China
တရုတ်ရေတပ် အမှတ် ၉၈၉ တပ်ဖွဲ့ အင်ဒိုနီးရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိ
ဂျကာတာ၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)
ပင်လယ်ပြင်ခရီးဝေး ဘက်စုံလက်တွေ့လေ့ကျင့်ရေးမစ်ရှင် ဆောင်ရွက်လျက်ရှိသည့် တရုတ်နိုင်ငံရေတပ် အမှတ် ၉၈၉ တပ်ဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ သန်ဂျွန်းပီရီရော့ (Tanjung Priok) ဆိပ်ကမ်းသို့ ဒီဇင်ဘာ ၇ ရက်က ရောက်ရှိပြီး ၄ ရက်ကြာ အင်ဒိုနီးရှားနိုင်ငံ ချစ်ကြည်ရေးခရီးစဉ် စတင်ခဲ့သည်။
ဒေသစံတော်ချိန် နံနက်အစောပိုင်းတွင် တရုတ်ရေတပ် အမှတ် ၉၈၉ တပ်ဖွဲ့ရေယာဉ်များသည် သန်ဂျွန်းပီရီရော့ (Tanjung Priok) ဆိပ်ကမ်း၌ ဖြည်းဖြည်းချင်း ကမ်းကပ်ရပ်နားခဲ့ရာ ရေတပ်အင်ဂျင်နီယာတက္ကသိုလ်၊ ရေတပ်လေကြောင်းတက္ကသိုလ်မှ သင်တန်းသားများက သင်္ဘောကုန်းပတ်တွင် အဖွဲ့လိုက်တန်းစီ၍ လာရောက်ကြိုဆိုသည့် လူထုကို နှုတ်ဆက်ခဲ့ကြသည်။ အာဆီယံ အခြေစိုက် တရုတ်သံတမန်အဖွဲ့ ဝန်ထမ်းများ၊ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ တရုတ်သံရုံးဝန်ထမ်းများ၊ ပညာတော်သင် ကျောင်းသား၊ ကျောင်းသူ ကိုယ်စားလှယ်များ၊ ဒေသခံ တရုတ်လူမျိုးနှင့် တရုတ်နွယ်ဖွားကိုယ်စားလှယ်များ၊ အင်ဒိုနီးရှားနိုင်ငံ ရေတပ် အရာရှိစစ်သည် ကိုယ်စားလှယ်များ လူ ၄၀၀ ကျော်သည် ဆိပ်ကမ်းသို့လာရောက်၍ ကြိုဆိုခဲ့သည်။
ယခုအကြိမ်ခရီးစဉ်တွင် ရေတပ် ချန်ပိုင်ဆန်း သင်္ဘောနှင့် “ရှန့်ချန်ကျင့် အမှတ်(၁)” သင်္ဘောတို့ အင်ဒိုနီးရှားနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိခြင်းဖြစ်သည်။ ခရီးစဉ်ရောက်ရှိသည့်ကာလအတွင်း တရုတ်-အင်ဒိုနီးရှား နှစ်နိုင်ငံရေတပ်တို့က အားကစားကဏ္ဍ ဖလှယ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်သွားမည်ဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိပြီးနောက် ယခုအကြိမ်တပ်ဖွဲ့နှင့်အတူ လက်တွေ့လေ့ကျင့်ရေးခရီးစဉ် လိုက်ပါလာသည့် ပြည်ပနိုင်ငံရေတပ် အရာရှိစစ်သည်များနှင့် သင်တန်းသားများသည် လက်တွေ့လေ့ကျင့်ရေးပြီးဆုံးလျှင် သင်္ဘောပေါ်မှ ထွက်ခွာသွားမည်ဖြစ်သည်။ (Xinhua)

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ သန်ဂျွန်းပီရီရော့ (Tanjung Priok) ဆိပ်ကမ်းတွင် တရုတ်ရေတပ် အမှတ် ၉၈၉ တပ်ဖွဲ့ ရေယာဉ်များအား ကြိုဆိုနေကြသည့် လူအုပ်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ သန်ဂျွန်းပီရီရော့ (Tanjung Priok) ဆိပ်ကမ်းတွင် တရုတ်ရေတပ် အမှတ် ၉၈၉ တပ်ဖွဲ့ ရေယာဉ်များအား ကြိုဆိုနေကြသည့် လူအုပ်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————-
(Chinese Version)
中国海军989编队抵达印度尼西亚进行友好访问
新华社雅加达12月7日电(齐呈荣 熊峰)正在执行远海综合实习任务的中国海军989编队7日抵达印度尼西亚雅加达丹戎不碌港,开始对印度尼西亚进行为期4天的友好访问。
当地时间上午,中国海军989编队舰艇缓缓靠泊丹戎不碌港码头,来自海军工程大学和海军航空大学的学员在甲板分区列队,向前来迎接的人群挥手致意。中国驻东盟使团工作人员、中国驻印度尼西亚大使馆工作人员、留学生代表、当地华侨华人代表、印度尼西亚海军官兵代表等400余人到码头迎接。
这次访问是海军长白山舰和“向前进1号”船首次访问印度尼西亚。访问期间,中印尼两国海军还将开展体育交流。
抵达印度尼西亚后,这次随编队出航同训的外国海军军官和学员将结束实习训练离舰。(完)
图说1:12月7日,中国海军989编队舰艇靠泊印度尼西亚雅加达丹戎不碌港。新华社发(吕志浩摄)
图说2、3:12月7日,欢迎人群在印度尼西亚雅加达丹戎不碌港码头迎接中国海军989编队舰艇。新华新华社发(王磊摄)
