China
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၏ ပထမဆုံး မြို့တွင်းအခွန်လွတ်ဆိုင်အား ရှီးအန်းမြို့၌ တရားဝင်ဖွင့်လှစ်
ရှီးအန်း၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းဒေသ၏ ပထမဆုံး မြို့တွင်း အခွန်လွတ်ဆိုင် (Duty Free Shop) ဖြစ်သော ရှီးအန်းမြို့တွင်း အခွန်လွတ်ဆိုင်ကို တရုတ်နိုင်ငံ ဆန်ရှီးပြည်နယ် ရှီးအန်းမြို့ ကျုံးလိုစီးပွားရေးရပ်ဝန်းဇုန်၌ တရားဝင်ဖွင့်လှစ်ခဲ့သည်။ ဆိုင်အတွင်း၌ အခွန်လွတ်ကုန်ပစ္စည်းဇုန်နှင့် အခွန်ပါကုန်ပစ္စည်းဇုန်ဟူ၍ ခွဲခြားထားသည်။
အခွန်လွတ်ကုန်ပစ္စည်းဇုန်တွင် အလှကုန်ပစ္စည်း၊ လက်ပတ်နာရီနှင့် ကျောက်မျက်ရတနာ၊ သွင်းကုန် အဖျော်ယမကာ၊ သေတ္တာအိတ်၊ အီလက်ထရောနစ်ပစ္စည်း စသည့် အမျိုးအစားများပါဝင်သည်။ အခွန်ပါကုန်ပစ္စည်းဇုန်တွင်မူ ခေတ်စားသော ကစားစရာ၊ ပြည်တွင်း၌ခေတ်စားသည့် အလှကုန်ပစ္စည်း၊ အခန်းပြင်ပအားကစားသုံးပစ္စည်း၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် လက်မှုအနုပညာလက်ရာပစ္စည်း၊ ဆန်ရှီးထူးခြားချက်ပါသော ယဉ်ကျေးမှု ဆန်းသစ်တီထွင်သည့်ထုတ်ကုန် စသည်တို့ ပါဝင်သည်။
သက်တမ်းရှိ ပြည်ဝင်ပြည်ထွက်သက်သေခံလက်မှတ် ကိုင်ဆောင်ထားပြီး ရက်ပေါင်း ၆၀ အတွင်း ပြည်ထွက်သည့် လေယာဉ်လက်မှတ် သို့မဟုတ် နိုင်ငံတကာအပျော်စီးသင်္ဘောလက်မှတ် ဝယ်ယူထားသည့် ခရီးသွားဧည့်သည်များအနေဖြင့် ရှီးအန်းမြို့တွင်း အခွန်လွတ်ဆိုင်၌ အခွန်လွတ်ဈေးဝယ်ခြင်း ဟူသည့် သက်သာခံစားခွင့်အား ခံစားနိုင်ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ရှီးအန်းမြို့တွင်း အခွန်လွတ်ဆိုင် အခွန်လွတ်ကုန်ပစ္စည်းဇုန်၌ ပြည်ပမှတင်သွင်းသော အဖျော်ယမကာများအား ရွေးချယ်ဝယ်ယူနေသူများကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)



———————-
(Chinese Version)
我国西北首家市内免税店在西安正式开业
新华社照片,西安,2025年11月26日
11月26日,我国西北首家市内免税店——西安市内免税店在钟楼商圈正式开业。店内分设免税商品区与有税商品区,免税商品区涵盖美妆、腕表珠宝、进口酒水、箱包、电子产品等品类,有税商品区则引入潮流玩具、国潮美妆、户外运动用品、非遗工艺品、陕西特色文创产品等。据悉,持有效出入境证件且已购买60日(含)内出境机票或国际邮轮船票的旅客,可在西安市内免税店享受免税购物优惠。
图说1:11月26日拍摄的西安市内免税店外景。 新华社记者 邹竞一 摄
图说2:11月26日,顾客在西安市内免税店免税商品区选购进口酒水。新华社记者 邹竞一 摄
