China
ဂျပန်၏ ကျိုးကြောင်းဆီလျော်မှုမရှိသော လှည့်စားပြောဆိုမှုအပေါ် တရုတ်ကိုယ်စားလှယ်က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံ စာလွှာပေးပို့၍ ပြင်းပြင်းထန်ထန် တုံ့ပြန်ချေပ
ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂဆိုင်ရာ ဂျပန်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် ကာဇူကီ ယာမာဇာကီ၏ နိုဝင်ဘာ ၂၄ ရက်က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်ထံသို့ ပေးပို့သော စာလွှာတွင်ပါရှိသည့် ကျိုးကြောင်းဆီလျော်မှုမရှိသော လှည့်စားပြောဆိုချက်အပေါ် ပြင်းပြင်းထန်ထန်ပယ်ချကြောင်းနှင့် တရုတ်နိုင်ငံအစိုးရ၏ ရပ်တည်ချက်ကို ရှင်းလင်းပြောကြားကြောင်း နောက်ထပ်စာလွှာတစ်စောင်ကို ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ဂူတာရက်စ်ထံသို့ ဒီဇင်ဘာ ၁ ရက်က ပေးပို့ခဲ့သည်။ အဆိုပါစာလွှာကို ကုလသမဂ္ဂ အထွေထွေညီလာခံ တရားဝင်စာရွက်စာတမ်းအနေဖြင့် အဖွဲ့ဝင်နိုင်ငံအားလုံးသို့ ဖြန့်ဝေသွားမည်ဖြစ်သည်။ စာလွှာပါ အကြောင်းအရာအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။
အဆွေတော်ခင်ဗျာ-
ကျွန်ုပ်အနေဖြင့် မကြာမီရက်ပိုင်းက အဆွေတော်ထံ စာလွှာပေးပို့ကာ ထိုင်ဝမ်အရေးနှင့်စပ်လျဉ်းသည့် ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ၏ ရန်စသည့်ပြောဆိုချက်များအပေါ် တရုတ်နိုင်ငံအစိုးရ၏ အလေးအနက်ဂရုပြုမှုများကို ဖော်ပြခဲ့ပါသည်။ ကုလသမဂ္ဂဆိုင်ရာ ဂျပန်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်က နိုဝင်ဘာ ၂၄ ရက်တွင် အဆွေတော်ထံ စာလွှာပေးပို့၍ ကျိုးကြောင်းဆီလျော်မှုမရှိစွာ လှည့်စားပြောဆိုခဲ့ရာ အဓိကအရေးကိစ္စကို ရှောင်လွှဲပြီး တရုတ်နိုင်ငံအပေါ် အခြေအမြစ်မရှိ စွပ်စွဲပြစ်တင်၍ ပြန်လည်ထိုးနှက်ခဲ့သည်ကို တရုတ်နိုင်ငံဘက်က သတိပြုမိပြီး ထို့အပေါ် တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်ပါသည်။ ကျွန်ုပ်သည် တရုတ်နိုင်ငံအစိုးရ၏ ညွှန်ကြားချက်ဖြင့် ရပ်တည်ချက်များကို အောက်ပါအတိုင်း ရှင်းလင်းဖော်ပြအပ်ပါသည်။
ပထမအနေဖြင့် လက်ရှိ တရုတ်-ဂျပန်အကြား ဆိုးရွားစွာ သဘောထားကွဲလွဲမှုရှိနေခြင်း၏ တိုက်ရိုက်အကြောင်းရင်းမှာ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ၏ နိုဝင်ဘာ ၇ ရက်က လွှတ်တော်အချေအတင်ဆွေးနွေးပွဲ၌ ရန်စသည့်ပြောဆိုချက်များ ထုတ်ဖော်ပြောကြားရာ “ထိုင်ဝမ်တွင် အရေးကိစ္စရှိခြင်းက ဂျပန်အတွက် သေရေးရှင်ရေးအကျပ်အတည်းအခြေအနေ ဖြစ်နိုင်ကြောင်း” မှားယွင်းစွာ ပြောဆိုခြင်း၊ ထိုင်ဝမ်အရေးတွင် ဂျပန်အနေဖြင့် လက်နက်အင်အားဖြင့် ကြားဝင်နိုင်သည်ဟု အရိပ်အမြွက်ပြောကြားခြင်းကြောင့် ဖြစ်သည်။ သက်ဆိုင်ရာ မှားယွင်းသည့်ပြောဆိုချက်များသည် ဒုတိယကမ္ဘာစစ်အောင်နိုင်ခြင်း၏ ရလဒ်နှင့် စစ်ပွဲအလွန်နိုင်ငံတကာစည်းစနစ်ကို ပြောင်ပြောင်တင်းတင်းစိန်ခေါ်ခြင်း ဖြစ်သလို “ကုလသမဂ္ဂပဋိညာဉ်စာတမ်း” ၏ ရည်ရွယ်ချက်နှင့် အခြေခံမူများကို ဆိုးရွားစွာ ချိုးဖောက်ခြင်းလည်း ဖြစ်သည်။ တရုတ်နိုင်ငံဘက်က အဆွေတော်ထံသို့ စာလွှာပေးပို့ကာ လေးနက်သည့်ရပ်တည်ချက်အား ရှင်းလင်းခြင်းမှာ အမှန်တရားအတွက် မဖြစ်မနေ အပြည့်အဝ လိုအပ်မှုရှိပေသည်။ အမှန်စင်စစ်တွင်မူ ဂျပန်ဝန်ကြီးချုပ်ဟောင်းများအပါအဝင် နိုင်ငံတကာအသိုက်အဝန်းနှင့် ဂျပန်ပြည်တွင်းရှိ အမှန်တရားဘက်တော်သားများစွာကလည်း တာကာအိချိ၏ ပြောဆိုချက်အပေါ် အတိအလင်း ဝေဖန်ခဲ့ကြသည်။
ဒုတိယအနေဖြင့် ဂျပန်ကိုယ်စားလှယ်ပေးပို့သည့် စာလွှာအပါအဝင် ဂျပန်နိုင်ငံဘက်က “တစ်သမတ်တည်းရပ်တည်ချက်” ကို အခိုင်အမာလက်ကိုင်ထားကြောင်း ပြောဆိုလျက်ရှိသည်။ လတ်တလောကာလများတွင် ဂျပန်နိုင်ငံအား “တစ်သမတ်တည်း ရပ်တည်ချက်” ဆိုသည်မှာ အဘယ်နည်းဟူ၍ တရုတ်နိုင်ငံဘက်က အကြိမ်ပေါင်းများစွာ မေးခွန်းထုတ်ခဲ့ရာ ဂျပန်နိုင်ငံဘက်က အစဉ်အမြဲ ရှောင်လွှဲပြောကြားနေခဲ့ပြီး ယခုထိတိုင် တိုက်ရိုက်ဖြေကြားမှု မပြုသေးပေ။ ထိုင်ဝမ်အရေးအပေါ် “တစ်သမတ်တည်းရပ်တည်ချက်” မှာ အဘယ်နည်းဆိုသည်ကို ဂျပန်နိုင်ငံဘက်က နိုင်ငံတကာအသိုက်အဝန်းထံ အပြည့်အစုံ အတိအလင်း ဖြေကြားနိုင်ပါသလော။
“ကိုင်ရို ကြေညာချက်” ၊ “ပေ့ါစ်ဒမ် ကြေညာချက်” ၊ “ဂျပန်လက်နက်ချအညံ့ခံခြင်း စာချုပ်” စသည့် နိုင်ငံတကာ ဥပဒေအကျိုးသက်ရောက်မှုရှိသော စာရွက်စာတမ်းများသည် ထိုင်ဝမ်အပေါ် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာ၊ ဂျပန်ခိုးယူသည့် ထိုင်ဝမ် စသည့် တရုတ်နိုင်ငံ၏နယ်မြေပိုင်နက်များကို တရုတ်နိုင်ငံထံသို့ ပြန်လည်ပေးအပ်သင့်ကြောင်းနှင့် စစ်ပွဲအလွန် ဂျပန်အပေါ် အရေးယူမှု အခြေခံမူများကို အစောပိုင်းကတည်းက အတည်ပြုပြီးဖြစ်ရာ စစ်ပွဲအလွန် နိုင်ငံတကာစည်းစနစ်၏ အရေးကြီးအစိတ်အပိုင်း ဖြစ်ခဲ့သည်။
၁၉၇၂ ခုနှစ် “တရုတ်-ဂျပန် ပူးတွဲကြေညာချက်” က “ဂျပန် အစိုးရအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရသည် တရုတ်နိုင်ငံ၏ တစ်ခုတည်းသော တရားဝင်အစိုးရအဖြစ် လက်ခံအသိအမှတ်ပြုကြောင်း”၊ “ထိုင်ဝမ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ခွဲခြား၍ မရသော နယ်မြေပိုင်နက် အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရက ထပ်လောင်းပြောကြားခဲ့ရာ ဂျပန်နိုင်ငံ အစိုးရသည် တရုတ်နိုင်ငံအစိုးရ၏ ဤရပ်တည်ချက်ကို အပြည့်အဝ နားလည်လေးစားပြီး ပေ့ါစ်ဒမ် ကြေညာချက်၏ အပိုဒ် ၈ ပါ ရပ်တည်ချက်ကို အခိုင်အမာလိုက်နာမည်ဖြစ်ကြောင်း” တို့ကို အတိအလင်းသတ်မှတ်ခဲ့သည်။
ထို့နောက် ဂျပန်အစိုးရသည် တရုတ်-ဂျပန် နှစ်နိုင်ငံ သဘောတူညီချက်နှင့် ကြေညာချက်များစွာတွင် အဆိုပါရပ်တည်ချက်ကို ခိုင်မာစွာ လက်ကိုင်ထားမည်ဖြစ်ကြောင်း အတိအလင်း ကတိကဝတ်ပြုခဲ့သည်။ ဆာနာအဲ တာကာအိချိ၏ မှားယွင်းသော ပြောဆိုချက်များသည် ဂျပန်အစိုးရ၏ ယနေ့တိုင်ထားရှိသော ကတိကဝတ်များကို ပစ်ပယ်ချိုးဖောက်ခြင်းဖြစ်ရာ နိုင်ငံတကာအသိုက်အဝန်း၏ ယုံကြည်မှုကို မည်သို့ရယူနိုင်မည်နည်း။
တတိယအနေဖြင့် ဂျပန်ကိုယ်စားလှယ်ပေးပို့သည့် စာလွှာတွင် ဂျပန်နိုင်ငံအနေဖြင့် ကာကွယ်ရေးကိုသာ သီးသန့်ဦးတည်သော တုံ့ပြန်ကာကွယ်ရေးအသွင်မဟာဗျူဟာကို အခိုင်အမာလက်ကိုင်ထားကြောင်းနှင့် ဆာနာအဲ တာကာအိချိ၏ ပြောဆိုချက်များသည် ယင်းရပ်တည်ချက်တွင် အခြေခံကြောင်း ဖော်ပြခဲ့သည်။ ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ နယ်မြေပိုင်နက်ဖြစ်ရာ ဆာနာအဲ တာကာအိချိအနေဖြင့် ဂျပန်၏ “သေရေးရှင်ရေး အကျပ်အတည်းအခြေအနေ” နှင့် “ထိုင်ဝမ်တွင် အရေးကိစ္စရှိခြင်း” နှင့် ဆက်စပ်ကာ တရုတ်အပေါ် လက်နက်အင်အားသုံးနိုင်ကြောင်း အရိပ်အမြွက်ပြောခဲ့သည်။ ယင်းမှာ “ကာကွယ်ရေးကိုသာ သီးသန့်ဦးတည်ခြင်း”၊ “တုံ့ပြန်ကာကွယ်ခြင်း” ဟူသော အတိုင်းအတာကို ကျော်လွန်သွားသည်မှာ သိသာထင်ရှားပေသည်။ ဂျပန်ဘက်က ပြောဆိုချက်များသည် ရှေ့နောက်မညီဖြစ်ရာ နိုင်ငံတကာအသိုက်အဝန်းကို လိမ်လည်လှည့်စားခြင်း ဖြစ်သည်။
“ကုလသမဂ္ဂပဋိညာဉ်စာတမ်း” တွင် အဖွဲ့ဝင်နိုင်ငံအသီးသီးသည် ၎င်း၏နိုင်ငံတကာဆက်ဆံရေးတွင် ခြိမ်းခြောက်မှု သို့မဟုတ် လက်နက်အင်အား အသုံးမပြုရန်၊ မည်သည့်အဖွဲ့ဝင်နိုင်ငံများ သို့မဟုတ် နိုင်ငံများ၏ နယ်မြေပိုင်နက်ပြည့်စုံမှု သို့မဟုတ် နိုင်ငံရေးလွတ်လပ်မှုကိုမျှ ကျူးကျော်ထိပါးခြင်းမပြုရန် သတ်မှတ်ထားသည်။ ဆာနာအဲ တာကာအိချိ၏ မှားယွင်းသော ပြောဆိုချက်များသည် “ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း” ရည်ရွယ်ချက်၊ အခြေခံမူနှင့် သက်ဆိုင်ရာ သတ်မှတ်ချက်များကို ချိုးဖောက်ရာ ဂျပန်ဘက်က “ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း အပါအဝင် နိုင်ငံတကာဥပဒေကို အစဉ်အမြဲ လေးစားလိုက်နာ” ကြောင်း မည်သို့ ဆိုနိုင်မည်နည်း။ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ဆာနာအဲ တာကာအိချိ၏ မှားယွင်းသော ပြောဆိုချက်များ၏ ဆိုးရွားသော အန္တရာယ်ကို ရှင်းလင်းစွာ သိမြင်သင့်ရာ စစ်ပွဲအလွန်နိုင်ငံတကာစည်းစနစ်အား ပြောင်းပြန်လှန်သည့် ဂျပန်၏လောဘစိတ်ကို အထူးသတိထားသင့်ပေသည်။
စတုတ္ထအနေဖြင့် ဂျပန်ကိုယ်စားလှယ်သည် အခြားနိုင်ငံများ၏ ကာကွယ်ရေးအင်အား တည်ဆောက်မှုအပေါ်လည်း စာလွှာတွင် တန်ပြန် စွပ်စွဲပြစ်တင်ခဲ့သည်။ မိမိအနေဖြင့် အဆွေတော် အထွေထွေအတွင်းရေးမှူးချုပ်မှ အောက်ပါလက်တွေ့ဖြစ်ရပ်များကို သတိထားရန် တင်ပြလိုပါသည်။ ယင်းတို့မှာ ဂျပန်စစ်ရှုံးသည့်အချိန်မှစ၍ ဂျပန်ပြည်တွင်း လက်ယာယိမ်းအင်အားများသည် ကျူးကျော်မှုသမိုင်း ပြောင်းပြန်လှန်ရေးကို တွန်းအားပေးရန် မည်သည့်အခါမျှ ရပ်တန့်မှု မရှိခဲ့ခြင်း၊ လုံခြုံရေးမူဝါဒများကို ဂျပန်အနေဖြင့် နှစ်ပေါင်းများစွာ စဉ်ဆက်မပြတ် ကြီးကြီးမားမား ချိန်ညှိမှုများပြုလုပ်ခဲ့ရာ ဂျပန်၏ ကာကွယ်ရေးအသုံးစရိတ်သည် ၁၃ နှစ် ဆက်တိုက် တိုးမြှင့်လာပြီဖြစ်ခြင်း၊ ဂျပန်သည် စစ်ပွဲအလွန် ရေရှည်လက်ကိုင်ထားသည့် “လက်နက်တင်ပို့မှုအခြေခံမူသုံးရပ်” ကို ပြင်ဆင်ပြီး အသက်သေဆုံးစေနိုင်သည့် လက်နက်များကို စတင် တင်ပို့နေခြင်း၊ ဂျပန်အနေဖြင့် “နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်” ကိုလည်း ပြင်ဆင်ရန် ကြံစည်ကြိုးပမ်းကာ နျူကလီးယားလက်နက် တင်သွင်းရေးအတွက် လွယ်ကူသောတံခါးကို ဖွင့်လှစ်နေခြင်း တို့ဖြစ်သည်။ အလွန်သိသာထင်ရှားသည်မှာ ဂျပန်ဘက်က “ကာကွယ်ရေး သီးသန့်ဦးတည်ခြင်း” ကို အစောကြီးကတည်းကပင် ချိုးဖောက်ကာ လက်နက်ပြန်လည်တပ်ဆင်လျက်ရှိသည်။ “စစ်ရေးအင်အား တိုးချဲ့ခြင်း”၊ “အိမ်နီးချင်းနိုင်ငံများ၏ ကန့်ကွက်မှုကို လျစ်လျူရှု၍ တစ်ဖက်သတ်လက်ရှိအခြေအနေကို ပြောင်းလဲခြင်း”၊ “အကျပ်ကိုင် ဖိအားပေး အစီအမံလုပ်ဆောင်ခြင်း” ဆိုသည်မှာ ဂျပန်ကိုယ်တိုင်ပင် ဖြစ်သည်။ သမိုင်းတွင် “သေရေးရှင်ရေး အကျပ်အတည်း” ဟူ၍ အကြောင်းပြကာ စစ်ပွဲအသင့်ပြင် စစ်ရေးအင်အားတိုးချဲ့ခြင်း၊ “မိမိကိုယ်ကို ခုခံကာကွယ်မှု” ဟူ၍ အမည်တပ်ကာ ပြည်ပသို့ ကျူးကျော်စစ် စတင်ဆင်နွှဲခြင်းသည် ဂျပန် စစ်ဝါဒ၏ သုံးနေကျလှည့်ကွက်များပင် ဖြစ်သည်။ ဆာနာအဲ တာကာအိချိ ထုတ်ဖော်ပြောဆိုခဲ့သည့် အန္တရာယ်များသော ပြောကြားချက်များနှင့် ချိတ်ဆက်လျှင် ဂျပန်၏ စစ်ပွဲအသင့်ပြင် စစ်ရေးအင်အားတိုးချဲ့သော၊ စစ်ဝါဒပြန်လည်အသက်သွင်းသော လောဘကို နိုင်ငံတကာအသိုက်အဝန်းက အထူးသတိထားကာ ကမ္ဘာ့ငြိမ်းချမ်းရေးအား အတူတကွ ကာကွယ်ထိန်းသိမ်းရမည် ဖြစ်သည်။
ပဉ္စမအနေဖြင့် ဂျပန်ကိုယ်စားလှယ်က အပြန်အလှန်နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ကြိုးပမ်းသင့်ကြောင်း စာလွှာတွင် ပြောကြားခဲ့သော်လည်း လက်ရှိ အကြီးမားဆုံး စိန်ခေါ်မှုမှာ ဆာနာအဲ တာကာအိချိ၏ မှားယွင်းသော ပြောဆိုပြုမူမှုများက တရုတ်-ဂျပန် အပြန်အလှန် ယုံကြည်မှုကို ဆိုးရွားစွာ ဖျက်ဆီးခဲ့ပြီဖြစ်သလို တရုတ်-ဂျပန် ဆက်ဆံရေး နိုင်ငံရေးအခြေခံကို ထိခိုက်စေခဲ့သည်။ တည်ငြိမ်သော တရုတ်-ဂျပန် ဆက်ဆံရေးကို ဂျပန်ဘက်က စိတ်ရင်းအမှန်ဖြင့် တိုးတက်ကောင်းမွန်အောင် ဖော်ဆောင်လိုပါက တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အတိအလင်း လက်ကိုင်ထားရန်၊ တရုတ်-ဂျပန် နိုင်ငံရေး စာရွက်စာတမ်း ၄ ရပ်၏ စိတ်ဓာတ်နှင့် ပြုထားသောနိုင်ငံရေးကတိဝတ်များကို အခိုင်အမာ စောင့်ထိန်းရန်၊ မှားယွင်းသော ပြောဆိုချက်များကို ချက်ချင်းရုပ်သိမ်းရန်၊ တရုတ်နိုင်ငံအပေါ် ထားရှိသည့်ကတိကဝတ်များကို လက်တွေ့လှုပ်ရှားမှုဖြင့် ခိုင်ခိုင်မာမာဖော်ပြရန် ဆောင်ရွက်သင့်သည်။ သို့မဟုတ်ပါက ယင်းကြောင့်ဖြစ်ပွားသည့် နောက်ဆက်တွဲဆိုးကျိုးများကို ဂျပန်ဘက်မှ တာဝန်ယူရမည် ဖြစ်သည်။ (Xinhua)
—————–
(Chinese Version)
中国代表致函联合国秘书长严正批驳日方无理狡辩
新华社联合国12月1日电 中国常驻联合国代表傅聪12月1日再次致函联合国秘书长古特雷斯,针对日本常驻联合国代表山崎和之11月24日给古特雷斯致函中有关无理狡辩言论予以严正批驳,并阐明中国政府立场。该函将作为联合国大会正式文件,向全体会员国散发。致函全文如下:
阁下:
我日前向你致函表达中国政府对于日本首相高市早苗涉台挑衅性言论的严正关切。中方注意到,日本常驻代表于11月24日给你写信进行无理狡辩,回避关键问题,对中方无端指责、倒打一耙,中方对此坚决反对。我奉政府指示进一步阐明立场如下:
一、当前中日之间存在严重分歧的直接原因,是日本首相高市早苗11月7日在国会答辩时发表挑衅性言论,妄称“台湾有事可能对日本构成存亡危机事态”,暗示日本会武力介入台湾问题。相关错误言论公然挑战二战胜利成果和战后国际秩序,严重违反《联合国宪章》宗旨和原则。中方向你致函阐明严正立场,完全正当必要。事实上,国际社会和日本国内许多正义人士,包括日本的前首相,也对高市的言论持明确批评态度。
二、包括日本代表致函在内,日方声称坚持“一贯立场”。中方近期多次公开质问日方,所谓“一贯立场”到底是什么?日方始终言辞闪躲,到现在仍未给中方以正面答复。日方能否向国际社会完整准确回答在台湾问题上的“一贯立场”是什么?
《开罗宣言》《波茨坦公告》《日本投降书》等国际法文件早已确认中国对台湾的主权、日本应将窃取的台湾等中国领土归还中国和战后对日处置原则,构成了战后国际秩序的重要组成部分。1972年《中日联合声明》明确规定,“日本国政府承认中华人民共和国政府是中国的唯一合法政府”,“中华人民共和国政府重申:台湾是中华人民共和国领土不可分割的一部分。日本国政府充分理解和尊重中国政府的这一立场,并坚持遵循波茨坦公告第八条的立场”。此后日本政府在中日两国一系列条约和声明中都明确承诺坚持上述立场。高市早苗的错误言论背弃日政府迄今承诺,如何取信于国际社会?
三、日本代表在致函中称日本坚持专守防卫的被动防御战略,并且称高市早苗的言论是基于这一立场。台湾是中国的领土,高市早苗却把日本的“存亡危机事态”与“台湾有事”相关联,暗示对中国动用武力,这显然超出了日方所谓“专守防卫”“被动防御”的范畴,日方的说法自相矛盾,是在欺骗国际社会。
《联合国宪章》规定,各会员国在其国际关系上不得使用威胁或武力,不得侵害任何会员国或国家之领土完整或政治独立。高市早苗错误言论违反《联合国宪章》宗旨、原则和有关规定,日方何谈“始终尊重和遵守包括《联合国宪章》在内的国际法”?国际社会应认清高市早苗错误言论的严重危害,对日方颠覆战后国际秩序的野心保持高度警惕。
四、日本代表在致函中还影射指责他国的国防力量建设。我愿提请秘书长先生注意以下事实:日本战败以来,日本国内右翼势力从未停止推动为侵略历史翻案;多年来日本不断大幅调整安保政策,日本的防卫预算已经“十三连增”;日本已经修改战后长期坚持的“武器出口三原则”,开始出口杀伤性武器;日本还在图谋修改“无核三原则”,为引进核武器打开方便之门。很显然,日方早已突破“专守防卫”,正在重新武装。所谓“扩张军力”、“不顾周边邻国反对单方面改变现状”、“采取胁迫措施”的恰恰是日方自己。历史上,以所谓“存亡危机”为由扩军备战,以所谓“自卫”为名发动对外侵略,正是日本军国主义的惯用伎俩。联系高市早苗发表的危险言论,国际社会必须高度警惕日本扩军备战、复活军国主义的野心,共同守护世界和平。
五、日本代表在致函中表示应该努力增进相互理解和合作,但现在最大的挑战是,高市早苗的错误言行已经严重破坏了中日互信,损害了中日关系政治基础。日方如果真心想发展稳定的中日关系,就应该明确坚持一个中国原则,恪守中日四个政治文件精神和所作政治承诺,立即收回错误言论,切实把对华承诺体现在实际行动上。否则,由此产生的一切后果由日方承担。(完)
1. 11月25日,在位于纽约的联合国总部,中国常驻联合国代表傅聪在联合国大会打击人口贩运问题高级别会议上发言。新华社记者 谢锷 摄
