Connect with us

China

ရှီကျင့်ဖိန်နှင့် ပြင်သစ် သမ္မတ မက်ခရွန်တို့ ချိန်တူးမြို့တွင် ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးဖလှယ်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်နှင့် စီချွမ်းပြည်နယ် ချိန်တူးမြို့ တူးကျန်းယန့်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၅ ရက်က ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးဖလှယ်ခဲ့ကြရာ နှစ်နိုင်ငံအကြီးအကဲ ဇနီးမောင်နှံတို့အတူ ဆည်လျှောက်လမ်းတစ်လျှောက် လမ်းလျှောက်ရင်း စကားစမြည်ပြောဆိုနေကြသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ချိန်တူး၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်နှင့် တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ချိန်တူးမြို့ တူးကျန်းယန့်တွင် ဒီဇင်ဘာ ၅ ရက်က ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးဖလှယ်ခဲ့ကြသည်။

ဆောင်းရာသီ ကနဦးကာလတွင် တူးကျန်းယန့်သည် တောင်တန်းများဖြင့် စိမ်းလန်းစိုပြည်လျက်ရှိသည်။ မက်ခရွန်တို့ ဇနီးမောင်နှံ ရောက်ရှိလာချိန်တွင် ရှီကျင့်ဖိန်နှင့် ဖုန်လိယွမ်က နွေးထွေးလှိုက်လှဲစွာ ကြိုဆိုခဲ့သည်။
ရှီကျင့်ဖိန်က မက်ခရွန် “သဘာဝအဖိုးတန်မြေ” သို့ ခရီးစဉ်ရောက်ရှိလာသည့်အပေါ် ကြိုဆိုကြောင်း၊ ယမန်နှစ်က အဆွေတော်၏ ဇာတိဖြစ်သော Hautes-Pyrénées ပြည်နယ်သို့ သွားရောက်ရန် အဆွေတော်အနေဖြင့် ဖိတ်ကြားခဲ့ကြောင်း၊ ယခုအကြိမ်ခရီးစဉ်တွင် အဆွေတော်အနေဖြင့် တရုတ်နိုင်ငံအပေါ် သိရှိနားလည်မှုများ ပို၍ကြွယ်ဝလာမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံအကြီးအကဲ ဇနီးမောင်နှံတို့သည် ဆည်လျှောက်လမ်းတစ်လျှောက် လမ်းလျှောက်ရင်း စကားစမြည်ပြောဆိုခဲ့ကြသည်။
ရှီကျင့်ဖိန်က တူးကျန်းယန့်၏ သမိုင်းနှင့် အနက်အဓိပ္ပာယ်ကို မိတ်ဆက်ပြောကြားရာတွင် တူးကျန်းယန့် ဆည်မြောင်းစနစ်သည် ကမ္ဘာတွင် ယနေ့အထိ တစ်ခုတည်း အသုံးပြုလျက်ရှိသော ရှေးခေတ်ဆည်မြောင်းစီမံကိန်းဖြစ်သလို လူသားနှင့် သဘာဝ သဟဇာတဖြစ်စွာ အတူယဉ်တွဲနေထိုင်မှုကို အစောဆုံး အောင်မြင်စွာ လက်တွေ့ဖော်ဆောင်နိုင်မှုများအနက် တစ်ခုဖြစ်ကြောင်း၊ ပြုပြင်တည်ဆောက်သည့်လုပ်ငန်းစဉ်တွင် တရုတ်လူမျိုးများ၏ ကိုယ်တိုင်အားထုတ်ကြိုးပမ်းလိုမှု၊ အခက်အခဲအတားအဆီးများကို မကြောက်ရွံ့မှု၊ ရဲဝံ့သောရှေ့ဆောင်မှုရှိသော စိတ်ဓာတ်ကို အပြည့်အဝ ထင်ဟပ်ပြသခဲ့ကြောင်း ပြောကြားခဲ့သည်။ တူးကျန်းယန့်သို့ ရောက်ရှိတိုင်းတွင် ရှေးလူများ၏ ဒေသနှင့် သဘာဝအလိုက် လိုက်လျောညီထွေအောင် လုပ်ဆောင်မှု၊ သဘာဝနှင့် လူသား ပေါင်းစည်းမှု၊ ရေအရင်းအမြစ် စီမံခန့်ခွဲမှုဖြင့် ပြည်သူ့အကျိုးဖော်ဆောင်မှုဟူသော ကြီးမြတ်ခြင်းကို ခံစားရပြီး ထိုမှတစ်ဆင့် နိုင်ငံရေးရာစီမံခန့်ခွဲမှု ဉာဏ်ပညာများကို ရရှိခဲ့ကြောင်း၊ ပြင်သစ်လူမျိုးများသည်လည်း အလားတူပင် ကြံ့ကြံ့ခံနိုင်မှု စိတ်ဓာတ်ရှိကြောင်း၊ တရုတ်-ပြင်သစ် နှစ်နိုင်ငံအနေဖြင့် အခြားနိုင်ငံများထက်ပင် အပြန်အလှန် နားလည်မှု၊ အပြန်အလှန်လေးစားမှု ပို၍ ရှိသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မက်ခရွန်က တူးကျန်းယန့်၏ တောတောင်ရေမြေသည် စိမ်းလန်းစိုပြည်လျက်ရှိရာ ရှုခင်းများမှာ သာယာလှပကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း ၂,၀၀၀ ကျော်က တည်ဆောက်ခဲ့သည့် ဆည်မြောင်းစီမံကိန်းသည် ယနေ့တိုင်အသုံးပြုသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိနေရာ တရုတ်ပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုနှင့် ဉာဏ်ပညာမှာ အံ့မခန်းဖွယ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပြင်သစ်-တရုတ် နှစ်နိုင်ငံလုံးတွင် ရှည်ကြာသည့် သမိုင်းယဉ်ကျေးမှုများရှိရာ သာယာလှပသော နေထိုင်မှုဘဝအပေါ် နှစ်နိုင်ငံပြည်သူများ၏ လိုလားတောင့်တမှုမှာ တူညီကြကြောင်း၊ ပြင်သစ်-တရုတ် ပူးပေါင်းဆောင်ရွက်မှုသည် ဖွံ့ဖြိုးတိုးတက်စည်ပင်ဝပြောရေးကို အတူတကွ ဖော်ဆောင်နိုင်ပြီး နှစ်နိုင်ငံပြည်သူများ၏ အကျိုးကိုဆောင်ကြဉ်းနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

နှစ်နိုင်ငံအကြီးအကဲ ဇနီးမောင်နှံ တို့သည် ဟွိုင်ကူတန်ဆောင်း ကန်ရေနံဘေးတွင် အတူထိုင်ကာ ရေနွေးကြမ်းသောက်သုံးလျက် လောကအကြောင်းကို လွတ်လပ်စွာ ဆွေးနွေးကြသည်။

ရှီကျင့်ဖိန်က နိုင်ငံအင်အားတောင့်တင်းရန်၊ အမျိုးသားပြန်လည်အားသစ်လောင်းရန် ရုပ်ဝတ္ထုယဉ်ကျေးမှု၏ စုစည်းမှုများလိုအပ်သလို စိတ်ဓာတ်ရေးရာယဉ်ကျေးမှု၏ အဆင့်မြှင့်မှုလည်း လိုအပ်ကြောင်း၊ ယဉ်ကျေးမှုယုံကြည်ချက်ရှိသည့် လူမျိုးမှသာ ရပ်တည်နိုင်မှု၊ တည်ငြိမ်စွာ ရပ်တည်နိုင်မှု၊ ခရီးဝေးကို လျှောက်လှမ်းနိုင်မှု ရှိမည် ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။
တရုတ်ယဉ်ကျေးမှုသည် ကမ္ဘာပေါ်တွင် တစ်ခုတည်းသော စဉ်ဆက်မပြတ်ဘဲ နိုင်ငံ၏ပုံစံဖြင့် ယနေ့တိုင်ဖွံ့ဖြိုးတိုးတက်လာသော ကြီးကျယ်ခမ်းနားသည့် ယဉ်ကျေးမှုဖြစ်ရာ ထင်ရှားသော စဉ်ဆက်မပြတ်မှု၊ ဆန်းသစ်ဖန်တီးမှု၊ ပေါင်းစည်းမှု၊ အားလုံးပါဝင်လက်ခံမှု၊ ငြိမ်းချမ်းမှု ရှိကြောင်း၊ တရုတ်-ပြင်သစ် နှစ်နိုင်ငံသည် အရှေ့တိုင်းနှင့် အနောက်တိုင်း ယဉ်ကျေးမှု၏ ထူးချွန်ပြောင်မြောက်သော ကိုယ်စားပြုသူများ အသီးသီးဖြစ်ကြကြောင်း၊ နှစ်နိုင်ငံလုံးတွင် လွတ်လပ်၍ ကိုယ်ပိုင်ရပ်တည်မှုရှိသော စိတ်ဓာတ်ရှိကြခြင်းမှာ ကိုယ်စီ နက်ရှိုင်းသည့်ယဉ်ကျေးမှုအခြေခံတွင် မြစ်ဖျားခံကြောင်း၊ တရုတ်-ပြင်သစ် သံတမန်ဆက်ဆံရေး ထူထောင်ခြင်းမှာ လွတ်လပ်၍ ကိုယ်ပိုင်ရပ်တည်မှုရှိသော နိုင်ငံနှစ်နိုင်ငံအကြား “လက်ဆွဲခြင်း” ဖြစ်ရုံသာမက ထွန်းလင်းတောက်ပသည့် ယဉ်ကျေးမှုကြီးနှစ်ရပ်၏ ယှက်နွှယ်ပေါင်းစည်းမှုလည်း ဖြစ်ကြောင်း၊ အပြောင်းအလဲများဖြင့် ရှုပ်ထွေးရောယှက်နေသည့် နိုင်ငံတကာအခြေအနေကို ရင်ဆိုင်ရာတွင် တရုတ်-ပြင်သစ် ဟူသော သမိုင်းယဉ်ကျေးမှုနိုင်ငံကြီး နှစ်နိုင်ငံအနေဖြင့် တွေ့ဆုံဆွေးနွေး ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ကမ္ဘာ့တည်ငြိမ်အေးချမ်းရေးနှင့် လူသားမျိုးနွယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ အကျိုးပိုမိုထမ်းဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မက်ခရွန်က လက်ရှိနိုင်ငံတကာအခြေအနေသည် အရှိန်အဟုန်မြင့် ဆင့်ကဲပြောင်းလဲလျက်ရှိရာ မသေချာမရေရာမှုများနှင့် ပြည့်နှက်လျက်ရှိကြောင်း၊ ပြင်သစ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ညှိနှိုင်းဆွေးနွေး ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ပြီး ပဋိပက္ခများအား ဆွေးနွေးညှိနှိုင်းမှုဖြင့် ဖြေရှင်းရေးကို အခိုင်အမာလက်ကိုင်ထားကာ ကမ္ဘာ့တည်ငြိမ်အေးချမ်းရေးကို လက်တွဲအတူ ကာကွယ်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်တို့ ဇနီးမောင်နှံက မက်ခရွန်တို့ ဇနီးမောင်နှံအား နေ့လယ်စာအတူသုံးဆောင်ရန် ဖိတ်ကြားခဲ့ပြီး ဆက်လက်နက်ရှိုင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြသည်။

နှစ်နိုင်ငံအကြီးအကဲများက နီးကပ်သော ညှိနှိုင်းဆွေးနွေးမှုများကို ထိန်းသိမ်းထားရန်၊ တရုတ်-ပြင်သစ် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး စဉ်ဆက်မပြတ် ရှေ့သို့ တိုးတက်စေရေးကို အတူတကွ တွန်းအားပေးရန် တစ်ပြေးညီ သဘောတူညီခဲ့ကြသည်။

ခရီးစဉ်ကာလတွင် နှစ်ဖက်အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အားဖြည့်ရေး၊ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုနှင့် ပတ်ဝန်းကျင်စိန်ခေါ်မှုများအား ပူးပေါင်းကိုင်တွယ်စီမံရေး၊ နျူကလီးယားစွမ်းအင် ငြိမ်းချမ်းစွာ အသုံးချမှုကဏ္ဍ ပူပေါင်းဆောင်ရွက်ခြင်းကို ဆက်လက် တွန်းအားပေးရေး၊ လယ်ယာစိုက်ပျိုးရေးနှင့် စားသောက်ကုန်ကဏ္ဍ ပူးပေါင်းဖလှယ်ရေး၊ ယူကရိန်းအရေးနှင့် ပါလက်စတိုင်းအရေးတို့နှင့်စပ်လျဉ်း၍ ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့သည်။

အဆိုပါ အစီအစဉ်များကို ဝမ်ရိ ပါဝင်တက်ရောက်ခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်နှင့် စီချွမ်းပြည်နယ် ချိန်တူးမြို့ တူးကျန်းယန့်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၅ ရက်က ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးဖလှယ်ခဲ့ကြရာ နှစ်နိုင်ငံအကြီးအကဲ ဇနီးမောင်နှံတို့ ဟွိုင်ကူတန်ဆောင်း ကန်ရေနံဘေးတွင် အတူထိုင်ကာ ရေနွေးကြမ်း သောက်သုံးလျက် လောကအကြောင်းကို လွတ်လပ်စွာ ဆွေးနွေးကြစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်နှင့် စီချွမ်းပြည်နယ် ချိန်တူးမြို့ တူးကျန်းယန့်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၅ ရက်က ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးဖလှယ်ခဲ့ကြရာ ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်လိယွမ်နှင့် မက်ခရွန် ဇနီးမောင်နှံတို့အတူ စုပေါင်းဓာတ်ပုံရိုက်ကူးစဉ် (ဆင်ဟွာ)

—————-
(Chinese Version)
习近平同法国总统马克龙在成都进行友好交流
新华社成都12月5日电(记者孙奕、吴光于)12月5日,国家主席习近平在四川省成都市都江堰同法国总统马克龙进行友好交流。
初冬的都江堰,苍山掩翠。马克龙夫妇抵达时,受到习近平和彭丽媛热情迎接。习近平欢迎马克龙到访“天府之国”,表示去年你邀请我赴你的家乡上比利牛斯省,相信你此行会进一步丰富对中国的认知。
两国元首夫妇沿堰功道边走边谈。
习近平介绍都江堰历史和意义,指出都江堰水利工程是全世界迄今唯一仍在使用的古代水利工程,也是人类与自然和谐共生最早的成功实践之一,修建过程充分反映了中华民族自强不息、不畏艰难、勇于开拓的精神。每次来到都江堰都能感受到先人因地制宜、顺势而为、天人合一、治水利民的伟大,从中汲取到治国理政的智慧。法兰西民族同样具有坚韧不拔的精神。中法两国应该比其他国家更能够相互理解、相互尊重。
马克龙表示,都江堰山清水秀、景色优美。两千多年前建成的水利工程至今仍在发挥作用,中国人民的勤劳智慧令人赞叹。法中两国都有悠久的历史文化,两国人民对美好生活的追求是相通的,法中合作可以共谋发展繁荣、造福两国人民。
两国元首夫妇落座怀古亭,临水品茗,纵论天下。
习近平强调,国家强盛、民族复兴需要物质文明的积累,也需要精神文明的升华。有文化自信的民族,才能立得住、站得稳、行得远。中华文明是世界上唯一绵延不断且以国家形态发展至今的伟大文明,具有突出的连续性、创新性、统一性、包容性、和平性。中法两国分别是东西方文明的杰出代表。两国共有的独立自主精神,就源于各自深厚的文化底蕴。中法建交不仅是两个独立自主国家的“握手”,也是两大璀璨文明的交汇。面对变乱交织的国际形势,相信中法两个历史文化大国能够通过对话合作,共同为世界和平稳定和人类发展进步作出更大贡献。
马克龙说,当前国际形势迅速演变,充满不确定性。法方愿同中方加强沟通协调,坚持通过对话协商解决冲突,携手维护世界和平稳定。
习近平夫妇邀请马克龙夫妇共进午餐,继续深入交流。
两国元首一致同意保持密切沟通,共同推动中法全面战略伙伴关系不断向前发展。   访问期间,双方就加强全球治理、合作应对全球气候和环境挑战、持续推进和平利用核能领域合作、农业和食品交流与合作、乌克兰局势和巴勒斯坦局势发表了联合声明。
王毅参加上述活动。(完)
1. 12月5日,国家主席习近平在四川省成都市都江堰同法国总统马克龙进行友好交流。这是两国元首夫妇沿堰功道边走边谈。 新华社记者 丁海涛 摄
2. 12月5日,国家主席习近平在四川省成都市都江堰同法国总统马克龙进行友好交流。这是两国元首夫妇落座怀古亭,临水品茗,纵论天下。 新华社记者 翟健岚 摄
3. 12月5日,国家主席习近平在四川省成都市都江堰同法国总统马克龙进行友好交流。这是习近平和夫人彭丽媛同马克龙夫妇合影。 新华社记者 丁海涛 摄