ပေကျင်း၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)
၃၂ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေးသည် နိုဝင်ဘာ ၁ ရက်၌ ကျင်းပပြီးစီးခဲ့ရာ တရုတ်နိုင်ငံက APEC အစည်းအဝေး လက်ခံကျင်းပမည့် အိမ်ရှင်နိုင်ငံတာဝန်ကို လက်ဆင့်ကမ်းယူပြီး အများအာရုံစိုက်ကြသည့် APEC “တရုတ်နှစ်” ကို ဖွင့်လှစ်ခဲ့သည်။
သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် ယင်းကို အခွင့်အလမ်းအဖြစ်ထားရှိကာ ဘက်ပေါင်းစုံနှင့်အတူ အာရှ-ပစိဖိတ်အသိုက်အဝန်း လက်တွဲအတူ တည်ဆောက်သွားရန်၊ အာရှ-ပစိဖိတ်ဒေသ တိုးတက်ရေးနှင့် စည်ပင်ဝပြောရေးကို မြှင့်တင်ရန်၊ အာရှ-ပစိဖိတ် လွတ်လပ်သောကုန်သွယ်ရေးဇုန်၊ အပြန်အလှန်ချိတ်ဆက်မှု၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ ဉာဏ်ရည်တု စသည့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို အားထားမြှင့်တင် ဆောင်ရွက်သွားရန်၊ အာရှ-ပစိဖိတ် တိုးတက်ရေးအတွက် ပို၍ကြီးမားသော တက်ကြွမှုစွမ်းအားများနှင့် တွန်းအားများကို ဖြည့်တင်းကာ အာရှ-ပစိဖိတ် ပြည်သူများ၏ အကျိုးစီးပွားကို ပိုမိုဆောင်ကြဉ်းသွားရန် ဆန္ဒရှိကြောင်း အလေးအနက်ထား ကတိပြုခဲ့သည်။
၂၀၀၁ ခုနှစ်ကို ပြန်ပြောင်းအောက်မေ့ကြည့်မည်ဆိုလျှင် တရုတ်နိုင်ငံက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ မဝင်ရောက်မီအချိန် ရှန်ဟိုင်းမြို့ ဟွမ်ဖူကျန်းမြစ်ကမ်းနံဘေးတွင် ၉ ကြိမ်မြောက် APEC ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး ကျင်းပခဲ့သည်။ အစည်းအဝေးတွင် “ရှန်ဟိုင်းသဘောတူညီချက်” စသည့် အရေးကြီးစာရွက်စာတမ်းများကို အတည်ပြုခဲ့ပြီး အဖွဲ့ဝင်နိုင်ငံအသီးသီး၏ သဘောတူညီချက်များကို အောင်မြင်စွာ ဦးဆောင် စုစည်းနိုင်ခဲ့သလို နိုင်ငံပေါင်းစုံကုန်သွယ်ရေးစနစ်ကို ထောက်ခံသည့် အားကောင်းသောအသံကို ထုတ်လွှင့်ခဲ့ရာ အာရှ-ပစိဖိတ်သာမက ကမ္ဘာ့စီးပွားရေးအတွက် အဖိုးတန်လှသော ယုံကြည်ချက်နှင့် တွန်းအားကို ဖြည့်တင်းခဲ့ပေသည်။
၂၀၁၄ ခုနှစ်တွင် APEC သည် တရုတ်နိုင်ငံသို့ တစ်ကြိမ်ထပ်မံရောက်ရှိခဲ့သည်။ ကမ္ဘာ့စီးပွားရေး ပြန်လည်ရှင်သန်အားကောင်းရန် လျော့ရဲနေသည့် အကျပ်အတည်းအခြေအနေကို ရင်ဆိုင်ရာတွင် ပေကျင်းမြို့ ယန့်ချီရေကန်နံဘေး၌ တရုတ်နိုင်ငံက ဘုံဖွံ့ဖြိုးသော၊ စည်ပင်ဝပြောသော၊ တိုးတက်သော “အာရှ-ပစိဖိတ် အိပ်မက်” ဖော်ဆောင်ရေးကို ပထမဆုံးအကြိမ် အဆိုပြုခဲ့ရာ အစည်းအဝေးသည် အာရှ-ပစိဖိတ် လွတ်လပ်သောကုန်သွယ်ရေးဇုန် လုပ်ငန်းစဉ်ကို အောင်မြင်စွာ ဖွင့်လှစ်၍ အာရှ-ပစိဖိတ် ဒေသတွင်းစီးပွားရေး တစ်သားတည်းအသွင်ပြောင်းရေးအတွက် ရှင်းလင်ပြတ်သားသော လမ်းပြမြေပုံကို ခြယ်မှုန်းရေးဆွဲလိုက်သည်။ တရုတ်နိုင်ငံသည် ပို၍ တက်ကြွစွာ ပါဝင်ဆောင်ရွက်သော သဘောထားဖြင့် အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှု တည်ငြိမ်စွာ ရေရှည်ရှေ့ဆက်လျှောက်လှမ်းရေးကို ဦးဆောင်ဦးရွက်ပြုကာ ကမ္ဘာ့စီးပွားရေးစီမံခန့်ခွဲမှုအတွက် တရုတ်နိုင်ငံ၏နည်းလမ်းဖြင့် အကျိုးဆောင်ခဲ့သည်။
ရှန်ဟိုင်းမှသည် ပေကျင်းအထိ ပြောင်းလဲမှုမှာ တရုတ်နိုင်ငံ၏ နိုင်ငံဘက်စုံအင်အားမြင့်တက်လာခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွေးအခေါ် နက်ရှိုင်းလာခြင်းနှင့်အတူ တရုတ်နိုင်ငံသည် APEC စင်မြင့်ပေါ်၌ ပါဝင်မှုနှင့် အကျိုးဆောင်မှုသည် နေ့စဉ်နှင့်အမျှ ပြည့်စုံကြွယ်ဝလာခြင်းနှင့် အရေးကြီးလာခြင်း ဖြစ်သည်။ မပြောင်းလဲသည်မှာ တရုတ်နိုင်ငံက အာရှ-ပစိဖိတ် တံခါးဖွင့်ပူးပေါင်းဆောင်ရွက်မှုအပေါ် ထားရှိသော မူလရည်ရွယ်ချက်နှင့် အာရှ-ပစိဖိတ်တွင် အခြေတည်ခြင်း၊ အာရှ-ပစိဖိတ် တည်ဆောက်ခြင်း၊ အာရှ-ပစိဖိတ် အကျိုးပြုခြင်း ဟူသော ကတိကဝတ်ပင်ဖြစ်သည်။ တရုတ်နိုင်ငံ၏ “APEC အကြောင်းအရာ” သည် တရုတ်နိုင်ငံနှင့် အာရှ-ပစိဖိတ် ဘုံဖွံ့ဖြိုးတိုးတက်ရေး၏ အကြောင်းအရာဖြစ်သလို အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှုတွင် တရုတ်နိုင်ငံသည် တက်ကြွစွာ အဆိုပြုသူ၊ ဦးဆောင်သူဖြစ်သည်ကိုလည်း သက်သေပြခဲ့သည်။
လက်ရှိ ကမ္ဘာကြီးတွင် ရာစုနှစ်အပြောင်းအလဲများ အရှိန်အဟုန်မြင့် ဆင့်ကဲဖြစ်ပေါ်လျက်ရှိပြီး တစ်ဖက်သတ်ဝါဒ၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒများ ဦးမော့လျက်ရှိသလို ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများ အထပ်ထပ်ဖြစ်ပေါ်လျက်ရှိရာ အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှုမှာလည်း စမ်းသပ်မှုအသစ်များနှင့် ရင်ဆိုင်နေရပေသည်။ ဤကဲ့သို့ အရေးကြီးအချိန်အခါတွင် နိုင်ငံတကာအသိုက်အဝန်းက ၂၀၂၆ ခုနှစ် တရုတ်နိုင်ငံဦးဆောင်မည့် အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှု ခရီးစဉ်သစ်ကို အပြည့်အဝ မျှော်လင့်လျက်ရှိသည်။
တံခါးဖွင့်လှစ်ခြင်းသည် အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှု၏ အသက်သွေးကြောဖြစ်သည်။ တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှုကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက် တည်ငြိမ်ချောမွေ့စေရန် အခိုင်အမာ ကာကွယ်ထိန်းသိမ်းသွားမည် ဖြစ်သလို ဒေသတွင်း စီးပွားရေး တစ်သားတည်းအသွင်ပြောင်းရေးနှင့် အာရှ-ပစိဖိတ် လွတ်လပ်သောကုန်သွယ်ရေးဇုန် တည်ဆောက်ရေးကို တွန်းအားပေးမည်ဖြစ်သည်။ ထို့အပြင် အဆင့်မြင့် ပြည်ပတံခါးဖွင့်လှစ်မှုဖြင့် နက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲရေးကို မြှင့်တင်ရန်၊ အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရန် ဆက်လက်ဆောင်ရွက်ကာ အာရှ-ပစိဖိတ်နှင့် ကမ္ဘာ့စီးပွားရေးအတွက် ပိုမိုများပြားသော တည်ငြိမ်မှုနှင့် သေချာရေရာမှုများကို ဆောင်ကြဉ်းသွားမည် ဖြစ်ပေသည်။
ပီရူးနိုင်ငံ ဆန်မာကို့စ် အမျိုးသားတက္ကသိုလ် အာရှရေးရာသုတေသနဌာန သုတေသီ María Osterloh Mejía က တရုတ်နိုင်ငံသည် အာရှ-ပစိဖိတ် တံခါးဖွင့်တစ်သားတည်းဖွံ့ဖြိုးတိုးတက်ရေး အခင်းအကျင်းကို အရှိန်မြှင့်တည်ဆောက်ရန် တွန်းအားပေးကာ အာရှ-ပစိဖိတ်ကို ဦးဆောင်၍ စီးပွားရေးအသွင်ပြောင်းမှုကို ဖော်ဆောင်သွားမည်ဟု ယူဆသည်။
သိပ္ပံနည်းပညာ တော်လှန်ရေးနှင့် ထုတ်လုပ်မှုလုပ်ငန်း ပြုပြင်ပြောင်းလဲရေး အသစ်တစ်ဖန် အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိရာ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် အစိမ်းရောင်စီးပွားရေးသည် တိုးတက်မှုဆွဲငင်အားဖြစ်သည့် အရေးကြီးမောင်းနှင်အားဖြစ်လာသည်။ တရုတ်နိုင်ငံသည် ဒစ်ဂျစ်တယ်အခြေခံအဆောက်အဦတည်ဆောက်မှု၊ ဉာဏ်ရည်တုအသုံးချမှု၊ စမတ်မြို့တော်တည်ဆောက်မှု စသည့်ကဏ္ဍများတွင် မိမိ၏ အောင်မြင်သော လက်တွေ့ဖော်ဆောင်မှုများကို အာရှ-ပစိဖိတ် မိသားစုကြီးအတွက် အကျိုးပြုသော “ဆန်းသစ်ဖန်တီးမှု အကျိုးစီးပွား” အဖြစ် အသွင်ပြောင်းရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
တရုတ်နိုင်ငံရှိ စင်ကာပူကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌဟောင်း ရွှဲပေါင်ကျင်းက “တရုတ်က ဒစ်ဂျစ်တယ်အသွင်၊ စမတ်အသွင်၊ အစိမ်းရောင်အသွင်ပြောင်းမှုတွေကို အဆက်မပြတ် ရှေ့တိုး ဆောင်ရွက်နေတယ်။ ဒါက တရုတ်ရဲ့တိုးတက်မှုပုံစံကို တစ်ဖန်ပုံသွင်းတာဖြစ်သလို အာရှ-ပစိဖိတ် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုအတွက်လည်း အခွင့်အလမ်းသစ်တွေ ဆောင်ကြဉ်းပေးမှာ ဖြစ်တယ်” ဟု ဆိုသည်။
အာရှ-ပစိဖိတ်ဒေသ၏ အမျိုးစုံလင်မှုက အပြန်အလှန်လေးစား၍ အပြန်အလှန်သင်ယူလေ့လာသော၊ သင့်မြတ်စွာ အတူယှဉ်တွဲနေထိုင်သောလမ်းကြောင်းကို မိမိတို့ မုချမသွေ လျှောက်လှမ်းရန် အဆုံးအဖြတ်ပေးခဲ့သည်။ အာရှ-ပစိဖိတ် အသိုက်အဝန်း တည်ဆောက်ခြင်းသည် အာရှ-ပစိဖိတ်ဒေသ ရေရှည်ဖွံ့ဖြိုးတိုးတက်၍ စည်ပင်ဝပြောစေမှုကို ဖော်ဆောင်ရာတွင် မဖြစ်မနေ လျှောက်လှမ်းရမည့် လမ်းကြောင်းဖြစ်ပေသည်။
အာရှ-ပစိဖိတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ အဆိုပြုသည့် အယူအဆသစ်သည် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုအင်အားများကို စုစည်းမည် ဖြစ်ပြီး APEC အဖွဲ့ဝင် စီးပွားရေးအစုအဖွဲ့များက မျက်မှောက်ခေတ်စိန်ခေါ်မှုကို ကျော်လွှားသော၊ အန္တိမရည်မှန်းချက်ဖြစ်သည့် အာရှ-ပစိဖိတ်အသိုက်အဝန်းကို လျှောက်လှမ်းသော အရေးကြီးသည့် သမိုင်းမှတ်ကျောက်တိုင်ဖြစ်လာမည်ဟု တရုတ်-ဂျပန်-တောင်ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု အတွင်းရေးမှူးရုံး အထွေထွေအတွင်းရေးမှူးချုပ် Lee Hee-sup က ယူဆသည်။
ပစိဖိတ်သမုဒ္ဒရာကမ်းရိုးတန်းတွင် တည်ရှိသော ဆန်းကျန့်မြို့သည် ဆယ်စုနှစ်များအတွင်း ခေတ်နောက်ကျသည့် တံငါရွာလေးမှ ခေတ်မီအသွင် နိုင်ငံတကာမြို့ပြကြီးအဖြစ်သို့ တိုးတက်ပြောင်းလဲလာခြင်းသည် တရုတ်ပြည်သူများ ဖန်တီးတည်ဆောက်သော ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးသမိုင်း၏ အံ့ဖွယ်တစ်ခု ဖြစ်သလို တရုတ်နိုင်ငံက အပြန်အလှန်အကျိုးဖြစ်ထွန်း၍ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘုံအကျိုးစီးပွား ဖော်ဆောင်မှု မဟာဗျူဟာအား အခိုင်အမာ မမှိတ်မသုန်ကျင့်သုံးခြင်း၏ အရေးကြီးပြတင်းပေါက်လည်းဖြစ်သည်။ ဆန်းကျန့်အား ရွေးချယ်ခြင်းမှာ တရုတ်နိုင်ငံသည် ပြုပြင်ပြောင်းလဲရေးကို ပို၍ကြီးမားသောအင်အားဖြင့် တစ်ဆင့်တိုးဘက်စုံနက်ရှိုင်းစွာ လုပ်ဆောင်ရန်၊ အဆင့်မြင့် ပြည်ပတံခါးဖွင့်လှစ်ရေးကို အခိုင်အမာ တိုးချဲ့ရန် အမှတ်လက္ခဏာပြုလျက်ရှိသည်။
တာထွက် စမှတ်သစ်တွင် တရုတ်နိုင်ငံသည် အာရှ-ပစိဖိတ်ဘက်ပေါင်းစုံနှင့်အတူ လက်တွဲကာ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားကို ဖော်ဆောင်သည့် မူလရည်ရွယ်ချက်ကို လက်ကိုင်ထားပြီး လှိုင်းဒဏ်လေဒဏ်များကို ကျော်ဖြတ်၍ ပိုမို သာယာဝပြောသော၊ တည်ငြိမ်သော၊ အားလုံးပါဝင်သော အာရှ-ပစိဖိတ် အနာဂတ်ဆီသို့ အတူတကွ လျှောက်လှမ်းမည်မှာ ကမ္ဘာက ယုံကြည်ဖွယ် အကြောင်းအရာဖြစ်ပေသည်။ (Xinhua)

၃၂ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး၏ ဒုတိယအဆင့် အစည်းအဝေးကို တောင်ကိုရီးယားနိုင်ငံ ဂယောင်းဂျူမြို့ရှိ Hwabaek ကွန်ဗင်းရှင်းစင်တာတွင် ဒေသစံတော်ချိန် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁ ရက် နံနက်ပိုင်းက ကျင်းပခဲ့ရာ အစည်းအဝေးပြီးနောက် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် အစည်းအဝေးတက်ရောက်သော စီးပွားရေးအစုအဖွဲ့ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနှင့် စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူးနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

၃၂ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး အိမ်ရှင်နိုင်ငံ လွှဲပြောင်းပေးအပ်ခြင်း အစီအစဉ်တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တောင်ကိုရီးယားနိုင်ငံ သမ္မတ လီဂျေမြောင်တို့ လက်ဆွဲနှုတ်ဆက်နေသည်ကို ဒေသစံတော်ချိန် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)
———————-
(Chinese Version)
新华时评丨接棒APEC2026 领航亚太合作新征程
新华社北京11月2日电 题:接棒APEC2026 领航亚太合作新征程 新华社记者朱婉君 亚太经合组织(APEC)第三十二次领导人非正式会议1日落下帷幕,中国接过东道主“接力棒”,开启备受瞩目的APEC“中国年”。习近平主席郑重承诺:中方愿以此为契机,同各方携手构建亚太共同体,促进亚太地区增长和繁荣,着力推进亚太自由贸易区、互联互通、数字经济、人工智能等务实合作,为亚太发展注入更大活力和动力,更多造福亚太人民。
回望2001年,正值中国加入世界贸易组织前夕,上海黄浦江畔迎来APEC第九次领导人非正式会议。会议通过《上海共识》等重要文件,成功引领各成员凝聚共识,发出支持多边贸易体制的强音,为亚太乃至全球经济注入了宝贵的信心与动力。
2014年,APEC再次来到中国。北京雁栖湖畔,面对全球经济复苏乏力的困境,中国首次提出实现共同发展、繁荣、进步的“亚太梦想”,会议成功启动亚太自贸区进程,为亚太区域经济一体化描绘了清晰的路线图。中国以更加主动的姿态,引领亚太合作行稳致远,为全球经济治理贡献中国方案。
从上海到北京,变化的是,随着中国综合国力的提升和发展理念的深化,中国在APEC舞台上的角色和贡献日益丰富和重要;不变的是中国对亚太开放合作的初心,以及中国扎根亚太、建设亚太、造福亚太的承诺。中国的“APEC故事”,是中国与亚太共同发展的故事,也印证了中国是亚太合作的积极倡导者、引领者。
当前,世界百年变局加速演进,单边主义、保护主义抬头,全球性挑战层出不穷,亚太合作也面临新的考验。在此关键时刻,国际社会对2026年中国引领亚太合作新征程充满期待。
开放是亚太合作的生命线。中国坚定维护全球产业链供应链稳定畅通,推进区域经济一体化和亚太自由贸易区建设,并将继续以高水平对外开放促进深层次改革、推动高质量发展,为亚太和世界经济带来更多稳定性和确定性。秘鲁国立圣马尔科斯大学亚洲研究中心研究员玛丽亚·奥斯特洛认为,中国将推动亚太加速构建开放型一体化发展格局,引领亚太实现经济转型。
新一轮科技革命和产业变革方兴未艾,数字经济和绿色经济成为拉动增长的重要引擎。中国致力于将自身在数字基建、人工智能应用、智慧城市建设等方面的成功实践,转化为造福亚太大家庭的“创新红利”。中国新加坡商会前会长薛宝金说:“中国数字化、智能化、绿色转型不断推进,不仅重塑了中国的增长模式,也将为亚太区域合作带来新的机遇。”
亚太地区的多样性决定了我们必须走一条互尊互鉴、和合共生的道路,构建亚太共同体是实现亚太地区长远发展繁荣的必由之路。中日韩合作秘书处秘书长李熙燮认为,中国就亚太发展提出的新主张将汇聚区域合作力量,成为APEC各成员经济体克服当前挑战、迈向最终目标亚太共同体的重要里程碑。
深圳地处太平洋沿岸,几十年间从一个落后的小渔村发展成为现代化国际大都市,是中国人民创造的世界发展史上的一个奇迹,也是中国坚定不移奉行互利共赢开放战略的重要窗口。选择深圳,象征着中国将以更大魄力进一步全面深化改革,坚定不移扩大高水平对外开放。
站在新的起点上,世界有理由相信,中国将携手亚太各方,秉持合作共赢的初心,乘风破浪,共赴一个更加繁荣、稳定和包容的亚太未来。(完)
1. 当地时间10月31日上午,亚太经合组织第三十二次领导人非正式会议第一阶段会议在韩国庆州和白会议中心举行。国家主席习近平出席会议并发表题为《共建普惠包容的开放型亚太经济》的重要讲话。 新华社记者 黄敬文 摄
2. 当地时间11月1日上午,国家主席习近平在韩国庆州出席亚太经合组织第三十二次领导人非正式会议第二阶段会议,并发表题为《共同开创可持续的美好明天》的重要讲话。这是会后,与会经济体领导人、代表集体合影。 新华社记者 姚大伟 摄
3. 当地时间11月1日上午,国家主席习近平出席亚太经合组织第三十二次领导人非正式会议东道主交接环节,宣布中方将于明年11月在广东省深圳市举办亚太经合组织第三十三次领导人非正式会议。这是习近平同韩国总统李在明在交接环节上握手。 新华社记者 谢环驰 摄