Connect with us

China

ဂျပန်အနေဖြင့် အမှားကို သေသေချာချာ ပြန်လည်ဆင်ခြင်သုံးသပ် ပြင်ဆင်ပြီး မှားယွင်းသော လမ်းကြောင်းထက်တွင် ရှေ့ဆက်မလျှောက်လှမ်းရန် တရုတ်နိုင်ငံ တိုက်တွန်း

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဝန်ကြီးချုပ်အိမ်တော်ပြင်ပ၌ ဆန္ဒပြလှုပ်ရှားမှုတွင် ပါဝင်နေသော ပြည်သူများကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)

ဂျပန်လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) ဒုတိယဥက္ကဋ္ဌ အာဆိုတာရိုက ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ၏ ထိုင်ဝမ်နှင့်စပ်လျဉ်းသည့် ပြောဆိုချက်အပေါ် အသိအမှတ်ပြုကြောင်း သဘောထားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းက ဒီဇင်ဘာ ၈ ရက်တွင် ဂျပန်အနေဖြင့် အမှားကို သေသေချာချာ ပြန်လည်ဆင်ခြင်သုံးသပ် ပြင်ဆင်ပြီး မှားယွင်းသော လမ်းကြောင်းထက်တွင် ရှေ့ဆက်မလျှောက်လှမ်းရန် တရုတ်နိုင်ငံအနေဖြင့် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။

ကောကျားခွန်းက ထိုနေ့ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ အဆိုပါ ဂျပန်နိုင်ငံရေးပုဂ္ဂိုလ်၏ ပြောဆိုချက်သည် ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိနှင့် ၎င်းနောက်ကွယ်ရှိ ဂျပန်လက်ယာယိမ်းအင်အားစုက အခြေအနေကို မှားယွင်းစွာဆုံးဖြတ်၍ အမှားကိုပြင်ဆင်ခြင်းမရှိမှု၊ ပြည်တွင်းပြည်ပ ဝေဖန်မှုအသံများကို လျစ်လျူရှုမှု၊ အခြားနိုင်ငံ ပြည်တွင်းရေးအား စွက်ဖက်ခြင်းနှင့် အခြားနိုင်ငံအား လက်နက်အင်အားဖြင့် ခြိမ်းခြောက်ခြင်း လုပ်ရပ်အပေါ် ပေါ့ပေ့ါတန်တန်သဘောထားပြီး အမှားအမှန်ကို ပုံဖျက်မှု၊ အမှားအမှန်ကို ထည့်သွင်းစဉ်းစားခြင်းမရှိမှု၊ နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာဆက်ဆံရေး အခြေခံစံနှုန်းများအပေါ် အနည်းဆုံးသော လေးစားမှုအား ဖော်ပြခြင်းမရှိမှုတို့ကို ထင်ဟပ်နေပြီး ပဋိပက္ခအား ရန်စမှုဖြင့် အတိုက်အခံပြုလုပ်ခြင်း၊ စစ်ပွဲအလွန် နိုင်ငံတကာစည်းစနစ်များကို ထိုးဖောက်ခြင်းတို့ဖြင့် ဂျပန်စစ်ဝါဒအတွက် ပြန်လည်အသက်သွင်းရန် စိတ်ကူးယဉ်ကြိုးပမ်းခြင်းဖြစ်ကြောင်း၊ အာရှတိုက် အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ယင်းအပေါ် များစွာ သတိထားသင့်ကြောင်း ပြောကြားခဲ့သည်။

“ထောက်ပြဖို့ လိုအပ်တာက ဒီလိုမျိုး တရုတ်နိုင်ငံကို ရန်စတာကို အများအာရုံဖမ်းစားရန်၊ ပြည်သူထောက်ခံမှု ရရှိရန် လုပ်ဆောင်ချက်က အနက်အဓိပ္ပာယ်အရ ဆိုးရွားသလို အလွန်အန္တရာယ်များပါတယ်။ ဂျပန်အနေနဲ့ အမှားကို သေသေချာချာ ပြန်လည်ဆင်ခြင်သုံးသပ်ပြီး ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိရဲ့ အဓိပ္ပာယ်မရှိသော ပြောဆိုချက်ကို ရိုးရိုးသားသား ပြန်လည်ရုပ်သိမ်းကာ မီးနဲ့ဆော့ကစားခြင်း မပြုလုပ်ဖို့၊ မှားယွင်းတဲ့လမ်းကြောင်းမှာ ရှေ့ဆက်မလျှောက်လှမ်းဖို့ ကျွန်တော်တို့ တိုက်တွန်းလိုပါတယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)

——————
(Chinese Version)
外交部:奉劝日方认认真真反思纠错,不要在错误的道路上越走越远
新华社北京12月8日电(记者曹嘉玥、刘杨)针对日本自民党副总裁麻生太郎对日本首相高市早苗涉台言论的态度表示肯定,外交部发言人郭嘉昆8日表示,中方奉劝日方认认真真反思纠错,不要在错误的道路上越走越远。
郭嘉昆在当日例行记者会上说,这位日本政客的言论反映出高市首相及其背后的日本右翼势力仍在错判形势,不思悔改,对国内外批评声音充耳不闻,对干涉他国内政、武力威胁他国的行径轻描淡写、颠倒黑白、罔顾是非,对国际法和国际关系基本准则没有表现出起码的尊重,妄图通过挑动冲突对立,突破战后国际秩序,为日本军国主义招魂。亚洲邻国和国际社会都应对此保持高度警惕。
“需要指出的是,这种把挑衅中国当作博取眼球、收割民意的行径性质恶劣、非常危险。我们奉劝日方认认真真反思纠错,老老实实撤回高市首相谬论,不要继续玩火,不要在错误的道路上越走越远。”郭嘉昆说。(完)
图说:11月28日,民众在日本东京的首相官邸外参加抗议活动。新华社记者 贾浩成 摄