China
တရုတ်နဂါးအကတွင် ပွင့်လန်းနေသည့် လူငယ်လူရွယ်များ
ချုံချင့်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)
“ပြေးတဲ့အချိန် ကိုယ်သွားရမယ့်နေရာကို သတိထား၊ ကိုယ်ခန္ဓာအနေအထားကို ငြိမ်အောင်ထိန်းထား။ 8 ပုံစံ နဂါးကတဲ့အချိန် နဂါးခေါင်းက နဂါးအမြီးရဲ့ စည်းချက်ကိုသတိထားရမယ်။ စည်းချက်မမြန်ရဘူး။”
တရုတ်နိုင်ငံ ချုံချင့်မြို့ရှိ ချုံချင့်ထုန်လျန်နဂါး အနုပညာအဖွဲ့ လေ့ကျင့်ရေးခန်းအတွင်းတွင် အဖွဲ့ခေါင်းဆောင် ချိုက်မိန်ချန့်က နဂါးအကအဖွဲ့ဝင်များက ပြိုင်ပွဲဝင် နဂါးအကလေ့ကျင့်မှုအတွက် စနစ်တကျ လမ်းညွှန်ပေးနေသည်။
ချုံချင့်ထုန်လျန်နဂါး အနုပညာအဖွဲ့၏ အဖွဲ့ဝင် ၃၀ ကျော်ပါဝင်သော နဂါးအကအဖွဲ့တွင် အဓိကအားဖြင့် ၁၉၉၀ ပြည့်လွန်နှစ်ဖွားနှင့် ၂၀၀၀ ပြည့်လွန်နှစ်ဖွားလူငယ်များပါဝင်ကာ နုပျိုတက်ကြွမှုများဖြင့် အပြည့်ပင်ဖြစ်သည်။ နဂါးအကပြိုင်ပွဲတွင် ခက်ခဲသောလှုပ်ရှားမှု ၂၀၊ ၃၀ လုပ်ဆောင်ရသောကြောင့် သက်လုံအားကောင်းရန် လိုအပ်ပေသည်။
“လူငယ်တွေက အင်အားပိုကောင်းတယ်။ အရှိန်လည်းပိုမြန်သလို နားလည်သဘောပေါက်လည်းလွယ်တယ်။ လုပ်တဲ့လှုပ်ရှားမှုတွေက ရလဒ်ပိုကောင်းတယ်” ဟု ချိုက်မိန်ချန့်က မိတ်ဆက်ပြောကြားခဲ့သည်။
“သိပ်ခက်ခဲတဲ့လှုပ်ရှားမှု တော်တော်များများက အကြိမ်ကြိမ် အကြာကြီးလေ့လာလေ့ကျင့်မှ တတ်သွားတာ” ဟု အဖွဲ့ဝင်ခါစအတွေ့အကြုံအကြောင်း ဆိုရာတွင် ယခုနှစ်တွင် အသက် ၂၅ နှစ်ရှိသည့် ဝေ့ယန့်က ပြောဆိုလာသည်။ အပတ်တကုတ် ခက်ခဲကြမ်းတမ်းစွာလေ့ကျင့်ပြီးနောက် ဝေ့ယန့်က ယခုအဖွဲ့ဝင်များနှင့်အတူ လှည့်ပတ်လှုပ်ရှားမှုများအတွင်း နဂါးအကကို ပိုသွက်လက်ချောမွေ့စွာ ကပြနိုင်လာပြီဖြစ်သည်။
ချုံချင့်ထုံလျန်နဂါးအကသည် “နဂါး” ကို အဓိက ကိရိယာအဖြစ် ထားရှိသည့် အကအနုပညာဖြစ်ပြီး မင်မင်းဆက်ခေတ်တွင် စတင်ပေါ်ထွန်းလာခဲ့ပြီး ချင်းမင်းဆက်ခေတ်တွင် အထွတ်အထိပ်ကာလသို့ ရောက်ရှိခဲ့သည်။ ၎င်းသည် လှုပ်ရှားမှုပြည့်ဝခြင်း၊ အားမာန်အပြည့်ခမ်းနားခြင်း ထူးခြားချက်များရှိကာ တရုတ်နဂါးအကတွင် အရေးကြီးကိုယ်စားပြုနိုင်သော အကတစ်မျိုးဖြစ်သလို ရိုးရာအရပ်ဘက် အားကစားနည်းတစ်မျိုးလည်း ဖြစ်ပေသည်။ ၂၀၀၆ ခုနှစ်တွင် ထုန်လျန်နဂါးအကသည် တရုတ်နိုင်ငံ၏ ပထမအသုတ် အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းတွင် ထည့်သွင်းခံခဲ့ရသည်။
ထုန်လျန်နဂါးအကသည် အစောပိုင်းတွင် လှုပ်ရှားမှုအကွက် အနည်းငယ်သာရှိပြီး နောက်ပိုင်းမှ ဂီတ၊ အက၊ ပြဇာတ်၊ ကျွမ်းဘား စသည့် အကြောင်းအချက်များဖြင့် တစ်ဆင့်ချင်း ပေါင်းစပ်ကာ လှုပ်ရှားမှုကကွက်ပေါင်း ရာနှင့်ချီဆင့်ကဲပေါ်ထွက်လာခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် နဂါးအက ကမူ အားကစားပြိုင်ပွဲနှင့် ဖျော်ဖြေတင်ဆက်မှုအား ပေါင်းစပ်လိုက်ရာ ခက်ခဲသောလှုပ်ရှားမှုအကွက်၊ အင်အားနှင့် အလှတရားတို့ ပါဝင်ကြောင်း ချုံချင့်ထုန်လျန်နဂါး အနုပညာအဖွဲ့၏ အဖွဲ့ခေါင်းဆောင် ချိုက်မိန်ချန့်က မိတ်ဆက်ပြောကြားခဲ့သည်။
လတ်တလောနှစ်ပိုင်းတွင် ထုန်လျန်ခရိုင်က နဂါးယဉ်ကျေးမှုအနှစ်သာရအား နက်ရှိုင်းစွာဖော်ထုတ်ပြီး နဂါးအက လက်ဆင့်ကမ်းဖွံ့ဖြိုးတိုးတက်မှုအတွက် မူဝါဒများစွာ ထုတ်ပြန်ခဲ့သည်။ နိုင်ငံ၊ မြို့၊ ခရိုင်နှင့် မြို့နယ် အဆင့်လေးဆင့် နာမည်ကျော်စာရင်း ထိန်းသိမ်းစောင့်ရှောက်ရေးစနစ် တည်ဆောက်ကာ လူဦးရေ ရာချီရှိသည့် လက်ဆင့်ကမ်းသူအစုအဖွဲ့ ဖြစ်တည်လာအောင် လုပ်ဆောင်ခဲ့သည်။ ခရိုင်တစ်ခုလုံး၏ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းတိုင်းတွင် နဂါးအကအဖွဲ့များရှိပြီး နဂါးအကထူးခြားချက်ရှိသော စာသင်ခန်းများ ဖွင့်လှစ်ကာ ထုန်လျန်နဂါးအကအတွက် လူရည်ချွန်များ စုဆောင်းပေးခဲ့သည်။
ယနေ့အခါ ပါးယွီဒေသယဉ်ကျေးမှုမှ အရင်းခံပေါ်ထွက်လာသည့် ထုန်လျန်နဂါးအကသည် တရုတ်နိုင်ငံ ပြည်တွင်း၌ နာမည်ကျော်ကြားသည်သာမက နိုင်ငံခြားသို့လည်း အကြိမ်များစွာ သွားရောက်နိုင်ခဲ့သည်။ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် စသည့် နိုင်ငံနှင့်ဒေသပေါင်း ၃၀ ကျော်သို့ သွားရောက်၍ ယဉ်ကျေးမှုဖလှယ်မှု လုပ်ဆောင်ခဲ့ပြီး နိုင်ငံတကာယဉ်ကျေးမှုဖလှယ်ရေးကို ဆောင်ကြဉ်းပေးမှုများအနက် တစ်ခုဖြစ်လာခဲ့သည်။
“ထုန်လျန်နဂါးအကက ယနေ့မှာတော့ လူငယ်တွေရဲ့လက်ထဲမှာ ပိုမိုကောင်းကောင်းမွန်မွန် လက်ဆင့်ကမ်းပြီး တိုးတက်နေတာကြောင့် နဂါးအကရဲ့ သစ်လွင်နေတဲ့ နုပျိုတက်ကြွမှုတွေကို လူတွေပိုများများ ခံစားရလာပါတယ်” ဟု ချိုက်မိန်ချန့်က ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ချုံချင့်မြို့ရှိ ချုံချင့်ထုန်လျန်နဂါး အနုပညာအဖွဲ့ ပြိုင်ပွဲဝင် နဂါးအက အဖွဲ့ဝင်များက ပုံမှန်လေ့ကျင့်နေသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ချုံချင့်မြို့ရှိ ချုံချင့်ထုန်လျန်နဂါး အနုပညာအဖွဲ့ခေါင်းဆောင် ချိုက်မိန်ချန့် (ဝဲဘက် ဒုတိယ) က ပြိုင်ပွဲဝင် နဂါးအက အဖွဲ့ဝင်များ လေ့ကျင့်မှုအား လမ်းညွှန်ပေးနေသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ချုံချင့်မြို့ရှိ ချုံချင့်ထုန်လျန်နဂါး အနုပညာအဖွဲ့ ပြိုင်ပွဲဝင် နဂါးအက အဖွဲ့ဝင်များက ချုံချင့်ဖလား ဘောလုံးပြိုင်ပွဲတွင် ကပြဖျော်ဖြေနေသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ချုံချင့်မြို့ ထုန်လျန်ခရိုင် ရွှမ်ထျန်းဟူ နဂါးအကရင်ပြင်၌ “အိပ်မက်ဖော်ဆောင်သော ထုန်လျန်နဂါး” ကပြဖျော်ဖြေမှုကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)



——————
(Chinese Version)
体育|青春在龙舞中绽放
新华社照片,重庆,2025年12月9日
“跑的时候注意站位,把身形稳住!慢八字舞龙的时候龙头要注意照顾好龙尾的节奏,不要抢!”重庆铜梁龙艺术团训练室里,团长蔡明灿正在一旁悉心指导舞龙队队员进行竞技舞龙训练。
重庆铜梁龙艺术团这支有着30多名队员的舞龙队主要以“90后”和“00后”为主,洋溢着青春活力。竞技舞龙比赛中要做二三十个难度动作,体力要求高。“年轻人力量更强,速度更快,悟性也高,做出来的动作效果更好。”蔡明灿介绍到。
“很多高难度动作我都是第一次接触,需要反复琢磨很久,才能把它学会。”谈及刚入团的经历,今年25岁的魏烨直言道。经过刻苦训练,魏烨如今已能和队友们一起在旋转腾挪间将龙舞得流畅灵动。
重庆铜梁龙舞是以“龙”为主要道具的舞蹈艺术,兴起于明,鼎盛于清,以动作丰富、气势恢宏为特点,是中国龙舞的重要代表之一,也是一种传统民间体育项目。2006年,铜梁龙舞入选首批国家级非物质文化遗产名录。
重庆铜梁龙艺术团团长蔡明灿介绍,铜梁龙舞最开始只有几个动作,后来逐步融入音乐、舞蹈、戏曲、杂技等元素,演变出数百个动作,竞技舞龙又将体育比赛和表演相结合,兼具动作难度、力量与美感。
近年来,铜梁区深挖龙文化内涵,出台关于龙舞传承发展的系列政策,建立起国家、市、区和镇街四级名录保护体系,形成上百人的传承人梯队,全区每所中小学校均有舞龙队,开设龙舞特色课堂,为铜梁龙舞储备人才。
如今,发源于巴渝乡土的铜梁龙舞不仅在国内享有盛誉,还多次走出国门,远赴美国、英国、法国等30多个国家和地区进行文化交流,成为国际文化交流的载体之一。
“铜梁龙舞如今在年轻人手中得到更好的传承和发展,让更多人感受到龙舞所焕发的青春活力。”蔡明灿说。
图说1、2:12月7日,重庆铜梁龙艺术团竞技舞龙队队员在进行日常训练。 新华社记者 黄伟 摄
图说3:12月7日,重庆铜梁龙艺术团团长蔡明灿(左二)在指导竞技舞龙队队员进行动作训练。新华社记者 黄伟 摄
图说4:12月6日,重庆铜梁龙艺术团竞技舞龙队队员在“渝超”赛场进行暖场表演。新华社记者 黄伟 摄
图说5:这是12月6日在铜梁区玄天湖龙舞广场拍摄的《追梦·铜梁龙》演出现场。新华社记者 黄伟 摄
