China
ရှီးအန်း-ယန်အန်းအမြန်ရထားလမ်း “လမ်းကြောင်းထိန်းသိမ်းရေး တွေ့ကြုံခံစားသူများ” ကို ကြိုဆို
ရှီးအန်း၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရှီအန်း၊ ယန်အန်း၊ ထုန်ချွမ်း၊ ဝေ့နန်းမြို့လေးမြို့မှလာသော ရှီးအန်း-ယန်အန်း အမြန်ရထားလမ်းကြောင်းတစ်လျှောက် နေထိုင်သူများနှင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ ကိုယ်စားလှယ်များသည် ဒီဇင်ဘာလ ၇ ရက်တွင် ရှီးအန်း-ယန်အန်း အမြန်ရထား လမ်းကြောင်း ချစ်မြတ်နိုးရေးနှင့် ထိန်းသိမ်းကာကွယ်ရေး ခေါင်းစဉ်ဖြင့် ပညာပေးမြှင့်တင်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည်။
လက်ရှိအချိန်တွင် ရှီးအန်း-ယန်အန်းအမြန်ရထား စမ်းသပ်မောင်းနှင်မှု၏ စက်ပစ္စည်းများ ချိန်ညှိရေးလုပ်ငန်းအသီးသီးကို တည်ငြိမ်စွာ ဆက်လက်လုပ်ဆောင်လျက်ရှိပြီး လမ်းကြောင်းသည် လုံခြုံစွာ တွေ့ကြုံခံစားနိုင်သော အခြေအနေများ ပြည့်မီနေပြီဖြစ်ကာ မကြာမီတွင် တရားဝင်ဖွင့်လှစ်လည်ပတ်တော့မည် ဖြစ်သည်။ ရှီးအန်း-ယန်အန်းအမြန်ရထားလမ်းသည် ဆန်ပေ တော်လှန်ရေးဒေသဟောင်း၏ ပထမဆုံး အမြန်ရထားလမ်းဖြစ်ပြီး စုစုပေါင်း လမ်းကြောင်းအရှည်မှာ ၂၉၉.၈ ကီလိုမီတာရှိကာ တစ်နာရီလျှင် ၃၅၀ ကီလိုမီတာနှုန်းဖြင့် မောင်းနှင်ပြေးဆွဲရန် ဒီဇိုင်းရေးဆွဲထားခြင်း ဖြစ်သည်။ (Xinhua)

တရုတ်နိုင်ငံ ထုန်ချွမ်းဘူတာတွင် လိုက်ပါစီးနှင်ရန် Fuxing EMU ရထားပေါ် တက်နေကြသော ကျောင်းသား၊ ကျောင်းသူ ကိုယ်စားလှယ်များအား ဒီဇင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


…………………………………
(Chinese Version)
西延高铁迎来“护路体验官”
新华社照片,西安,2025年12月7日
12月7日,来自西安、延安、铜川、渭南四市的西延高铁沿线居民及中小学师生代表参加西延高铁爱路护路主题宣传活动。
目前,西延高铁运行试验的各项调试工作稳步推进,线路已具备安全体验条件,即将迎来正式运营。西延高铁是陕北革命老区的首条高铁,线路全长299.8公里,设计时速350公里。
图说1:12月7日,师生代表在延安站开往西安北站的复兴号动车组列车上观赏沿途风景。 新华社发(刘翔摄)
图说2:12月7日,学生代表在铜川站登乘复兴号动车组列车。 新华社发(刘翔摄)
