Connect with us

China

ရှန်ကျိုး-၂၁ အာကာသယာဉ်မှူးအဖွဲ့ ပထမအကြိမ် အာကာသယာဉ်ပြင်ပ လှုပ်ရှားမှု အောင်မြင်စွာ ပြီးမြောက်

အာကာသယာဉ်ပြင်ပတွင် အလုပ်လုပ်ဆောင်နေသော ရှန်ကျိုး-၂၁ အာကာသယာဉ်မှူးအဖွဲ့ဝင် ဝူဖေးအား ပေကျင်းအာကာသယာဉ်ပျံသန်းမှုထိန်းချုပ်ရေး စင်တာ (BACC) ဖန်သားပြင်မှတစ်ဆင့် ဒီဇင်ဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

ရှန်ကျိုး-၂၁ အာကာသယာဉ်မှူးအဖွဲ့သည် ဒီဇင်ဘာလ ၉ ရက်တွင် ပထမအကြိမ် အာကာသယာဉ်ပြင်ပ လှုပ်ရှားမှုကို အပြည့်အဝ အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီး ရှန်ကျိုး-၂၀ အာကာသယာဉ် အပြန်ယာဉ် ပြတင်းပေါက်ဘေးပတ်လည် ကြည့်ရှုစစ်ဆေးခြင်းနှင့် ဓာတ်ပုံရိုက်ကူးခြင်းစသည့် အလုပ်တာဝန်များ ပြီးမြောက်ခဲ့သည်။

ဒီဇင်ဘာလ ၉ ရက် နံနက် ၁၀ နာရီ ၂၈မိနစ်တွင် အာကာသယာဉ်ပြင်ပ လှုပ်ရှားမှုကို ၈ နာရီခန့်ကြာ လုပ်ဆောင်ပြီးနောက် ရှန်ကျိုး-၂၁ အာကာသယာဉ်မှူးအဖွဲ့ဝင် ကျန်းလု၊ ဝူဖေး၊ ကျန်းဟုန်ကျန်းတို့သည် နီးကပ်စွာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး အာကာသစခန်းရှိ စက်ရုပ်မောင်းတံနှင့် မြေပြင်ရှိ သိပ္ပံသုတေသနဝန်ထမ်းများ၏ ပူးပေါင်းပံ့ပိုးမှုဖြင့် အာကာသယာဉ်ပြင်ပ လက်တွေ့နေရာ၌ လူသားတို့၏ လှုပ်ရှားနိုင်စွမ်းအခန်းကဏ္ဍကို အပြည့်အဝအသုံးချခဲ့ရာ ရှန်ကျိုး-၂၀ အာကာသယာဉ် အပြန်ယာဉ် ပြတင်းပေါက်ဘေးပတ်လည် ကြည့်ရှုစစ်ဆေးခြင်းနှင့် ဓာတ်ပုံရိုက်ကူးခြင်း၊ အာကာသစခန်းအတွက် အာကာသအပိုင်းအစများ အကာအကွယ်ပစ္စည်း တပ်ဆင်ခြင်း၊ အပူချိန်ထိန်းညှိစက် အလွှာများစွာပါသော အဖုံးကို လဲလှယ်ခြင်း စသည့် အလုပ်တာဝန်များကို ချောမွေ့စွာ ပြီးမြောက်ခဲ့ကြောင်း၊ အာကာသယာဉ်ပြင်ပ လှုပ်ရှားမှုမှ အာကာသယာဉ်မှူး ကျန်းလုနှင့် ဝူဖေးတို့ ဝန့်ထျန်းစမ်းသပ်ခန်းသို့ ဘေးကင်းလုံခြုံစွာ ပြန်ရောက်သွားခဲ့ပြီး အာကာသယာဉ်ပြင်ပလုပ်ငန်းဆောင်ရွက်မှု အောင်မြင်စွာ လုပ်ဆောင်ပြီးစီးခဲ့ကြောင်း၊ ညွှန်ကြားရေမှူး ကျန်းလုသည် နှစ်နှစ်ခွဲ ကြာပြီးနောက် အာကာသထဲတွင် ထပ်မံလမ်းလျှောက်ခြင်းဖြစ်ပြီး အာကာသယာဉ်မှူး ဝူဖေးကလည်း လက်ရှိ တရုတ်နိုင်ငံတွင် အာကာသယာဉ်ပြင်ပ လှုပ်ရှားမှုတာဝန်ထမ်းဆောင်နေသော အသက်အငယ်ဆုံး အာကာသယာဉ်မှူးဖြစ်လာကြောင်း တရုတ်နိုင်ငံ လူတင်အာကာသယာဉ် အေဂျင်စီ (CMSA) ရုံးခန်း၏ မိတ်ဖက်ပြောကြားချက်အရ သိရသည်။
အစီအစဉ်အရ ရှန်ကျိုး-၂၁ လူလိုက်ပါအာကာသယာဉ် ပျံသန်းရေးမစ်ရှင်ကာလအတွင်း အာကာသယာဉ်မှူးနှင့် အသုံးချဝန်တင်ပစ္စည်းများ (applied payloads) ကို အာကာသယာဉ်ပြင်ပ လှုပ်ရှားမှုများ လုပ်ဆောင်မည်ဖြစ်ပြီး သိပ္ပံနည်းကျစမ်းသပ်မှုများနှင့် နည်းပညာဆိုင်ရာစမ်းသပ်မှုများကို ပြုလုပ်မည်ဖြစ်ကြောင်း၊ အာကာသယာဉ်မှူးအဖွဲ့သည် အခြေအနေအရ ရှန်ကျိုး-၂၀ အာကာသယာဉ်၏ ပျက်စီးနေသောပြတင်းပေါက်များကို ကာကွယ်ပြုပြင်ပေးမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

ရှန်ကျိုး-၂၁ အာကာသယာဉ် အပြန်ယာဉ် ပြတင်းပေါက်ဘေးပတ်လည် ကြည့်ရှုစစ်ဆေးခြင်းနှင့် ဓာတ်ပုံရိုက်ကူးခြင်း ပြုလုပ်နေသော ရှန်ကျိုး-၂၁ အာကာသယာဉ်မှူးအဖွဲ့ဝင် ကျန်းလုအား ပေကျင်း အာကာသယာဉ်ပျံသန်းမှုထိန်းချုပ်ရေး စင်တာ (BACC) ဖန်သားပြင်မှတစ်ဆင့် ဒီဇင်ဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………
(Chinese Version)
神舟二十一号航天员乘组圆满完成第一次出舱活动
新华社北京12月9日电(记者李国利、刘艺)神舟二十一号航天员乘组9日圆满完成第一次出舱活动,完成了神舟二十号飞船返回舱舷窗巡检拍照等任务。
据中国载人航天工程办公室介绍,12月9日10时28分,经过约8小时的出舱活动,神舟二十一号乘组航天员张陆、武飞、张洪章密切协同,在空间站机械臂和地面科研人员的配合支持下充分发挥人在舱外第一现场的能动作用,顺利完成了神舟二十号飞船返回舱舷窗巡检拍照、空间站空间碎片防护装置安装、温控适配器多层罩更换等任务。出舱航天员张陆、武飞已安全返回问天实验舱,出舱活动取得圆满成功。指令长张陆时隔两年半再度漫步太空,航天员武飞成为我国目前执行出舱任务的最年轻航天员。
按计划,神舟二十一号载人飞行任务期间还将实施人员和应用载荷出舱活动,开展科学实验与技术试验,并视情由航天员乘组对神舟二十号飞船受损舷窗进行防护处置。(完)
图说 1:这是12月9日在北京航天飞行控制中心屏幕上拍摄的神舟二十一号乘组航天员武飞在舱外工作的画面。新华社记者 刘艺 摄
图说 2:这是12月9日在北京航天飞行控制中心屏幕上拍摄的神舟二十一号乘组航天员张陆进行神舟二十号飞船返回舱舷窗巡检拍照。