Connect with us

China

တရုတ်-အမေရိကန် အကြီးအကဲများ ဖုန်းဖြင့်ဆက်သွယ်မှုက တက်ကြွမှုရှိကာ ချစ်ကြည်ရင်းနှီး၍ အပြုသဘောဆောင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်အား ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၅ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ- China Ministry of Foreign Affairs)

ပေကျင်း၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ နိုဝင်ဘာ ၂၅ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်က ယမန်နေ့ညတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ထရမ့်တို့သည် ဖုန်းဖြင့်ဆက်သွယ်ခဲ့ကြောင်း၊ ယခုအကြိမ် ဖုန်းဖြင့်ဆက်သွယ်မှုသည် တရုတ်ဘက်မှ စတင်အဆိုပြုခြင်း ဖြစ်သလော သို့မဟုတ် အမေရိကန်ဘက်မှ တောင်းဆိုချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သလောဟု မေးမြန်းခဲ့သည်။

အဆိုပါမေးမြန်းချက်အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က သမ္မတ ထရမ့်၏ ဒုတိယအကြိမ် တာဝန်ထမ်းဆောင်သည့်အချိန်မှစ၍ တရုတ်-အမေရိကန်အကြီးအကဲများသည် ပုံမှန်သွားလာဆက်ဆံမှုကိုထိန်းသိမ်းထားကြောင်း၊ ယခုအကြိမ် ဖုန်းဖြင့်ဆက်သွယ်မှုသည် အမေရိကန်မှ စတင်ခေါ်ဆိုခြင်းဖြစ်သည်ဟု သိရှိရကြောင်း၊ ဖုန်းဖြင့်ဆက်သွယ်မှုသည် တက်ကြွမှုရှိကာ ချစ်ကြည်ရင်းနှီး၍ အပြုသဘောဆောင်ကြောင်း၊ နှစ်နိုင်ငံအကြီးအကဲများက အတူတကွဂရုပြုသည့် အကြောင်းအရာများနှင့်စပ်လျဉ်း၍ ချိတ်ဆက်ပြောဆိုခဲ့ရာ တရုတ်-အမေရိကန်ဆက်ဆံရေး တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအရေးကြီးကြောင်း ပြောကြားခဲ့သည်။ (Xinhua)

———————-
(Chinese Version)
中国外交部:中美元首通话氛围是积极、友好、建设性的
新华社北京11月25日电(记者袁睿、刘杨)11月25日中国外交部例行记者会上,有记者提问:昨晚中国国家主席习近平同美国总统特朗普通了电话,请问这次通话是由中方主动提议还是应美方要求进行的?对此,外交部发言人毛宁表示,特朗普总统第二任期以来,中美元首保持着经常性的交往。据我了解,此次通话是美方发起的,通话的氛围是积极的、友好的、建设性的。两国元首就共同关心的问题进行沟通,对于中美关系稳定发展十分重要。(完)