Connect with us

China

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အဋ္ဌမ အကြိမ်မြောက် ဥပဒေပြုကောင်စီ ရွေးကောက်ပွဲ ရလဒ်များ ထွက်ပေါ်

တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး လီကျားချောင်းက မဲရုံတစ်ရုံတွင် ဆန္ဒမဲပေးနေသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အဋ္ဌမ အကြိမ်မြောက် ဥပဒေပြုကောင်စီ ရွေးကောက်ပွဲ ရလဒ်များကို ဒီဇင်ဘာ ၈ ရက် နံနက်ပိုင်းက ထုတ်ပြန်ခဲ့ရာ ဥပဒေပြုကောင်စီ လွှတ်တော်အမတ် ၉၀ ဦးစလုံး ပေါ်ထွက်လာသည်။

ရွေးကောက်ပွဲ ဆန္ဒမဲပေးခြင်းကို ဒီဇင်ဘာ ၇ ရက် နံနက် ၇ နာရီခွဲမှ ည ၁၁ နာရီခွဲအထိ ကျင်းပခဲ့ရာ ရွေးကောက်ပွဲ ကိုယ်စားလှယ် ၁၆၁ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အမတ်နေရာတိုင်းအတွက် ယှဉ်ပြိုင်မှုများ ရှိခဲ့ကြသည်။

ဟောင်ကောင်ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာ၌ထားရှိသည့် ဗဟိုမဲရုံတွင် တည်ကြည်မှု၊ အားတက်သရောရှိမှု အငွေ့အသက်များဖြင့် ပြည့်နှက်လျက်ရှိရာ ဝန်ထမ်းများက ဆန္ဒမဲများကို အပူတပြင်းဖြင့် စနစ်တကျ ရေတွက်အတည်ပြုခဲ့သည်။ ညတွင်းချင်း ဆန္ဒမဲရေတွက်ပြီးနောက် ရွေးကောက်ပွဲကော်မတီက ရွေးကောက်ထားသည့် လွှတ်တော်အမတ် ၄၀ ဦး၊ လုပ်ငန်းအဖွဲ့ရွေးကောက်တင်မြှောက်သည့် လွှတ်တော်အမတ် ၃၀ ဦး၊ ဒေသအလိုက် တိုက်ရိုက်ရွေးကောက်တင်မြှောက်သည့် လွှတ်တော်အမတ် ၂၀ ဦး အားလုံး ထွက်ပေါ်လာပြီဖြစ်သည်။

မြို့သူမြို့သားများအနေဖြင့် လာရောက်မဲပေးမှုက အားတက်ဖွယ်ဖြစ်စေကြောင်း ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲရေးရာကော်မရှင် ဥက္ကဋ္ဌ လုချိခန်းက ဒီဇင်ဘာ ၈ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။ ရွေးကောက်ပွဲကျင်းပစဉ်တွင် ဝန်ထမ်းများ၊ တွေ့ဆုံမေးမြန်းထားသူ မဲဆန္ဒရှင်များက တက်ကြွ၍ အပြုသဘောဆောင်သည့် သတင်းစကားများပေးခဲ့ကြောင်း သိရသည်။

ဥပဒေပြုကောင်စီ လွှတ်တော်အမတ်အဖြစ် ဆက်တိုက်ရွေးကောက်ခံရသူ လီဟွေ့ချုံက ရွေးကောက်ပွဲကျင်းပချိန်တိုင်းတွင် ကြုံတွေ့ရသော ပတ်ဝန်းကျင်နှင့် စိန်ခေါ်မှုများမှာ မတူကွဲပြားမှုရှိကြကြောင်း၊ အနာဂတ်တွင် နယ်ပယ်အသီးသီး၏ သဘောထားများကို စဉ်ဆက်မပြတ် ကြားနာသွားမည်ဖြစ်ပြီး မြို့သူမြို့သားများ၏ မျှော်လင့်ချက်နှင့် တောင်းဆိုချက်ကို ပိုမိုကောင်းမွန်စွာ တုံ့ပြန်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဥပဒေပြုကောင်စီ လွှတ်တော်အမတ်သစ်အဖြစ် ရွေးကောက်ခံရသူ ဖောင်းကော်ဆန်းက ၎င်းအပေါ် မြို့သူမြို့သားများ၏ ယုံကြည်မှုအား ကျေးဇူးတင်ရှိကြောင်း၊ မြို့သူမြို့သားများ၏ လူမှုဘဝတောင်းဆိုချက်များမှာ လွန်စွာ ရှင်းလင်းကြောင်း၊ အနာဂတ်လွှတ်တော်အမတ်လုပ်ငန်းမှာ တာဝန်ကြီးလေးလျက်ရှိသေးရာ အလုပ်တာဝန်များကို ကျိုးနွံစွာ ထမ်းဆောင်သွားမည် ဖြစ်ကြောင်း၊ လက်ရှိအရေးကြီးဆုံးမှာ မီးဘေးကူညီကယ်ဆယ်ရေးနှင့် မီးဘေးအလွန်ပြန်လည်ကောင်းမွန်အောင် ဆောင်ရွက်ရေးဖြစ်ရာ တာ့ဖူခရိုင် ဟုန်ဖူအိမ်ရာ မီးဘေးသင့်ပြည်သူများ၏ မိသားစုဥယျာဉ် ပြန်လည်တည်ဆောက်မှုကို ကူညီပံ့ပိုးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အဋ္ဌမအကြိမ်မြောက် ဥပဒေပြုကော်စီ၏ ဝာာဝန်ထမ်းဆောင်မှုများမှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် စတင်ပြီး သက်တမ်း ၄ နှစ်ကြာ ဆောင်ရွက်သွားမည် ဖြစ်သည်။ (Xinhua)

တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ တာ့ဖူခရိုင် မဲရုံတစ်ခုတွင် လာရောက် ဆန္ဒမဲပေးနေကြသော မြို့သူမြို့သားများအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————–
(Chinese Version)
香港特区第八届立法会选举结果出炉
新华社香港12月8日电(记者刘欢)香港特别行政区第八届立法会选举结果于8日清晨揭晓,90名立法会议员全部产生。
选举投票于7日7时30分至23时30分举行,161名候选人参与竞选,每个议席均有竞争。
设在香港会展中心的中央点票站气氛庄重、热烈,工作人员紧张而有序地逐一清点、确认选票。经过连夜点票,由选举委员会选举的40名议员、功能团体选举的30名议员和分区直接选举的20名议员全部产生。
香港特区选举管理委员会主席陆启康8日清晨表示,对市民出来投票感到鼓舞。选举过程中,工作人员、受访投票人士都给予积极和正面的信息。
成功连任的立法会议员李慧琼表示,每次选举面对的环境和挑战都不同,未来会不断听取各界意见,更好回应市民的期望和诉求。
新当选的立法会议员方国珊表示,感激市民对她的信任。市民的民生诉求非常清晰,未来议员工作任重道远,会更谦卑地工作。当务之急是协助救灾善后,帮助大埔宏福苑灾民重建家园。
香港特区第八届立法会任期将于2026年1月1日开始,任期4年。(完)
1. 12月7日,香港特区行政长官李家超在投票站投票。新华社发(吕小炜 摄)
2. 12月7日,市民来到香港大埔一处投票站投票。新华社记者 朱炜 摄