China
ဖုဟွာနှင့် ၅၇ ကြိမ်မြောက် အာရှပစိဖိတ် သတင်းဌာနအဖွဲ့ (OANA) အမှုဆောင်အဖွဲ့အစည်းအဝေး တက်ရောက်သော နိုင်ငံခြားဧည့်သည်များ တွေ့ဆုံ
ဟိုင်နန်ပြည်နယ် ဘိုးအောက်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)
ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာသည် ဒီဇင်ဘာ ၃ ရက်တွင် တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဘိုးအောက်မြို့၌ ရုရှားနိုင်ငံ TASS သတင်းဌာန အကြီးအကဲ Andrey Kondrashov ၊ မလေးရှားနိုင်ငံ အမျိုးသားသတင်းအေဂျင်စီ (Bernama) အမှုဆောင်အရာရှိချုပ် Nur-ul Afida Binti Kamaludin ၊ ဗီယက်နမ်နိုင်ငံ သတင်းဌာန (VNA) အကြီးအကဲ Vu Viet Trang စသည့် ၅၇ ကြိမ်မြောက် အာရှပစိဖိတ် သတင်းဌာနအဖွဲ့ (OANA) အမှုဆောင်အဖွဲ့ အစည်းအဝေး တက်ရောက်လာသော နိုင်ငံများစွာမှ မီဒီယာအဖွဲ့အစည်း တာဝန်ရှိပုဂ္ဂိုလ်များနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ဖုဟွာက မီဒီယာအဖွဲ့အစည်း တာဝန်ရှိပုဂ္ဂိုလ်များ တရုတ်နိုင်ငံသို့လာရောက်၍ အစည်းအဝေးတက်ရောက်ခြင်းကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။ ၎င်းက ဆင်ဟွာသတင်းဌာနနှင့် မီဒီယာအဖွဲ့အစည်း အသီးသီးတို့ ကာလကြာရှည်စွာ ချစ်ကြည်ရင်းနှီးမှုရှိသော ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်အောက်မေ့ခဲ့ပြီး မီဒီယာညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုအား တစ်ဆင့်တိုး နက်ရှိုင်းစွာဖော်ဆောင်လိုသည့် မျှော်မှန်းချက်ကို ရှင်လင်း ပြောကြားခဲ့သည်။ ထို့ပြင် ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အကြောင်းအရာများအား အတူတကွကောင်းမွန်စွာ တင်ဆက်ရန်၊ လူပုဂ္ဂိုလ်နှင့် လုပ်ငန်းပိုင်းဆိုင်ရာ ဖလှယ်မှုကို တိုးမြှင့်ရန်၊ မီဒီယာသစ်နည်းပညာကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန်၊ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေး မူဘောင်အောက်တွင် ညှိနှိုင်းတွဲဖက်လုပ်ဆောင်မှု မြှင့်တင်ရန် စသည့် အကြံပြုချက်များ အဆိုပြုခဲ့သည်။ ၎င်းက ဘက်အသီးသီးကို လာမည့်နှစ်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပမည့် ၇ ကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီးအစည်းအဝေး တက်ရောက်ရန်လည်း ဖိတ်ကြားခဲ့သည်။
Andrey Kondrashov က TASS သတင်းဌာနနှင့် ဆင်ဟွာသတင်းဌာန၏ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုသည် စဉ်ဆက်မပြတ် ကျယ်ပြန့်နက်ရှိုင်းစွာ ဖော်ဆောင်လျက်ရှိပြီး နိုင်ငံတကာ ဖြန့်ချိရေး၊ သတင်းအချက်အလက် ဖလှယ်ရေး စသည့်ကဏ္ဍများတွင် လက်တွေ့ထိရောက်မှုများ ရရှိခဲ့ပြီးဖြစ်ကြောင်း၊ မကြာမီ ပေကျင်းမြို့၌ ကျင်းပမည့် ၆ ကြိမ်မြောက် တရုတ်-ရုရှား မီဒီယာဖိုရမ် အောင်မြင်စွာကျင်းပနိုင်မည်ဟု စိတ်ရင်းဖြင့်မျှော်လင့်လျက်ရှိသလို အခိုင်အမာယုံကြည်ကြောင်း ပြောကြားခဲ့သည်။
Nur-ul Afida Binti Kamaludin က ဆင်ဟွာသတင်းဌာနသည် ပြည့်ဝသော မီဒီယာလုပ်ငန်း အတွေ့အကြုံရှိကြောင်း၊ အနာဂတ်တွင် သက်ဆိုင်ရာလေ့ကျင့်မှုဆိုင်ရာ ပံ့ပိုးမှုများရရှိပြီး တစ်ချိန်တည်းတွင် နှစ်ဖက်က ဗီဒီယိုသတင်းကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မှုအား နက်ရှိုင်းစွာဖော်ဆောင်ရန် မျှော်လင့်လျက်ရှိကြောင်း၊ ဆင်ဟွာသတင်းဌာနက “၂၀၂၆ မလေးရှားခရီးသွားလာရေးနှစ်” လှုပ်ရှားမှုကာလအတွင်း မလေးရှားနိုင်ငံသို့ သတင်းထောက်စေလွှတ်ပြီး သတင်းယူတင်ဆက်ရန် ကြိုဆိုကြောင်း ပြောကြားခဲ့သည်။
Vu Viet Trang က ဗီယက်နမ်နိုင်ငံ သတင်းဌာန (VNA) နှင့် ဆင်ဟွာသတင်းဌာနသည် အပြန်အလှန်အားဖြင့် အရေးကြီး ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်များဖြစ်ကြောင်း၊ နှစ်ဖက်က စာသတင်း၊ ဓာတ်ပုံသတင်း၊ ဗီဒီယိုသတင်း စသည့် သတင်းအမျိုးမျိုးကို ပုံမှန်အဆက်မပြတ် အပြန်အလှန်အသုံးပြုလျက်ရှိကြောင်း၊ ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးအား တစ်ဆင့်တိုးနက်ရှိုင်းစွာ ဖော်ဆောင်လိုကြောင်း၊ အထူးသဖြင့် ဒစ်ဂျစ်တယ်အသွင်ပြောင်းမှုကဏ္ဍတွင် VNA က ဆင်ဟွာသတင်းဌာနသို့ နည်းပညာဝန်ထမ်းစေလွှတ်ပြီး ခေတ်မီအတွေ့အကြုံများ လေ့လာသင်ယူလိုကြောင်း ပြောကြားခဲ့သည်။
တွေ့ဆုံဆွေးနွေးစဉ်အတွင်း ဖုဟွာနှင့် Nur-ul Afida Binti Kamaludin တို့က နှစ်ဖက်ချုပ်ဆိုထားသော သတင်းအချက်အလက် ဖြန့်ချိရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာအား လဲလှယ်ခဲ့ပြီး သတင်းအချက်အလက်ဖလှယ်ရေး၊ အပြန်အလှန် ခရီးစဉ်သွားရောက်၍ ကူးလူးဖလှယ်ရေး၊ သတင်းထောက်များ အပြန်အလှန်ကူညီရေး၊ ပူးပေါင်းဖြန့်ချိရေး စသည့်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ကာ တရုတ်-မလေးရှား အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို အားဖြည့်ပေးရန် သဘောတူညီခဲ့ကြသည်။ (Xinhua)

တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဘိုးအောက်မြို့တွင် ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာနှင့် တရုတ်နိုင်ငံသို့လာရောက်၍ ၅၇ ကြိမ်မြောက် အာရှပစိဖိတ် သတင်းဌာနအဖွဲ့ (OANA) အမှုဆောင်အဖွဲ့ အစည်းအဝေး တက်ရောက်သော မလေးရှားနိုင်ငံ အမျိုးသားသတင်းအေဂျင်စီ (Bernama) အမှုဆောင်အရာရှိချုပ် Nur-ul Afida Binti Kamaludin တို့က နှစ်ဖက်ချုပ်ဆိုထားသော သတင်းအချက်အလက် ဖြန့်ချိရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ လဲလှယ်နေသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဘိုးအောက်မြို့တွင် ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာနှင့် တရုတ်နိုင်ငံသို့လာရောက်၍ ၅၇ ကြိမ်မြောက် အာရှပစိဖိတ် သတင်းဌာနအဖွဲ့ (OANA) အမှုဆောင်အဖွဲ့ အစည်းအဝေး တက်ရောက်သော ဗီယက်နမ်နိုင်ငံ သတင်းဌာန (VNA) အကြီးအကဲ Vu Viet Trang တို့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃ ရက်က တွေ့ဆုံနေစဉ် (ဆင်ဟွာ)
——————-
(Chinese Version)
傅华会见出席亚通组织执委会第57次会议的外宾
新华社海南博鳌12月3日电(记者吴茂辉)新华社社长傅华3日在海南博鳌分别会见塔斯社社长安德烈·孔德拉绍夫、马来西亚国家新闻社首席执行官努鲁·阿菲达、越南通讯社社长武越庄等来华出席亚洲—太平洋通讯社组织执行委员会第57次会议的多国媒体负责人。
傅华对各位媒体负责人来华参会表示欢迎。他回顾了新华社与各媒体机构长期以来的友好合作,阐述了进一步深化媒体协作的愿景,提出了共同讲好合作与发展故事、加强人员与业务交流、拓展在新媒体技术领域合作、在多边框架内加强协同配合等建议。他还向各方发出了出席明年在北京举办的第七届世界媒体峰会的邀请。
安德烈·孔德拉绍夫说,塔斯社与新华社的战略合作持续向纵深推进,在国际传播、信息交流等领域已收获切实成效。衷心期待并坚信即将在北京举办的第六届中俄媒体论坛能够取得圆满成功。
努鲁·阿菲达说,新华社拥有丰富的媒体经验,期待未来能获得相关培训支持,同时希望深化双方在视频新闻领域的合作。欢迎新华社在“2026马来西亚旅游年”活动期间派遣记者赴马采访报道。
武越庄说,越通社与新华社互为重要合作伙伴,双方日常持续互相采用文字、图片、视频等各类新闻。愿进一步深化合作关系,尤其在数字化转型领域,越通社愿派遣技术人员赴新华社学习先进经验。
会见期间,傅华与阿菲达交换了双方签署的信息传播领域合作谅解备忘录,同意在新闻交换、互访交流、记者互助、合作传播等领域加强合作,助力共建中马命运共同体。(完)
图说1:这是傅华会见安德烈·孔德拉绍夫。 新华社记者 蒲晓旭 摄
图说2:这是傅华与努鲁·阿菲达交换双方签署的信息传播领域合作谅解备忘录。 新华社记者 蒲晓旭 摄
图说3:这是傅华会见武越庄。 新华社记者 蒲晓旭 摄
