Connect with us

China

တရုတ်နိုင်ငံ ပေကျင်းမြို့၌ မသန်စွမ်းသူများအပေါ်ထားရှိသည့် မေတ္တာတရား

တရုတ်နိုင်ငံ ပေကျင်းမြို့ မသန်စွမ်းသူများ ဝန်ဆောင်မှု သရုပ်ပြစင်တာ၌ အနုပညာ ပြန်လည်သန်စွမ်းရေး အစီအစဉ်တွင် ပါဝင်သည့် သင်တန်းသူက လက်ချောင်းအက လေ့ကျင့်နေသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)
ပေကျင်းမြို့ မသန်စွမ်းသူများ ဝန်ဆောင်မှု သရုပ်ပြစင်တာသည် တရုတ်နိုင်ငံ ပေကျင်းမြို့ ဖုန်းထိုင်ခရိုင် ဟွေ့အိုက်အဆောက်အဦ၌ တည်ရှိပြီး ပေကျင်းမြို့ မသန်စွမ်းသူများအဖွဲ့ချုပ်က တည်ဆောက်ထားသော နိုင်ငံတစ်ဝန်း ပြည်နယ်အဆင့် ကျွမ်းကျင်မှုရှိသော၊ ဘက်စုံအတိုင်းအတာ အမြင့်ဆုံးဖြစ်သော မသန်စွမ်းသူများအတွက် ဘက်စုံဝန်ဆောင်မှုနေရာဖြစ်သည်။
ထူထောင်သည့် ၃ နှစ်ကျော်အတွင်း၌ အဆိုပါစင်တာသည် ပေကျင်းမြို့ မသန်စွမ်းမှုအမျိုးအစား အမျိုးမျိုး၊ အသက်အပိုင်းအခြားအမျိုးမျိုးဖြစ်သော မသန်စွမ်းသူများအတွက် ကျွမ်းကျင်သောပြန်လည်သန်စွမ်းမှု၊ ကာလတို ပြုစုစောင့်ရှောက်မှု၊ ကလေးသူငယ် ပြန်လည်သန်စွမ်းရေး၊ လူကြီးပြန်လည်သန်စွမ်းရေး၊ လုပ်ငန်းခွင်ဝင်ရန် လက်တွေ့လေ့ကျင့်မှု၊ အနုပညာ ပြန်လည်သန်စွမ်းရေး၊ ရုပ်ရှင်ကြည့်ရှုမှုနှင့် ပေါင်းစပ်ခြင်း၊ သရုပ်ပြဖလှယ်မှု စသည့် ကျွမ်းကျင်သရုပ်ပြဝန်ဆောင်မှု အမျိုးအစား ၁၀ ခုကျော် ပံ့ပိုးပေးထားကာ စုစုပေါင်း မသန်စွမ်းသူ အကြိမ်ရေ ၂၀၀,၀၀၀ ကျော်အား ဝန်ဆောင်မှုပေးခဲ့ကြောင်း သိရသည်။
မသန်စွမ်းသူများ အခက်အခဲမရှိ နေထိုင်မှု၊ လုပ်ငန်းခွင်ဝင်မှုနှင့် လူမှုအသိုက်အဝန်း လှုပ်ရှားမှုများအား ပိုမိုကောင်းမွန်စွာ အထောက်အပံ့ပြုနိုင်ရန်အလို့ငှာ ပေကျင်းမြို့ မသန်စွမ်းသူများ ဝန်ဆောင်မှု သရုပ်ပြစင်တာသည် သိပ္ပံနည်းပညာဖြင့် မသန်စွမ်းသူများအား ကူညီပေးသည့် ရလဒ် သရုပ်ပြမှုနှင့် အသွင်ပြောင်းမှုကို အဆက်မပြတ်မြှင့်တင်ကာ ပြည်တွင်းပြည်ပမှ ခေတ်မီနည်းပညာဖြင့် မသန်စွမ်းသူများအား ကူညီပေးသည့် ထုတ်ကုန်အမျိုးအစား ၆၀ ကျော်ကို တစ်စုတစ်စည်းတည်း ပြသထားသည်။
ထို့ပြင် စင်တာ၌ ပရဟိတဝန်ဆောင်မှုပုံစံကိုလည်း အင်တိုက်အားတိုက် စူးစမ်းဖော်ဆောင်ကာ မသန်စွမ်းသူများ ကူညီပေးရေး စေတနာ့ဝန်ထမ်းအဖွဲ့ ဖွဲ့စည်းပြီး “ရုပ်ရှင်ရှုစားမှုဖြင့် မေတ္တာတရားများ စုစည်းခြင်း” ၊ “မေတ္တာဖြင့် ချက်ပြုတ်မှု” စသည့် ပရဟိတဝန်ဆောင်မှု အစီအစဉ် ဒါဇင်ချီအား လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ပေကျင်းမြို့ မသန်စွမ်းသူများ ဝန်ဆောင်မှု သရုပ်ပြစင်တာ၌ ဝန်ထမ်းက ကာလတိုပြုစုစောင့်ရှောက်မှု အစီအစဉ်တွင် ပါဝင်သည့် သက်ကြီးရွယ်အိုများအတွက် ဝန်ဆောင်မှုပေးနေသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ဟွေ့အိုက်အဆောက်အဦ၏ သိပ္ပံနည်းပညာဖြင့် မသန်စွမ်းသူများအား ကူညီပေးခြင်း ရလဒ်သရုပ်ပြဇုန်၌ သိပ္ပံနည်းပညာဖြင့် မသန်စွမ်းသူများအား ကူညီပေးသည့် ထုတ်ကုန်များအား စမ်းသပ်နေသော မြို့သားကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————
(Chinese Version)
“十五五”@你丨在这里感受对残疾人的爱
新华社照片,北京,2025年12月3日
北京市残疾人服务示范中心位于北京市丰台区汇爱大厦,是北京市残疾人联合会打造的全国省级专业化综合性程度最高的残疾人综合服务阵地。成立三年多来,该中心为北京市各障别、全年龄段残疾人提供职业康复、短期托养、儿童康复、成人康复、就业实训、艺术康复、融合观影、展示交流等十余项专业化示范服务,累计服务残疾人超过20万人次。
为了更好地助力残疾人无障碍生活、工作及参与社会活动,北京市残疾人服务示范中心不断加强科技助残成果展示和转化,集中展示国内外60余种先进科技助残产品。此外,中心还大力探索公益服务模式,组建了助残志愿团队,先后开展了“光影汇爱”“汇爱心厨”等数十个公益服务项目。
图说1:12月2日,在北京市残疾人服务示范中心参加艺术康复项目的学员在学习手指舞。新华社记者 谢晗 摄
图说2:12月2日,北京市残疾人服务示范中心的工作人员在为参加短期托养的老年人服务。 新华社记者 李欣 摄
图说3:12月2日,市民在汇爱大厦的科技助残成果展示区内体验科技助残产品。新华社记者 谢晗 摄