Connect with us

China

တရုတ်ရေတပ် အမှတ် ၉၈၉ တပ်ဖွဲ့ မလေးရှားချစ်ကြည်ရေးခရီးစဉ် ပြီးဆုံး၍ အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာ

မလေးရှားနိုင်ငံ ကလန်ဆိပ်ကမ်း၌ ဆိုက်ကပ်ထားသော တရုတ်ရေတပ် အမှတ် ၉၈၉ တပ်ဖွဲ့ သင်္ဘောအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)
တရုတ်ရေတပ် အမှတ် ၉၈၉ တပ်ဖွဲ့သည် လေးရက်ကြာ မလေးရှားနိုင်ငံချစ်ကြည်ရေးခရီးစဉ်ကို အဆုံးသတ်ခဲ့ပြီး မလေးရှားနိုင်ငံ ကလန်ဆိပ်ကမ်းမှ အင်ဒိုနီးရှားနိုင်ငံသို့ ဒီဇင်ဘာ ၃ ရက်တွင် စတင်ထွက်ခွာခဲ့သည်။
ဒေသစံတော်ချိန် နေ့လယ် ၁၂ နာရီခန့်တွင် မလေးရှားနိုင်ငံဘက်က ကလန်ဆိပ်ကမ်းတွင် နှုတ်ဆက်ပွဲအခမ်းအနား ကျင်းပခဲ့ရာ မလေးရှားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးနှင့် ကောင်စစ်ဝန်ရုံးမှ ဝန်ထမ်းများ၊ ဒေသခံတရုတ်လူမျိုးများနှင့် တရုတ်နွယ်ဖွားကိုယ်စားလှယ်များ၊ မလေးရှားတော်ဝင်ရေတပ် အရာရှိစစ်သည်ကိုယ်စားလှယ်များက ဆိပ်ကမ်းသို့ လာရောက်၍ ပို့ဆောင်ခဲ့သည်။ ရေတပ်အင်ဂျင်နီယာတက္ကသိုလ်၊ ရေတပ်လေကြောင်းတက္ကသိုလ်မှ သင်တန်းသားများက သင်္ဘောကုန်းပတ်တွင် အဖွဲ့လိုက်တန်းစီကာ လာရောက်ပို့ဆောင်နှုတ်ဆက်သောအဖွဲ့အား လက်ပြနှုတ်ဆက်ခဲ့ကြသည်။ ပင်လယ်ပြင်ခရီးဝေး ဘက်စုံလက်တွေ့လေ့ကျင့်ရေးမစ်ရှင် အစီအစဉ်များအရ မလေးရှား၊ ဘရူနိုင်းနှင့် ထိုင်းနိုင်ငံတို့မှလာရောက်သော နိုင်ငံခြားအရာရှိစစ်သည် ၆ ဦးနှင့် သင်တန်းသားများသည် ကလန်ဆိပ်ကမ်းတွင် သင်္ဘောတက်ကာ ရေတပ်တပ်ဖွဲ့နှင့်အတူ လေ့ကျင့်ရေးတွင် လိုက်ပါခဲ့သည်။

ခရီးစဉ်ကာလတွင် တပ်ဖွဲ့အနေဖြင့် အရာရှိစစ်သည်များအား မလေးရှား အမျိုးသားရေကြောင်းဗဟိုဌာနသို့ သွားရောက်လေ့လာကြည့်ရှုခြင်း၊ မလေးရှားတော်ဝင်ရေတပ် လူငယ်အရာရှိစစ်သည်များနှင့်နှီးနှောဖလှယ်ခြင်း၊ မလေးရှားတော်ဝင်ရေတပ်ကောလိပ် အရာရှိစစ်သည်များနှင့် အားကစားဖလှယ်ခြင်းများ ပြုလုပ်ခဲ့သည်။ အမှတ် ၉၈၉ တပ်ဖွဲ့သည် သင်္ဘောတွင် အများပြည်သူလာရောက်ကြည့်ရှုနိုင်ရန် ဖွင့်လှစ်ပေးခြင်း အစီအစဉ်များစွာ ကျင်းပခဲ့ရာ ဒေသခံ တရုတ်လူမျိုးများနှင့် တရုတ်နွယ်ဖွားများ၊ ပညာတော်သင်ကျောင်းသား ကိုယ်စားလှယ်များနှင့် မလေးရှားတော်ဝင်ရေတပ်အရာရှိစစ်သည်များ စသည့် လူပေါင်း ၁,၀၀၀ နီးပါး သင်္ဘောပေါ်သို့ လာရောက်ကြည့်ရှုလေ့လာခဲ့သည်။ (Xinhua)

မလေးရှားနိုင်ငံ ကလန်ဆိပ်ကမ်း၌ ဆိုက်ကပ်ထားသော တရုတ်ရေတပ် အမှတ် ၉၈၉ တပ်ဖွဲ့ သင်္ဘောအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မလေးရှားနိုင်ငံ ကလန်ဆိပ်ကမ်း၌ တရုတ်ရေတပ် အမှတ် ၉၈၉ တပ်ဖွဲ့ စီစဉ်ကျင်းပသော သင်္ဘောပေါ်သို့ အများပြည်သူလာရောက်ကြည့်ရှုရေးအစီအစဉ်တွင် ပါဝင်နေသူများအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မလေးရှားနိုင်ငံ ကလန်ဆိပ်ကမ်း၌ တရုတ်ရေတပ် အမှတ် ၉၈၉ တပ်ဖွဲ့ စီစဉ်ကျင်းပသော သင်္ဘောပေါ်သို့ အများပြည်သူလာရောက်ကြည့်ရှုရေးအစီအစဉ်တွင် ပါဝင်ကြည့်ရှုသူတစ်ဦးက လက်ရေးလှအား ပြသနေသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မလေးရှားနိုင်ငံ ကလန်ဆိပ်ကမ်း၌ တရုတ်ရေတပ် အမှတ် ၉၈၉ တပ်ဖွဲ့ စီစဉ်ကျင်းပသော သင်္ဘောပေါ်သို့ အများပြည်သူလာရောက်ကြည့်ရှုရေးအစီအစဉ်တွင် ပါဝင်နေသူများအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မလေးရှားနိုင်ငံ ကလန်ဆိပ်ကမ်း၌ တရုတ်ရေတပ်သင်္ဘောပေါ်ပါ သင်တန်းသားများက သင်္ဘောကုန်းပတ်တွင် အဖွဲ့လိုက်တန်းစီကာ လာရောက်ပို့ဆောင်နှုတ်ဆက်သောအဖွဲ့အား လက်ပြနှုတ်ဆက်ခဲ့ကြသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————
(Chinese Version)
中国海军989编队结束对马来西亚友好访问前往印度尼西亚
新华社吉隆坡12月3日电(吕志浩 张利锐)中国海军989编队结束对马来西亚为期4天的友好访问,3日从马来西亚巴生港启程前往印度尼西亚。
当地时间12时许,马方在巴生港举行欢送仪式,中国驻马来西亚使领馆工作人员、当地华侨华人代表、马来西亚皇家海军官兵代表来到码头送行。来自海军工程大学和海军航空大学的学员在甲板上分区列队,向送行队伍挥手道别。按照远海综合实习计划安排,来自马来西亚、文莱和泰国的6名外籍军官和学员从巴生港登舰随编队出航同训。
访问期间,编队组织官兵赴马来西亚国家水文中心参观,同马方皇家海军青年官兵开展座谈,与马方皇家海军学院官兵开展体育交流。989编队组织多场舰艇开放活动,当地华侨华人、留学生代表及马来西亚皇家海军官兵等近千人登舰参观。(完)
1,2. 12月2日,中国海军989编队舰船靠泊在马来西亚巴生港(无人机照片)。新华社发(吕志浩摄)
3,5. 12月1日,在马来西亚巴生港,人们参加中国海军989编队组织的舰艇开放活动。新华社发(孟飞达摄)
4. 12月1日,在马来西亚巴生港,参观者在中国海军989编队组织的舰艇开放活动上展示书法。新华社发(段振军摄)
6. 12月3日,在马来西亚巴生港,学员在甲板上分区列队,向送行队伍挥手道别。新华社发(于涛摄)