Connect with us

China

တရုတ်နိုင်ငံ ဟောင်ကောင်ဒေသ တာ့ဖူခရိုင် ဟုန်ဖူအိမ်ရာ မီးဘေးတွင် ဒဏ်ရာရသူ ၇၉ ဦးစလုံး အန္တရာယ်မှ လွတ်ကင်း

တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အယ်လီဇဘက် အားကစားကွင်းတွင် ဟုန်ဖူအိမ်ရာမီးလောင်မှုအတွင်း အသက်ဆုံးရှုံးသွားသူများအတွက် နိုင်ငံတော်အလံနှင့် အထူးဒေသအလံအား ဝမ်းနည်းမှုအထိမ်းအမှတ်အဖြစ် အလံတစ်ဝက်ချထားသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး လီကျားချောင်းနှင့် အထူးအုပ်ခွင့်ရဒေသအစိုးရ ဌာနဆိုင်ရာအကြီးအကဲများသည် ဒီဇင်ဘာ ၅ ရက်က ပူးတွဲသတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့သည်။ ၎င်းတို့အနက် ကျန်းမာရေးဌာနအကြီးအကဲ လူချုံမောက်က တာ့ဖူခရိုင် ဟုန်ဖူအိမ်ရာမီးဘေးအတွင်း ဒဏ်ရာရသူ ၇၉ ဦးစလုံး အန္တရာယ်မှ လွတ်မြောက်ခဲ့ကြောင်း ထုတ်ပြန်ပြောကြားခဲ့သည်။

ဟုန်ဖူအိမ်ရာ မီးဘေးအတွင်း ဒဏ်ရာရသူ ၇၉ ဦးသည် အစိုးရဆေးရုံအသီးသီးတွင် ကုသမှုခံယူနေကြောင်း၊ ၎င်းတို့အနက် ဒဏ်ရာရသူ ၁၉ ဦးမှာ ပြင်းထန်သည့်မီးလောင်ဒဏ်ရာ၊ မီးခိုးငွေ့ရှူရှိုက်မိခြင်းနှင့် အသက်ရှုလမ်းကြောင်းဒဏ်ရာရမှု စသည်တို့အပါအဝင် စိုးရိမ်ရသည့်အခြေအနေစာရင်းတွင် ထည့်သွင်းခံခဲ့ရကြောင်း၊ ကုသမှုပြီးနောက် စိုးရိမ်ရသည့်ဒဏ်ရသူများ၏ အခြေအနေအားလုံး ကောင်းမွန်ခဲ့ပြီဖြစ်ကြောင်း လူချုံမောက်က ပြောကြားခဲ့သည်။ ဒီဇင်ဘာ ၅ ရက် ညနေ ၆ နာရီအထိတွင် ဒဏ်ရာရသူ ၄၉ ဦး ဆေးရုံဆင်းခဲ့ပြီး ဒဏ်ရာရသူ ၃၀ ဦးက ဆေးကုသမှုခံယူဆဲဖြစ်ကြောင်း၊ ၎င်းတို့အနက် စိုးရိမ်ရသောလူနာမရှိဘဲ ဒဏ်ရာပြင်းထန်သူ ၆ ဦး၊ အခြေအနေတည်ငြိမ်သူ ၂၄ ဦး ရှိကြောင်း၊ ဆေးကုသရေးဝန်ထမ်းများက ဒဏ်ရာရသူအားလုံးကို ဆက်လက် ကြိုးပမ်းစောင့်ရှောက်လျက်ရှိရာ ၎င်းတို့ အမြန်ဆုံးပြန်လည်ကျန်းမာလာရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

လီကျားချောင်းက မီးဘေးအလွန်တွင် အထူးဒေသအစိုးရသည် မီးဘေးသင့်ပြည်သူများနှင့် လူမှုအသိုက်အဝန်း၏ စိတ်ဓာတ်ကျန်းမာကြံ့ခိုင်ရေး ကူညီပံ့ပိုးမှုများကို အထူးအလေးထားလျက်ရှိကြောင်း၊ မီးဘေးသင့်ပြည်သူများနှင့် မီးဘေးသက်ရောက်မှုခံခဲ့ရသည့် လူပုဂ္ဂိုလ်များအတွက် စိတ်ဓာတ် ကျန်းမာကြံ့ခိုင်ရေး ကူညီပံ့ပိုးမှုများပေးရန် ၎င်းအနေဖြင့် သက်ဆိုင်ရာဌာနများကို ညွှန်ကြားထားကြောင်း ပြောကြားခဲ့သည်။

အချင်းဖြစ်ရပ်အတွက် သီးခြားကော်မတီထူထောင်ကာ တာဝန်ခံမှုရှိအောင် ဖြစ်ရပ်မှန်ကို မုချမသွေ စစ်ဆေးသွားမည် ဖြစ်ပြီး ပြုပြင်ပြောင်းလဲရေးကို တွန်းအားပေးမည် ဖြစ်ကြောင်း လီကျားချောင်းက ပြောကြားခဲ့သည်။
အချင်းဖြစ်ရပ်ကို အများ ရှင်းလင်းစွာ သိရှိနိုင်ရန် ဖြစ်ရပ်မှန်ကို အမြန်ဆုံး စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း၊ စနစ်တစ်ခုလုံးမြှင့်တင်ရန် ပြုပြင်ပြောင်းလဲမှုများ လျင်မြန်စွာ ဆောင်ရွက်ကာ လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းသွားမည်ဖြစ်ကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။

အထူးဒေသအစိုးရသည် ဥပဒေပြုကောင်စီနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်ကာ ပြုပြင်ပြောင်းလဲရေးကို တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဥပဒေပြုကောင်စီအသစ်၏ ပထမအကြိမ်အစည်းအဝေးတွင် အစိုးရအဆိုပြုချက်ကို တင်သွင်းကာ ဟုန်ဖူအိမ်ရာ မီးဘေးသင့်ပြည်သူများနှင့် ပြန်လည်တည်ဆောက်ရေး၊ ပုံမှန်အသွင် ပြန်ဖြစ်ရေးအတွက် မည်သို့ပံ့ပိုးကူညီမည်နည်းအပေါ် ဆွေးနွေးသွားမည် ဖြစ်ကြောင်း လီကျားချောင်းက ပြောကြားခဲ့သည်။

အလုပ်သမားရေးရာနှင့် လူမှုဖူလုံရေးဌာန အကြီးအကဲ စွန်းယွိဟန့်က “အိမ်ထောင်စုတစ်စုလျှင် လူမှုဝန်ထမ်းတစ်ဦး” ဝန်ဆောင်မှုတွင် ဒီဇင်ဘာ ၅ ရက် ညနေ ၄ နာရီအထိ မှတ်ပုံတင်ထားသူ အိမ်ထောင်စု ၁,၉၀၀ ကျော် ရှိပြီ ဖြစ်ကြောင်း၊ လူမှုဝန်ထမ်းများက သက်ဆိုင်ရာမိသားစုများကို နေ့စဉ်ဆက်သွယ်ကာ စိတ်ဓာတ်ရေးရာကူညီမှုများ ပံ့ပိုးပေးလျက်ရှိရာ အထူးသဖြင့် လူငယ်ရေးရာလုပ်ငန်းများ လုပ်ဆောင်နေသော လူမှုဝန်ထမ်းများကို ဖိတ်ခေါ်ကာ နေထိုင်သူများအတွက် ကူညီပံ့ပိုးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ပညာရေးဌာနအကြီးအကဲဖြစ်သူ ချိုက်ရော့လျန်က ပညာရေးဌာနသည် ကျောင်းသား၊ ကျောင်းသူများအား နှစ်သိမ့်အားပေးရန်၊ ကျောင်းသား၊ ကျောင်းသူအခြေအနေနှင့် ဒဏ်ရာဖြေရှင်းစီမံရေးကို ကိုင်တွယ်ရာတွင် ဆရာ၊ ဆရာမများအား အကူအညီပေးရန် စိတ်ပညာ ကျွမ်းကျင်သူများ၊ ပညာရေးညွှန်ကြားမှူးများကို စေလွှတ်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

——————-
(Chinese Version)
香港大埔宏福苑火灾79名伤者全部脱离危险
新华社香港12月5日电 香港特区行政长官李家超和特区政府多位局长5日联合召开记者会。其中医务卫生局局长卢宠茂公布,大埔宏福苑火灾中79名伤者全部脱离危险。
卢宠茂说,宏福苑火灾中有79名伤者在不同公立医院接受治疗,曾经有19名伤者被列为情况危殆,包括严重烧伤、吸入浓烟及呼吸道受伤等。经治疗后,危殆伤者的情况已经全部好转。截至5日18时,49名伤者已经出院,仍有30名伤者留医,当中没有伤者被列为情况危殆,有6人情况严重,24人情况稳定。医护人员会继续努力照顾所有伤者,希望他们尽快康复。
李家超表示,火灾后,特区政府十分关注灾民及社会的精神健康支援,他要求相关部门开展工作,为灾民及受影响人士提供精神健康支援。
李家超说,将对事件成立独立委员会,一定会查明真相,追究责任,推动改革。他强调,要尽快查出真相,让大家尽快了解清楚事件,尽快改革以强化整个制度,填补所有漏洞。
李家超说,特区政府将与立法会紧密合作,推动改革,会在新一届立法会举行第一次会议上提出政府议案,商讨如何支援宏福苑火灾灾民及重建复常。
劳工及福利局局长孙玉菡说,“一户一社工”服务至5日下午4时已登记超过1900个住户。社工每日会联系有关家庭,提供情绪支援,尤其会邀请从事青少年工作的社工协助居民。
教育局局长蔡若莲表示,教育局已派出心理学专家、教育主任等安抚学生,并协助老师应对学生情况及处理创伤。(完)
1. 11月29日,香港伊利沙伯体育馆下半旗悼念大埔宏福苑火灾罹难者。 11月29日,香港特区政府举行悼念活动,哀悼大埔宏福苑火灾中不幸罹难的人士。特区政府建筑物国旗和区旗下半旗。 新华社记者 陈铎 摄