Connect with us

China

ရှီကျင့်ဖိန်နှင့် ပြင်သစ်သမ္မတ မက်ခရွန် တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်ရောက်ရှိလာသည့် ပြင်သစ်သမ္မတ မက်ခရွန်နှင့် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ရာ ဆွေးနွေးပွဲမတိုင်မီ ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်လိယွမ်က သမ္မတ မက်ခရွန် ဇနီးမောင်နှံနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်ကူးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်ရောက်ရှိလာသည့် ပြင်သစ်သမ္မတ မက်ခရွန်နှင့် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ရှီကျင့်ဖိန်က တရုတ်-ပြင်သစ် နှစ်နိုင်ငံလုံးသည် အမြော်အမြင်ကြီး၍ တာဝန်ယူမှုရှိသော လွတ်လပ်၍ ကိုယ်ပိုင်ရပ်တည်ကြသည့် နိုင်ငံကြီးများဖြစ်ကြသလို ကမ္ဘာ့ဗဟုဝင်ရိုးအသွင်ပြောင်းရေးကို တွန်းအားပေးသော၊ လူသားမျိုးနွယ် သွေးစည်းညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သော အပြုသဘောအင်အားများဖြစ်ကြောင်း၊ လက်ရှိ ရာစုနှစ်အပြောင်းအလဲများ အရှိန်အဟုန်မြင့်ဆင့်ကဲဖြစ်ပေါ်နေရာ လူသားမျိုးနွယ်အနေဖြင့် မည်သည့်နေရာကို မည်သို့သွားမည်ဆိုသည့် လမ်းဆုံတွင် ထပ်မံရောက်ရှိနေကြောင်း၊ တရုတ်-ပြင်သစ်နှစ်နိုင်ငံသည် တာဝန်ယူမှုကို ပြသပြီး နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒ အလံကို မြင့်မြင့်ကိုင်ဆောင်ကာ သမိုင်း၏မှန်ကန်သောဘက်တွင် ခိုင်မာစွာ ရပ်တည်သင့်ပါကြောင်းထောက်ပြ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ပြင်သစ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံပြည်သူများ၏ အခြေခံအကျိုးစီးပွားနှင့် နိုင်ငံတကာအသိုက်အဝန်း ရေရှည်အကျိုးစီးပွားရှုထောင့်မှ အစဉ်အမြဲဆောင်ရွက်သွားရန်၊ တန်းတူညီမျှသည့် တွေ့ဆုံဆွေးနွေးမှု၊ တံခါးဖွင့်လှစ်သည့် ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစွာ လက်ကိုင်ထားရန်၊ တရုတ်-ပြင်သစ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို “နောင်နှစ် ၆၀ အဖွင့်ကာလသစ်” တွင် ပိုမိုတည်ငြိမ်ကောင်းမွန်စွာ လျှောက်လှမ်းကာ ၎င်း၏ မဟာဗျူဟာမြောက်တန်ဖိုးကို အပြည့်အဝ အထင်အရှားပြသရန်၊ တန်းတူညီမျှ၍ စနစ်ကျသော ကမ္ဘာ့ဗဟိုဝင်ရိုးအသွင်ပြောင်းရေး၊ အများအကျိုးဖြစ်ထွန်း၍ အားလုံးပါဝင်မှုရှိသော စီးပွားရေးကမ္ဘာလုံးဆိုင်ရာအသွင်ပြောင်းရေးကို တွန်းအားပေးရန်အတွက် အကျိုးသစ်များ ထမ်းဆောင်သွားရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပြင်ပပတ်ဝန်းကျင် မည်သို့ပင် ပြောင်းလဲစေကာမူ တရုတ်-ပြင်သစ် နှစ်နိုင်ငံအနေဖြင့် နိုင်ငံကြီး၏ မဟာဗျူဟာအမြင်နှင့် လွတ်လပ်စွာ ကိုယ်ပိုင်ရပ်တည်မှုကို အစဉ်အမြဲပြသရန်၊ အပြန်အလှန် ဗဟိုအကျိုးစီးပွားနှင့် အရေးကြီးဂရုပြုမှုကိစ္စရပ်များတွင် အပြန်အလှန် နားလည်ထောက်ခံအားပေးရန်၊ တရုတ်-ပြင်သစ် ဆက်ဆံရေး၏ နိုင်ငံရေးအခြေခံကို ကောင်းမွန်စွာ ကာကွယ်ထိန်းသိမ်းရန် လုပ်ဆောင်သင့်ကြောင်း ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။
၂၀ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ စတုတ္ထအကြိမ် မျက်နှာစုံညီအစည်းအဝေးတွင် “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” အစီအစဉ်အကြံပြုချက်များကို အတည်ပြုခဲ့ရာ အနာဂတ်ငါးနှစ်ကာလ တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာဂတ်မြေပုံကိုရေးဆွဲနိုင်ခဲ့သလို ကမ္ဘာကြီးထံသို့လည်း “အခွင့်အလမ်းစာရင်း” တစ်ခု ပံ့ပိုးလိုက်ကြောင်း၊ တရုတ်-ပြင်သစ် နှစ်နိုင်ငံအနေဖြင့် အခွင့်အလမ်းများကို အမိအရ ဖမ်းဆုပ်ရမည်ဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုအလားအလာကို တိုးချဲ့ပြီး လေကြောင်း၊ အာကာသ၊ နျူကလီးယားစွမ်းအင်စသည့် သမားရိုးကျကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မြဲအောင် လုပ်ဆောင်ရမည် ဖြစ်သလို အစိမ်းရောင်စီးပွားရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ ဇီဝဆေးဝါး၊ ဉာဏ်ရည်တု၊ စွမ်းအင်သစ် စသည့်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုအလားအလာများကို ဖော်ထုတ်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ပြင်သစ်နိုင်ငံ၏ အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန်ပစ္စည်းများကို ပိုမိုတင်သွင်းသွားလိုပြီး ပြင်သစ်ကုမ္ပဏီလုပ်ငန်းများ တရုတ်နိုင်ငံသို့ ပိုမိုလာရောက်၍ လုပ်ငန်းဆောင်ရွက်ရန် ကြိုဆိုသလို တရုတ်ကုမ္ပဏီလုပ်ငန်းများအတွက်လည်း ပြင်သစ်ဘက်က တရားမျှတသောပတ်ဝန်းကျင်နှင့် တည်ငြိမ်သောမျှော်လင့်ခန့်မှန်းမှုများကို ပံ့ပိုးစေလိုကြောင်း၊ တရုတ်-ပြင်သစ် နှစ်နိုင်ငံပြည်သူများသည် သဘာဝအလျောက် အကျွမ်းတဝင်ရင်းနှီးမှုရှိကြရာ ယဉ်ကျေးမှု၊ ပညာရေး၊ သိပ္ပံနည်းပညာ၊ ဒေသန္တရ စသည့် ကဏ္ဍပူးပေါင်းဖလှယ်မှုများကို နက်ရှိုင်းစေကာ လူမှုယဉ်ကျေးမှုဖလှယ်ရေး၏ ပြောင်မြောက်သည့်အခန်းကဏ္ဍကို ဆက်လက်ရေးဆွဲသွားရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

လက်ရှိ ကမ္ဘာသည် လွန်စွာ မငြိမ်းမချမ်းဖြစ်လျက်ရှိပြီး နေရာအများအပြားတွင် အာရုံစိုက်ဂရုပြုရမည့်ကိစ္စရပ်များ ဖြစ်ပွားနေကာ ရှုပ်ထွေးပြီးဖြေရှင်းရန်ခဲယဉ်းကြောင်း၊ တရုတ်-ပြင်သစ်သည် ကုလသမဂ္ဂတည်ထောင်စ ကနဦးအဖွဲ့ဝင်နိုင်ငံများနှင့် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများ ဖြစ်သည့်အားလျော်စွာ စစ်မှန်သော နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို လက်တွေ့ဖော်ဆောင်ရန်၊ ကုလသမဂ္ဂအား ဗဟိုပြုသည့် နိုင်ငံတကာစနစ်နှင့် နိုင်ငံတကာဥပဒေအား အခြေခံသည့် နိုင်ငံတကာစည်းစနစ်ကို ကာကွယ်ထိန်းသိမ်းရန်၊ အငြင်းပွားမှုများကို နိုင်ငံရေးနည်းလမ်းနှင့်ဖြေရှင်းရေး၊ ကမ္ဘာ့တည်ငြိမ်အေးချမ်းရေးကို မြှင့်တင်ရေးနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးမှုနှင့် ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ရန်၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု ကောင်းမွန်ပြည့်စုံအောင် ပြုပြင်ပြောင်းလဲမှုကို တွန်းအားပေးရန် လုပ်ဆောင်သင့်ပါကြောင်း ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။
လက်ရှိ ကမ္ဘာတွင် တောင်-မြောက် ဖွံ့ဖြိုးတိုးတက်မှု မညီမျှခြင်း၊ နိုင်ငံတကာဘဏ္ဍာရေးအဖွဲ့အစည်းများတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကိုယ်စားပြုမှု မလုံလောက်ခြင်း စသည့် ဟန်ချက်မညီမှုများစွာ တည်ရှိနေကြောင်း၊ နိုင်ငံအသီသီးအနေဖြင့် အတူတကွ တာဝန်ထမ်းဆောင်၍ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကာ ကမ္ဘာ့စီးပွားရေးစီမံခန့်ခွဲမှုကို ပို၍ တရားမျှတမှု၊ သမာသမတ်ကျမှု၊ ကျိုးကြောင်းဆီလျော်မှုရှိအောင် လက်တွဲအတူ တွန်းအားပေးဆောင်ရွက်သင့်ကြောင်း၊ တရုတ်-ဥရောပ နှစ် ၅၀ ကြာ ပူးပေါင်းဖလှယ်မှုများသည် အပြန်အလှန်အကျိုးဖြစ်ထွန်းကာ ဘုံအကျိုးစီးပွားကို ဖော်ဆောင်ပြီး အပြန်အလှန် အောင်မြင်စေခဲ့ကြောင်း၊ နိုင်ငံအသီးသီး၏ ကုန်ထုတ်လုပ်မှုနှင့် ထောက်ပံ့ရေးကွင်းဆက်သည် နက်ရှိုင်းစွာ အပြန်အလှန် ချိတ်ဆက်ပေါင်းစည်းလျက်ရှိရာ တံခါးဖွင့်ပူးပေါင်းဆောင်ရွက်မှုက ဖွံ့ဖြိုးတိုးတက်ရေးအခွင့်အလမ်းများကို ဆောင်ကြဉ်းပေးသလို “အဆက်အသွယ်ဖြတ်၊ ကွင်းဆက်ဖြတ်တောက်ခြင်း” သည် မိမိကိုယ်ကို လှောင်ပိတ်နေမည့်အဓိပ္ပာယ်ကို ဖော်ဆောင်ကြောင်း၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒက ကမ္ဘာ့ကုန်ထုတ်လုပ်ငန်း ဖွဲ့စည်းပုံချိန်ညှိမှုအရေးကိစ္စကို ဖြေရှင်းနိုင်မည်မဟုတ်သည့်အပြင် နိုင်ငံတကာ ကုန်သွယ်ရေးပတ်ဝန်းကျင်ကို ဆိုးရွားစေမည်ဖြစ်ကြောင်း၊ တရုတ်-ဥရောပ နှစ်ဖက်အနေဖြင့် မိတ်ဖက်ဆက်ဆံရေးအနေအထားကို အခိုင်အမာ လက်ကိုင်ရန်၊ တံခါးဖွင့်လှစ်သည့်သဘောထားဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေးရန်၊ တရုတ်-ဥရောပ ဆက်ဆံရေးကို လွတ်လပ်၍ ကိုယ်ပိုင်ရပ်တည်မှုရှိသော၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်သော လမ်းကြောင်းမှန်အတိုင်း တိုးတက်မှု သေချာစေရန် လုပ်ဆောင်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မက်ခရွန်က ပြင်သစ်-တရုတ် အဆင့်မြင့်အလွှာ နီးကပ်စွာ ကူးလူးဖလှယ်မှုများကို ထိန်းသိမ်းထားရာ အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန်လေးစားမှု အစဉ်အမြဲရှိကြကြောင်း၊ ပြင်သစ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်ဆက်ဆံရေးကို အလေးထားသလို တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ခိုင်မာစွာ ကျင့်သုံးလျက်ရှိကြောင်း၊ ပြင်သစ်-တရုတ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို စဉ်ဆက်မပြတ် နက်ရှိုင်းအောင် ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။
ပြင်သစ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေးအရှိန်အဟုန်မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ကာ တံခါးဖွင့်ပူးပေါင်းဆောင်ရွက်ရေးကို အခိုင်အမာလက်ကိုင်ထားပြီး ကမ္ဘာကြီးအတွက် အခွင့်အလမ်းများ ပိုမို ဆောင်ကြဉ်းလာသည်ကို မြင်တွေ့လိုကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ အပြန်အလှန်ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန်၊ ကုန်သွယ်စီးပွား၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် စသည့်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ရန်၊ ချစ်ကြည်ရင်းနှီးသော ယဉ်ကျေးမှုဖလှယ်ရေးကို တိုးမြှင့်ရန် ဆန္ဒရှိပါကြောင်း၊ တရုတ်ကုမ္ပဏီလုပ်ငန်းများ ပြင်သစ်သို့ လာရောက်၍ ရင်းနှီးမြှုပ်နှံမှုကို ပြင်သစ်နိုင်ငံဘက်မှ ကြိုဆိုရာ တရားမျှတသော၊ ခွဲခြားဆက်ဆံမှုမရှိသော စီးပွားရေးပတ်ဝန်းကျင်ကို ပံ့ပိုးသွားလိုကြောင်း၊ ဥရောပ-တရုတ် ဆက်ဆံရေး ကောင်းမွန်တည်ငြိမ်စွာ တိုးတက်စေရန် ပြင်သစ်နိုင်ငံအနေဖြင့် အားထားဆောင်ရွက်လျက်ရှိကြောင်း၊ ဥရောပ-တရုတ်သည် ညှိနှိုင်းဆွေးနွေးပူးပေါင်းဆောင်ရွက်မှုများကို ခိုင်မာစွာ ဆောင်ရွက်သင့်သလို ဥရောပတိုက်အနေဖြင့် မဟာဗျူဟာကိုယ်ပိုင်ရပ်တည်မှု ဖော်ဆောင်သင့်သည်ဟု ယူဆကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကမ္ဘာ့ပထဝီနိုင်ငံရေးအခြေအနေ မတည်ငြိမ်မှု၊ နိုင်ငံပေါင်းစုံစည်းစနစ် ရိုက်ခတ်ခံနေရမှုများကို ရင်ဆိုင်ရာတွင် ပြင်သစ်-တရုတ် ပူးပေါင်းဆောင်ရွက်မှုသည် ပို၍အရေးကြီးသလို မရှိမဖြစ်လိုအပ်ကြောင်း၊ ပြင်သစ်နိုင်ငံအနေဖြင့် သမ္မတ ရှီကျင့်ဖိန်၏ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု ကောင်းမွန်ပြည့်စုံအောင် ပြုပြင်ပြောင်းလဲသော၊ ကမ္ဘာ့စီးပွားရေး ပိုမိုဟန်ချက်ညီရေး တွန်းအားပေးသော သက်ဆိုင်ရာသဘောထားများကို အပြည့်အဝ သဘောတူထောက်ခံကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ညှိနှိုင်းမှုများ အားဖြည့်ရန်၊ နိုင်ငံကြီးတာဝန်ကို အတူထမ်းဆောင်ကာ နိုင်ငံပေါင်းစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို ခိုင်မာစွာ လက်ကိုင်ထားရန်၊ ဥတုရာသီပြောင်းလဲမှု၊ ဇီဝမျိုးစုံမျိုးစိတ်ကွဲများ ကာကွယ်မှု၊ ဉာဏ်ရည်တုစီမံခန့်ခွဲမှု စသည့်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများအား တိုးမြှင့်ရန်၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးကို မြှင့်တင်ရေးအတွက် အကျိုးဆောင်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

နှစ်နိုင်ငံအကြီးအကဲများက ယူကရိန်းအကျပ်အတည်းနှင့်စပ်လျဉ်း၍ အမြင်သဘောထားချင်းဖလှယ်ခဲ့ကြသည်။ ရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးအတွက် အကျိုးဖြစ်ထွန်းစေသော ကြိုးပမ်းမှုမှန်သမျှကို ထောက်ခံအားပေးကြောင်း၊ နိုင်ငံရေးနည်းလမ်းဖြင့် အကျပ်အတည်းဖြေရှင်းရေးအတွက် မိမိ၏နည်းလမ်းဖြင့် အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဥရောပနိုင်ငံများ၏ ရှိသင့်သည့်အခန်းကဏ္ဍမှ ပါဝင်ပြီး မျှတသော၊ ထိရောက်သော၊ စဉ်ဆက်မပြတ်ဖြစ်သော ဥရောပတိုက်လုံခြုံရေးမူဘောင် တည်ဆောက်မှုကို တွန်းအားပေးခြင်းအား ထောက်ခံကြောင်း ပြောကြားခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံအကြီးအကဲများက နျူကလီးယားစွမ်းအင်၊ စိုက်ပျိုးရေးစားသောက်ကုန်၊ ပညာရေး၊ ဂေဟပတ်ဝန်းကျင် စသည့် ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု စာရွက်စာတမ်းများ လက်မှတ်ရေးထိုးမှုကို အတူတကွ မျက်မြင်သက်သေပြုခဲ့ကြသည်။

ထို့အပြင် နှစ်နိုင်ငံအကြီးအကဲများအတူ ပြည်တွင်းပြည်ပသတင်းမီဒီယာများအား တွေ့ဆုံခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲမတိုင်မီ ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်လိယွမ်က မက်ခရွန်နှင့် ဇနီး Brigitte အတွက် ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကို ပြည်သူ့ခန်းမဆောင် မြောက်ဘက်ခန်းမတွင် ကျင်းပခဲ့သည်။

မက်ခရွန် ရောက်ရှိလာချိန်တွင် ဂုဏ်ပြုတပ်ဖွဲ့က စီတန်း၍အလေးပြုခဲ့ကြသည်။ နှစ်နိုင်ငံအကြီးအကဲများ စစ်ဆေးကြည့်ရှုသည့်စင်မြင့်သို့ တက်ရောက်ရာတွင် စစ်တီးဝိုင်းက တရုတ်-ပြင်သစ် နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများအား တီးမှုတ်ကြပြီး ထျန်းအန်းမန် ရင်ပြင်တွင် ဂုဏ်ပြုအမြောက် ၂၁ ချက် ဖောက်ခဲ့ကြသည်။ မက်ခရွန်ကက ရှီကျင့်ဖိန်နှင့်အတူ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးကြည့်ရှုပြီး တပ်ဖွဲ့အလိုက်ချီတက်မှုအား ကြည့်ရှုခဲ့ကြသည်။

ယင်းနေ့ နေ့လယ်ပိုင်းတွင် ရှီကျင့်ဖိန်နှင့် ဖုန်လိယွမ်တို့သည် ပြည်သူ့ခန်းမဆောင် ရွှေရောင်ခန်းမတွင် မက်ခရွန် ဇနီးမောင်နှံအတွက် ကြိုဆိုဧည့်ခံပွဲ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားအစီအစဉ်များသို့ ဝမ်ရိတက်ရောက်ခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်ရောက်ရှိလာသည့် ပြင်သစ်သမ္မတ မက်ခရွန် တို့ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်ရောက်ရှိလာသည့် ပြင်သစ်သမ္မတ မက်ခရွန်တို့ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ရာ ဆွေးနွေးပွဲပြီးနောက် နှစ်နိုင်ငံအကြီးအကဲများအတူ ပြည်တွင်းပြည်ပသတင်းထောက်များနှင့် တွေ့ဆုံစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်ရောက်ရှိလာသည့် ပြင်သစ်သမ္မတ မက်ခရွန် တို့ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ရာ ဆွေးနွေးပွဲမတိုင်မီ ရှီကျင့်ဖိန်က ပြည်သူ့ခန်းမဆောင် မြောက်ဘက်ခန်းမတွင် မက်ခရွန်အတွက် ကြိုဆိုပွဲအခမ်းအနားကျင်းပစဉ် (ဆင်ဟွာ)

——————
(Chinese Version)
习近平同法国总统马克龙举行会谈
新华社北京12月4日电(记者董雪、冯歆然)12月4日上午,国家主席习近平在北京人民大会堂同来华进行国事访问的法国总统马克龙举行会谈。
习近平指出,中法都是有远见、有担当的独立自主大国,是推动世界多极化、促进人类团结合作的建设性力量。当前,百年变局加速演进,人类又一次站在何去何从的十字路口。中法两国应当展现责任担当,高举多边主义旗帜,坚定站在历史正确一边。中方愿同法方一道,始终从两国人民根本利益和国际社会长远利益出发,坚持平等对话、开放合作,让中法全面战略伙伴关系在“新甲子”走得更稳更好,充分彰显其战略价值,为推动平等有序的世界多极化、普惠包容的经济全球化作出新的贡献。
习近平强调,无论外部环境如何变化,中法两国都应当始终展现大国的战略眼光和独立自主,在彼此核心利益和重大关切问题上相互理解和支持,维护好中法关系的政治基础。中共二十届四中全会审议通过“十五五”规划建议,为未来5年中国发展擘画蓝图,也向世界提供了一份“机遇清单”。中法两国要抓住机遇,拓展合作空间,巩固航空、航天、核能等传统领域合作,挖掘绿色经济、数字经济、生物医药、人工智能、新能源等领域合作潜力。中方愿进口更多法国优质产品,欢迎更多法国企业来华发展,也希望法方为中国企业提供公平环境和稳定预期。中法两国人民有着天然亲近感,要深化文化、教育、科技、地方等领域交流合作,续写人文交流精彩篇章。
习近平强调,当今世界很不太平,热点问题多点爆发、复杂难解。中法同为联合国创始成员国和安理会常任理事国,应当践行真正的多边主义,维护以联合国为核心的国际体系和以国际法为基础的国际秩序,就政治解决争端、促进世界和平稳定加强沟通和协作,推动改革完善全球治理。当前,世界存在南北发展不平衡、发展中国家在国际金融机构中代表性不足等很多不平衡问题,各国应当共担责任、协调行动,携手推动全球经济治理更加公平、公正、合理。中欧50年来的交往合作互利共赢、成就彼此。各国产供链深度互嵌,开放合作带来机遇发展,“脱钩断链”意味着自我封闭。保护主义不能解决世界产业结构调整的问题,反而将恶化国际贸易环境。中欧双方应该坚持伙伴关系定位,秉持开放态度推进合作,确保中欧关系沿着独立自主、合作共赢的正确轨道发展。
马克龙表示,法中保持密切高层交往,始终相互信任、相互尊重。法方重视对华关系,坚定奉行一个中国政策,愿持续深化法中全面战略伙伴关系。法方乐见中国经济蓬勃发展,坚持开放合作,为世界带来更多机遇,愿同中方促进相互投资,加强经贸、可再生能源等领域合作,促进友好文化交流。法方欢迎中国企业更多赴法投资,愿提供公平、非歧视营商环境。法方致力于推动欧中关系健康稳定发展,认为欧中应坚持对话合作,欧洲应实现战略自主。面对世界地缘形势不稳、多边秩序受到冲击,法中合作更显重要,不可或缺。法方完全赞同习近平主席有关改革完善全球治理、推动全球经济更加平衡的意见,愿同中方加强协调,共担大国责任、坚持多边主义,加强在应对气候变化、保护生物多样性、人工智能治理等领域合作,为促进世界和平与繁荣作出贡献。
两国元首就乌克兰危机交换意见。习近平指出,中方支持一切有利于和平的努力,将继续以自己的方式为危机政治解决发挥建设性作用。中方支持欧洲国家发挥应有作用,推动构建均衡、有效、可持续的欧洲安全架构。
会谈后,两国元首共同见证签署核能、农食、教育、生态环境等领域多项合作文件。
两国元首还共同会见了中外记者。
会谈前,习近平和夫人彭丽媛在人民大会堂北大厅为马克龙和夫人布丽吉特举行欢迎仪式。
马克龙抵达时,礼兵列队致敬。两国元首登上检阅台,军乐团奏中法两国国歌,天安门广场鸣放礼炮21响。马克龙在习近平陪同下检阅中国人民解放军仪仗队,并观看分列式。
当天中午,习近平和彭丽媛在人民大会堂金色大厅为马克龙夫妇举行欢迎宴会。
王毅参加上述活动。(完)
1. 12月4日上午,国家主席习近平在北京人民大会堂同来华进行国事访问的法国总统马克龙举行会谈。这是会谈前,习近平和夫人彭丽媛同马克龙总统夫妇合影。 新华社记者 黄敬文 摄
2. 12月4日上午,国家主席习近平在北京人民大会堂同来华进行国事访问的法国总统马克龙举行会谈。 新华社记者 殷博古 摄
3. 12月4日上午,国家主席习近平在北京人民大会堂同来华进行国事访问的法国总统马克龙举行会谈。这是会谈后,两国元首共同会见中外记者。 新华社记者 燕雁 摄
4. 12月4日上午,国家主席习近平在北京人民大会堂同来华进行国事访问的法国总统马克龙举行会谈。这是会谈前,习近平在人民大会堂北大厅为马克龙举行欢迎仪式。 新华社记者 谢环驰 摄