဂ္ဂိုလ်များ၏ သိပ္ပံနည်းကျ လက်တွေ့ဖော်ဆောင်သော စေ့စပ်သေချာတိကျသော ကောင်းမွန်သည့်လုပ်ပုံကိုင်ပုံတွင် ဖော်ပြလျက်ရှိသည်။ လူသားမျိုးနွယ် အာကာသစူးစမ်းလေ့လာသည့် ခရီးစဉ်သည် အန္တရာယ်များနှင့် အစဉ်ဒွန်တွဲလျက်ရှိသည်။ တရုတ်အာကာသဏ္ဍလူပုဂ္ဂိုလ်များသည် နည်းလမ်းများကို စေ့စပ်သေချာစွာ ရေးဆွဲခြင်း၊ အစီအစဉ်ကို သိပ္ပံနည်းကျသက်သေပြုခြင်း၊ အရည်အသွေးကို အကြိမ်ကြိမ်စိစစ်စမ်းသပ်ခြင်း၊ စီမံခန့်ခွဲမှုကို အနုစိတ်ဖော်ဆောင်ခြင်းတို့ကို အစဉ်သဖြင့် လက်ကိုင်ထားဆောင်ရွက်လျက်ရှိသည်။ ယင်းမှာ အာကာသကဏ္ဍ လူပုဂ္ဂိုလ်တစ်ဦးစီတိုင်း၏ သွေးသားထဲတွင် ခိုင်ခိုင်မာမာ အမြစ်တွယ်နေပြီး နေ့စဉ်လှုပ်ရှားမှု၏ အလိုအလျောက်ဖြစ်လာခြင်းမှာ တရုတ်လူတင်အာကာသကဏ္ဍလုပ်ငန်း၏ “အောင်မြင်မှု သေ့ာချက်” ဖြစ်လာသည်။
ဤ စွမ်းဆောင်နိုင်စွမ်းမျိုးသည် စစ်မရောက်ခင် မြားချွှန်၊ အချိန်ပြည့် အသင့်အနေအထားရှိသည့် အခြေခံအတွေးအခေါ်တွင် ပြသလျက်ရှိသည်။ ရှန်ကျိုး-၁၂ မစ်ရှင်မှစ၍ တရုတ်နိုင်ငံ လူလိုက်ပါအာကာသယာဉ်လွှတ်တင်မှုသည် “တစ်ခုလွှတ်တင် တစ်ခုအသင့်ပြင်၊ အလှည့်ကျ အရန်သင့်ထားရှိခြင်း” နည်းဗျူဟာကို အသုံးပြုခဲ့ရာ ရုတ်ခြည်းဖြစ်ပွားသော အခြေအနေအောက်တွင် အရန်ပြင်ဆင်ထားသည့် ဒုံးပျံနှင့် အာကာသယာဉ်သည် အချိန်မရွေး စတင်ပြီး အာကာသစခန်း အရေးပေါ် ကူညီကယ်ဆယ်ရေးမစ်ရှင် ဖော်ဆောင်နိုင်ရန် အာမခံပေးခဲ့သည်။ ယခုအကြိမ်မစ်ရှင်သည် တရုတ်အာကာသစခန်းမစ်ရှင် ဤနည်းဗျူဟာ၏ သိပ္ပံနည်းကျမှု၊ ယုံကြည်အားထားထိုက်မှု၊ တရုတ်လူလိုက်ပါ အာကာသဏ္ဍတွင် အန္တရာယ်စိန်ခေါ်မှုများကို တည်ငြိမ်စွာ ကိုင်တွယ်စီမံနိုင်သည့် ယုံကြည်ချက်ကို စမ်းသပ်၍ သက်သေပြုခဲ့သည်။
တရုတ်နိုင်ငံက နောက်တစ်ဖန် အရှိန်အဟုန်ဖြင့် လေးတင်မြားပြင်ကာ ရှန်ကျိုးအာကာသယာဉ်ကို အာကာသသို့ တိုက်ရိုက်ပို့ဆောင်ခဲ့သည်။ ရှန်ကျိုးအာကာသယာဉ် အာကာသသို့ ပျံတက်သွားသည့် လမ်းကြောင်းက နိုင်ငံစနစ်သစ်၏ အားသာချက်များကို အထင်အရှားပြသလိုက်ရာ တရုတ်နိုင်ငံ၏ လူလိုက်ပါအာကာသကဏ္ဍတွင် မျှော်လင့်ထိုက်စရာများ ရှိ၍နေပေသည်။ (Xinhua)




—————————-
(Chinese Version)
新华时评|航天员安全往返天地间,中国载人航天值得期待!
新华社酒泉11月25日电 题:航天员安全往返天地间,中国载人航天值得期待! 新华社记者
11月25日12时11分,我国在酒泉卫星发射中心成功发射神舟二十二号飞船。这艘无人状态飞船,后续将作为神舟二十一号航天员乘组的返回飞船。
20天前,神舟二十号飞船因疑似遭空间微小碎片撞击推迟返回。11月14日,神舟二十号航天员乘组“换乘”神舟二十一号飞船返回舱返回东风着陆场,这为国际航天领域高效应对突发事件提供了成功范例,诠释了生命至上、安全第一的理念。
自1992年正式立项至今,中国载人航天始终把确保航天员安全摆在首要位置。这一次,从按下“暂停键”到神舟二十号航天员乘组平安归来,再到神舟二十二号飞船星河赴约,中国载人航天这一成功实践再次证明:中国有能力确保航天员安全往返天地间。
这种能力,体现在工程全线面对突发状况时的从容应对、科学处置中。在飞船疑似遭空间微小碎片撞击的紧要关头,为确保航天员绝对安全与任务圆满成功,工程迅速启动应急机制。从研判到决策,很快形成稳妥方案,展现出中国载人航天的技术底蕴与预案体系。
这种能力,体现在广大参研参试单位大力协同与攻坚克难中。稳步高效完成风险分析评估、方案论证决策、人员物资调动、乘组换船返回、飞船应急发射……生动践行了“特别能吃苦、特别能战斗、特别能攻关、特别能奉献”的载人航天精神。
这种能力,体现在中国航天人科学求实、严慎细实的优良作风中。人类探索太空的征程始终与风险相伴。中国航天人始终秉持对方案严谨设计、对计划科学论证、对质量千锤百炼、对管理精雕细琢。这熔铸于每一名航天人血脉中,化作日复一日的行动自觉,成为中国载人航天事业的“制胜密码”。
这种能力,体现在未雨绸缪、全时待命的底线思维中。自神舟十二号任务起,我国载人飞船发射便采用“发一备一、滚动备份”策略,确保在突发状况下,备份火箭与飞船可随时启动,执行空间站应急救援任务。这次任务,验证了中国空间站任务这一策略的科学性、可靠性,中国载人航天具有从容应对风险挑战的底气。
神州再挽满弦弓,直送神舟射苍穹。神舟飞船飞向太空的轨迹,彰显了新型举国体制优势。中国载人航天,值得期待!(完)
1. 11月25日,搭载神舟二十二号飞船的长征二号F遥二十二运载火箭,在酒泉卫星发射中心点火发射。新华社记者 李明刚 摄
