Connect with us

China

၄၂ ကြိမ်မြောက် အန္တာတိကစူးစမ်းလေ့လာရေးမစ်ရှင်တွင် “နှင်းနဂါး-၂” သင်္ဘောက “နှင်းနဂါး” သင်္ဘောအတွက် ရေခဲခွဲ လမ်းပြပေး

“နှင်းနဂါး-၂” သင်္ဘောက “နှင်းနဂါး” သင်္ဘောအတွက် ရေခဲခွဲ လမ်းပြပေးနေသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“နှင်းနဂါး” သင်္ဘော၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ၄၂ ကြိမ်မြောက် အန္တာတိကစူးစမ်းလေ့လာရေးမစ်ရှင်အား ထမ်းဆောင်လျက်ရှိသည့် “နှင်းနဂါး” သင်္ဘောသည် သင်္ဘောပေါ်စံတော်ချိန် ဒီဇင်ဘာ ၃ ရက်တွင် ကျုံးဆန်းစခန်းနှင့် ၃၂ ကီလိုမီတာအကွာရှိ ပင်လယ်ရေခဲမှု သိပ်သည်းသည့်ဇုန်၌ ရောက်ရှိလျက်ရှိသည်။ အစောပိုင်းရောက်ရှိထားသည့် “နှင်းနဂါး-၂” သင်္ဘောကမူ ကျုံးဆန်းစခန်းနှင့် ၁၂ ကီလိုမီတာအကွာရှိ ကုန်းမြေအစွန်း ရေခဲဇုန်၌ ရောက်ရှိနေသည်။ အဆိုပါသင်္ဘောနှစ်စင်းသည် ထိုနေ့တွင် ကျုံးဆန်းစခန်းဒေသ၌ ပမာဏများပြားသော ကုန်ချမှုလုပ်ငန်းအား ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရာသီဥတု၊ ရေခဲမှုအခြေအနေ စသည့်အခြေအနေများကို ပေါင်းစပ်လေ့လာဆုံးဖြတ်မှုအရ သင်္ဘောပေါ်စံတော်ချိန် ဒီဇင်ဘာ ၄ ရက်တွင် တရုတ်နိုင်ငံ၏ ၄၂ ကြိမ်မြောက် အန္တာတိကစူးစမ်းလေ့လာရေးမစ်ရှင်အဖွဲ့က “နှင်းနဂါး-၂” သင်္ဘောအနေဖြင့် ကုန်ချမှုလုပ်ဆောင်ချက်ကို ယာယီရပ်ဆိုင်းကာ သင်္ဘောအနောက်ဘက်မှ ရေခဲခွဲသောနည်းလမ်းဖြင့် လုပ်ငန်းလုပ်ဆောင်သည့်နေရာမှ ဆုတ်ခွာပြီး “နှင်းနဂါး” သင်္ဘောအတွက် ရေခဲခွဲ လမ်းပြပေးရန် ဆုံးဖြတ်လိုက်သည်။

သင်္ဘောပေါ်စံတော်ချိန် ဒီဇင်ဘာ ၄ ရက် ညပိုင်းတွင် “နှင်းနဂါး” ညီနောင်သင်္ဘောနှစ်စင်းသည် အောင်မြင်စွာ ဆုံစည်းခဲ့သည်။ သင်္ဘောပေါ်စံတော်ချိန် ဒီဇင်ဘာ ၅ ရက် ညနေ ၃ နာရီခန့်တွင် “နှင်းနဂါး-၂” သင်္ဘောသည် “နှင်းနဂါး” သင်္ဘောကို ကြိုတင်သတ်မှတ်ထားသော လုပ်ငန်းလုပ်ဆောင်ရန်နေရာသို့ လမ်းပြပေးခဲ့ပြီးဖြစ်ပြီး ၎င်းသင်္ဘောနှစ်စင်းသည် လုပ်ငန်းလုပ်ဆောင်မည့်နေရာ၌ နောက်ဆက်တွဲ ကုန်ချမှုမစ်ရှင်အား ဆက်လက်ပြီးစီးအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

“နှင်းနဂါး” သင်္ဘော (ယာဘက်) နှင့် “နှင်းနဂါး-၂” သင်္ဘောတို့အား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————
(Chinese Version)
第42次南极考察|“双龙”探极!“雪龙2”号为“雪龙”号破冰引航
新华社照片,“雪龙”号,2025年12月5日
船时12月3日,正在执行中国第42次南极考察任务的“雪龙”号位于距离中山站32公里处的密集海冰区,先期抵达的“雪龙2”号位于距离中山站12公里处的陆缘冰区。两船当日协同开展中山站区域大规模卸货作业。
综合天气、冰情等因素研判,船时12月4日,中国第42次南极考察队决定,“雪龙2”号暂停卸货作业,以艉向破冰的方式退出作业点,为“雪龙”号破冰引航。
船时12月4日晚间,“雪龙”兄弟成功汇合。船时12月5日下午3时许,“雪龙2”号已将“雪龙”号引航至预定作业点,两船将在该作业点共同完成后续卸货任务。
图说1: 12月5日,“雪龙2”号(前)在为“雪龙”号破冰引航(无人机照片)。新华社发(陈栋彬摄)
图说2:这是“雪龙”号(右)与“雪龙2”号(12月5日摄,无人机照片)。新华社发(陈栋彬摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.