Connect with us

China

ပြင်သစ်သမ္မတ မက်ခရွန် စီချွမ်းတက္ကသိုလ်သို့ သွားရောက်လည်ပတ်

တရုတ်နိုင်ငံ ချိန်တူးမြို့ရှိ စီချွမ်းတက္ကသိုလ်သို့ ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန် သွားရောက်လည်ပတ်နေသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၅ ရက် မွန်းလွဲပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

ချိန်တူး၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

ပြင်သစ်သမ္မတ မက်ခရွန်သည် တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ချိန်တူးမြို့ရှိ စီချွမ်းတက္ကသိုလ်သို့ ဒီဇင်ဘာလ ၅ ရက် မွန်းလွဲပိုင်းက သွားရောက်လည်ပတ်ခဲ့သည်။
မကြာသေးမီနှစ်များတွင် စီချွမ်းတက္ကသိုလ်သည် ပြင်သစ်နိုင်ငံ တက္ကသိုလ်များစွာနှင့် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို ထူထောင်ကာ နက်ရှိုင်းစွာဖော်ဆောင်ခဲ့သည်။ ယင်းတက္ကသိုလ်၏ အဓိက ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်များတွင် Paris Institute of Political Studies ၊ Paris Nanterre University ၊ University of Toulouse နှင့် National Institute for Oriental Languages and Civilizations စသည်တို့ ပါဝင်ပြီး ပူးပေါင်းဆောင်ရွက်မှုစာချုပ်ပေါင်း ၂၀ နီးပါး လက်မှတ်ရေးထိုးခဲ့သည်။

ချိန်တူးသည် တရုတ်နိုင်ငံ အနောက်ပိုင်းဒေသ၏ အရေးပါသော ဗဟိုမြို့၊ အမျိုးသား သမိုင်းယဉ်ကျေးမှု နာမည်ကျော်မြို့နှင့် နိုင်ငံတကာ ဘက်စုံ သယ်ယူပို့ဆောင်ရေး အချက်အချာတစ်ခုလည်း ဖြစ်သည်။ ၁၉၈၁ ခုနှစ်ကပင် ချိန်တူးမြို့သည် ပြင်သစ်နိုင်ငံ Montpellier မြို့နှင့် ချစ်ကြည်ရေးမြို့အဖြစ် ထူထောင်ခဲ့ပြီး တရုတ်-ပြင်သစ် နှစ်နိုင်ငံအကြား ပထမဆုံးမိတ်ဖွဲ့ခဲ့သည့် ချစ်ကြည်ရေးမြို့များ ဖြစ်လာခဲ့သည်။ (Xinhua)

………………….
(Chinese Version)
法国总统马克龙访问四川大学
新华社成都12月5日电(记者康锦谦、刘杨)12月5日下午,法国总统马克龙在成都访问四川大学。
近年来,四川大学与法国多所高校建立并深化合作伙伴关系。该校主要合作伙伴包括法国巴黎政治学院、巴黎第十大学、法国图卢兹大学和法国国立东方语言文化学院等,签署合作协议近20份。
成都是中国西部地区重要的中心城市、国家历史文化名城以及国际性综合交通枢纽。早在1981年,成都就与法国蒙彼利埃市结为友好城市,成为中法之间缔结的第一对友好城市。(完)
图说:12月5日下午,法国总统马克龙在成都访问四川大学。 新华社记者 康锦谦 摄