China
ရှီကျင့်ဖိန်က ထိုင်းဘုရင့်နိုင်ငံ အမျိုးသားနေ့အတွက် ထိုင်းနိုင်ငံ ဘုရင် မဟာဝဇီရာလောင်ကွန်းထံ ဂုဏ်ပြုသဝဏ်လွှာပေးပို့
ပေကျင်း၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဒီဇင်ဘာ ၅ ရက်တွင် ထိုင်းဘုရင့်နိုင်ငံ အမျိုးသားနေ့အတွက် ထိုင်းနိုင်ငံ ဘုရင် မဟာဝဇီရာလောင်ကွန်းထံ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။
သဝဏ်လွှာတွင် ရှီကျင့်ဖိန်က လွန်ခဲ့သည့်တစ်နှစ်အတွင်း ထိုင်းနိုင်ငံ စီးပွားရေးနှင့် လူမှုရေးသည် တည်ငြိမ်စွာ တိုးတက်ခဲ့ပြီး ပြည်သူများလူနေမှုဘဝသည် စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်လာကာ နိုင်ငံတကာ ဩဇာသက်ရောက်မှုသည်လည်း သိသိသာသာ မြင့်တက်လာကြောင်း၊ အဆွေတော် ဘုရင် မဟာဝဇီရာလောင်ကွန်း၏ စောင့်ရှောက်မှုအောက်တွင် ထိုင်းနိုင်ငံ၏ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းက အဆက်မပြတ် အောင်မြင်မှုအသစ်များ ရရှိလာမည်ဟု ယုံကြည်ကြောင်း ထောက်ပြ ပြောကြားခဲ့သည်။
ရှီကျင့်ဖိန်က ယခုနှစ်သည် တရုတ်-ထိုင်း သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၅၀ ပြည့်နှင့် “တရုတ်-ထိုင်း ချစ်ကြည်ရေး ရွှေရောင်နှစ် ၅၀” ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်။
မကြာသေးမီက မိမိသည် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်လာရောက်သော ဘုရင် မဟာဝဇီရာလောင်ကွန်းနှင့် မိဖုရား သုဒိတာတို့အား ရင်းရင်းနှီးနှီး လက်ခံတွေ့ဆုံခဲ့ကာ ချစ်ကြည်ရေးအကြောင်း ဆွေးနွေးခဲ့ပြီး တရုတ်-ထိုင်း အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှု တွန်းအားပေးရေးနှင့် စပ်လျဉ်း၍ သဘောထားအမြင်ချင်း ထဲထဲဝင်ဝင်ဖလှယ်ခဲ့ကြောင်း၊ မိမိအနေဖြင့် တရုတ်-ထိုင်း ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအား များစွာအလေးထားပြီး ထိုင်းနိုင်ငံ တော်ဝင်မိသားစုနှင့် အစဉ်အလာချစ်ကြည်ရေးကို တန်ဖိုးထားကြောင်း၊ အဆွေတော် ဘုရင် မဟာဝဇီရာလောင်ကွန်းနှင့်အတူ ဦးဆောင်မှုမြှင့်တင်ကာ “တရုတ်-ထိုင်းမိသားစုပမာ” ချစ်ကြည်ရင်းနှီးသော သံယောဇဉ်ရှေ့ဆက်တည်ရှိရန်၊ နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုအား နက်ရှိုင်းစေပြီး ခေတ်သစ် တရုတ်-ထိုင်း အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှု စာမျက်နှာသစ်အား အတူရေးခြယ်ရန်၊ နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုများပြားသော အကျိုးစီးပွားသယ်ဆောင်လာရန်၊ ကမ္ဘာကြီး ငြိမ်းချမ်းတည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက် သာယာဝပြောမှုအတွက် ပိုမိုကြီးမားသော အကျိုးကို ထမ်းဆောင်သွားရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
——————–
(Chinese Version)
习近平就泰王国国庆向泰王国国王哇集拉隆功致贺电
新华社北京12月5日电 12月5日,国家主席习近平致电泰王国国王哇集拉隆功,祝贺泰王国国庆。
习近平指出,过去一年来,泰国经济社会稳步发展,人民生活水平持续改善,国际影响力显著提升。相信在哇集拉隆功国王的庇佑下,泰国国家建设事业将不断取得新的更大成就。
习近平强调,今年是中泰建交50周年暨“中泰友谊金色50年”。不久前,我同来华进行国事访问的哇集拉隆功国王和素提达王后亲切会见、畅叙友情,就推进中泰命运共同体建设深入交换意见,达成重要共识。我高度重视中泰关系发展,珍视同泰国王室的传统友谊,愿同哇集拉隆功国王共同加强引领,赓续“中泰一家亲”友好情谊,深化两国全面战略合作,共同谱写新时代中泰命运共同体建设新篇章,为两国人民带来更多福祉,为世界和平稳定与发展繁荣作出更大贡献。(完)
图说:11月14日上午,国家主席习近平在北京人民大会堂会见来华进行国事访问的泰国国王哇集拉隆功。这是习近平和夫人彭丽媛同哇集拉隆功和王后素提达合影。 新华社记者 谢环驰 摄
