Connect with us

China

ရှန်ကျိုး-၁၉ အာကာသယာဉ်မှူးအဖွဲ့၏ ဒုတိယအကြိမ် အာကာသစခန်းပြင်ပ လုပ်ငန်းဆောင်ရွက်မှု အပြည့်အဝ အောင်မြင်

ရှန်ကျိုး-၁၉ အာကာသယာဉ်မှူး စုန့်လင့်တုန်း အာကာသစခန်းပူးတွဲခန်းပြင်ပ၌ လုပ်ငန်းလုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၀ ရက်က ပေကျင်း အာကာသယာဉ် ပျံသန်းမှု ထိန်းချုပ်ရေး စင်တာ (BACC) ၌ ရိုက်ကူးသောရုပ်ပုံတွင် တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)
ဇန်နဝါရီ ၂၁ ရက် ၁ နာရီ ၁၂ မိနစ်တွင် ၈ နာရီခွဲ ကြာမြင့်သည့် အာကာသစခန်းပြင်ပ လုပ်ငန်းဆောင်ရွက်မှု သည် ရှန်ကျိုး-၁၉ အာကာသယာဉ်မှူးအဖွဲ့ဝင်များ ဖြစ်သည့် ချိုက်ရွှိကျယ်၊ စုန့်လင့်တုန်းနှင့် ဝမ်ဟောက်ကျယ် တို့၏ ဟန်ချက်ညီညီ အနီးကပ်ပူးပေါင်းဆောင်ရွက်မှု၊ အာကာသစခန်း စက်ရုပ်လက်တံနှင့် မြေပြင် သိပ္ပံသုတေသီများ၏ ပူးပေါင်းပံ့ပိုးမှုအောက်တွင် အာကာသစခန်း အာကာသအပိုင်းအစ ကာကွယ်ရေးဝတ်စုံတပ်ဆင်ခြင်း၊ စခန်းပြင်ပ ပစ္စည်းကိရိယာများ လှည့်ပတ်စစ်ဆေးခြင်း စသည့် မစ်ရှင်များကို ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ကြောင်း တရုတ်နိုင်ငံ လူတင်အာကာသယာဉ် အေဂျင်စီ (CMSA) မှ သိရသည်။

အာကာသစခန်းပြင်ပသို့ ထွက်ခဲ့သည့် အာကာသယာဉ်မှူးများဖြစ်သည့် ချိုက်ရွှိကျယ်၊ စုန့်လင့်တုန်းတို့သည် ဝန့်ထျန်း စမ်းသပ်ခန်းသို့ လုံခြုံဘေးကင်းစွာ ပြန်လည်ရောက်ရှိခဲ့ပြီး ဖြစ်ရာ လုပ်ငန်းဆောင်ရွက်မှုများ အပြည့်အဝ အောင်မြင်မှု ရရှိခဲ့ကြောင်း သိရသည်။

ရှန်ကျိုး-၁၉ လူတင်အာကာသယာဉ်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၀ ရက်တွင် အောင်မြင်စွာ လွှတ်တင်ခဲ့ခြင်း ဖြစ်ပြီး ယနေ့အခါ ရှန်ကျိုး-၁၉ အာကာသယာဉ်မှူးများ၏ “အာကာသ အလုပ်ခရီးစဉ်” ကာလသည် တစ်ဝက်ကျော်လုနီးပါးရှိပြီ ဖြစ်ကြောင်း သိရသည်။ နောက်ဆက်တွဲအနေဖြင့် ၎င်းတို့သည် ဂြိုဟ်ပတ်လမ်းတွင် သိပ္ပံပညာ စမ်းသပ်မှုနှင့် နည်းပညာ စမ်းသပ်မှု အများအပြား ပြုလုပ်သွားမည် ဖြစ်ရာ မြွေနှစ်နွေဦးပွဲတော်ကာလကို အလုပ်အများအပြားဖြင့် ကြိုဆိုရမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

ရှန်ကျိုး-၁၉ အာကာသယာဉ်မှူး စုန့်လင့်တုန်း အာကာသစခန်းပူးတွဲခန်းပြင်ပသို့ ထွက်သည့် မြင်ကွင်းအား ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၀ ရက်က ပေကျင်း အာကာသယာဉ် ပျံသန်းမှု ထိန်းချုပ်ရေး စင်တာ (BACC) ၌ ရိုက်ကူးသောရုပ်ပုံတွင် တွေ့ရစဉ် (ဆင်ဟွာ)

……………………….
(Chinese Version)
神舟十九号航天员乘组圆满完成第二次出舱活动
新华社北京1月21日电(记者黄一宸、厉彦辰)记者从中国载人航天工程办公室了解到,1月21日1时12分,经过约8.5小时的出舱活动,神舟十九号乘组航天员蔡旭哲、宋令东、王浩泽密切协同,在空间站机械臂和地面科研人员的配合支持下,完成了空间站空间碎片防护装置安装、舱外设备设施巡检等任务。出舱航天员蔡旭哲、宋令东已安全返回问天实验舱,出舱活动取得圆满成功。
神舟十九号载人飞船于2024年10月30日成功发射,如今神十九乘组的“太空出差之旅”即将过半。据介绍,后续他们将在轨开展大量科学实验与技术试验,还将在忙碌的工作状态中迎来蛇年新春佳节。(完)
1. 1月20日在北京航天飞行控制中心拍摄的神舟十九号航天员宋令东在空间站组合体舱外工作的画面。 (配本社同题文字稿) 新华社记者 刘芳 摄
2. 1月20日在北京航天飞行控制中心拍摄的神舟十九号航天员宋令东出舱的画面。 (配本社同题文字稿) 新华社记者 刘芳 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.