Connect with us

China

တရုတ်ရေတပ် အမှတ် ၉၈၉ တပ်ဖွဲ့ မလေးရှားချစ်ကြည်ရေးခရီးစဉ် ပြီးဆုံး၍ တရုတ်နိုင်ငံသို့ ပြန်လည်ထွက်ခွာ

ပင်လယ်ပြင်ခရီးဝေး ဘက်စုံလက်တွေ့လေ့ကျင့်ရေးမစ်ရှင် လုပ်ဆောင်လျက်ရှိသော တရုတ်ရေတပ် အမှတ် ၉၈၉ တပ်ဖွဲ့က လေးရက်ကြာ အင်ဒိုနီးရှားနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်ကို အဆုံးသတ်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ သန်ဂျွန်းပီရီရော့ (Tanjung Priok) ဆိပ်ကမ်းမှ တရုတ်နိုင်ငံသို့ ပြန်လည်ထွက်ခွာနေစဉ် (ဆင်ဟွာ)

ဂျကာတာ၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)

ပင်လယ်ပြင်ခရီးဝေး ဘက်စုံလက်တွေ့လေ့ကျင့်ရေးမစ်ရှင် လုပ်ဆောင်လျက်ရှိသော တရုတ်ရေတပ် အမှတ် ၉၈၉ တပ်ဖွဲ့သည် လေးရက်ကြာ အင်ဒိုနီးရှားနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်ကို အဆုံးသတ်ခဲ့ပြီး ဒေသစံတော်ချိန် ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ သန်ဂျွန်းပီရီရော့ (Tanjung Priok) ဆိပ်ကမ်းမှ တရုတ်နိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့သည်။
ဒေသစံတော်ချိန် နံနက် ၈ နာရီခန့်တွင် အင်ဒိုနီးရှားနိုင်ငံဘက်က သန်ဂျွန်းပီရီရော့ (Tanjung Priok) ဆိပ်ကမ်းတွင် နှုတ်ဆက်ပွဲအခမ်းအနား ကျင်းပခဲ့ရာ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ ဝန်ထမ်းများ၊ ဒေသခံ တရုတ်လုပ်ငန်းကုမ္ပဏီများ၊ တရုတ်လူမျိုးများနှင့် တရုတ်နွယ်ဖွားကိုယ်စားလှယ်များ၊ အင်ဒိုနီးရှားရေတပ် အရာရှိစစ်သည်ကိုယ်စားလှယ်များက ဆိပ်ကမ်းသို့ လိုက်ပါပို့ဆောင်ခဲ့သည်။ ရေတပ်အင်ဂျင်နီယာတက္ကသိုလ်၊ ရေတပ်လေကြောင်းတက္ကသိုလ်မှ သင်တန်းသားများက သင်္ဘောကုန်းပတ်တွင် အဖွဲ့လိုက်တန်းစီကာ လာရောက်ပို့ဆောင်နှုတ်ဆက်သောအဖွဲ့အား လက်ပြနှုတ်ဆက်ခဲ့ကြသည်။

ခရီးစဉ်ကာလအတွင်း တပ်ဖွဲ့ သင်တန်းသားကိုယ်စားလှယ်များက အင်ဒိုနီးရှားရေတပ် တပ်ဖွဲ့သို့ သွားရောက်၍ အင်ဒိုနီးရှားရေတပ် လူငယ်အရာရှိစစ်သည်များနှင့် အားကစားဖလှယ်မှုများ ပြုလုပ်ခဲ့သည်။ နှစ်နိုင်ငံရေတပ် အရာရှိစစ်သည်များက အပြန်အလှန်ဖလှယ်မှုနှင့် အပြန်အလှန်လေ့လာသင်ယူမှုများအတွင်း အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်ယုံကြည်မှုများ တစ်ဆင့်တိုး တိုးပွားလာခဲ့သည်။
တစ်ချိန်တည်းတွင် အမှတ် ၉၈၉ တပ်ဖွဲ့သည် သင်္ဘောတွင် အများပြည်သူလာရောက်ကြည့်ရှုနိုင်ရန် ဖွင့်လှစ်ပေးခြင်း အစီအစဉ်များစွာ ကျင်းပခဲ့ရာ ဒေသတွင်းရှိ တရုတ်လုပ်ငန်းကုမ္ပဏီများ၊ ပညာတော်သင် ကျောင်းသား၊ ကျောင်းသူများနှင့် တရုတ်လူမျိုး၊ တရုတ်နွယ်ဖွား ကိုယ်စားလှယ်များ စသည်တို့ သင်္ဘောပေါ်သို့ လာရောက်ကြည့်ရှုလေ့လာခဲ့သည်။ ထို့ပြင် တပ်ဖွဲ့မှ သင်တန်းသားအချို့က အင်ဒိုနီးရှား Al Azhar တက္ကသိုလ် ကွန်ဖြူးရှပ်အင်စတီကျုသို့ သွားရောက်ကာ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန် ဖလှယ်မှုလုပ်ဆောင်ခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံသည် ယခုအကြိမ် ပင်လယ်ပြင်ခရီးဝေး ဘက်စုံလက်တွေ့လေ့ကျင့်ရေးမစ်ရှင်တွင် သွားရောက်လည်ပတ်သော အရှေ့တောင်အာရှနိုင်ငံ ၃ နိုင်ငံ၏ နောက်ဆုံးခရီးစဉ်ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံမှ ထွက်ခွာပြီးနောက် တရုတ်ရေတပ် အမှတ် ၉၈၉ တပ်ဖွဲ့သည် တရုတ်နိုင်ငံသို့ အပြန်ခရီးစဉ် စတင်မည်ဖြစ်သည်။ (Xinhua)

ပင်လယ်ပြင်ခရီးဝေး ဘက်စုံလက်တွေ့လေ့ကျင့်ရေးမစ်ရှင် လုပ်ဆောင်လျက်ရှိသော တရုတ်ရေတပ် အမှတ် ၉၈၉ တပ်ဖွဲ့က လေးရက်ကြာ အင်ဒိုနီးရှားနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်ကို အဆုံးသတ်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ သန်ဂျွန်းပီရီရော့ (Tanjung Priok) ဆိပ်ကမ်းမှ တရုတ်နိုင်ငံသို့ ပြန်လည်ထွက်ခွာနေစဉ် (ဆင်ဟွာ)

တရုတ်ရေတပ် အမှတ် ၉၈၉ တပ်ဖွဲ့က ချန်ပိုင်ဆန်း သင်္ဘောတွင် ကုန်းပတ်ပေါ်ဧည့်ခံပွဲကျင်းပရာ ဒေသခံ တရုတ်လူမျိုးများနှင့် တရုတ်နွယ်ဖွားများက တရုတ်အလှစက္ကူညှပ်ခြင်း ယဉ်ကျေးမှုအား လက်တွေ့ခံစားလုပ်ဆောင်နေကြသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်ရေတပ် အမှတ် ၉၈၉ တပ်ဖွဲ့မှ သင်တန်းသားကိုယ်စားလှယ်များက အင်ဒိုနီးရှားနိုင်ငံ ရေတပ် တပ်ဖွဲ့သို့ သွားရောက်၍ အင်ဒိုနီးရှားရေတပ် လူငယ်အရာရှိစစ်သည်များနှင့်အတူ အားကစားဖလှယ်မှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————–
(Chinese Version)
中国海军989编队结束对印度尼西亚友好访问起程回国
新华社雅加达12月11日电(吕志浩 齐呈荣)当地时间11日上午,正在执行远海综合实习任务的中国海军989编队结束对印度尼西亚为期4天的友好访问,离开雅加达丹戎不碌港起程回国。
当地时间8时许,印尼方在丹戎不碌港举行欢送仪式,中国驻印尼大使馆工作人员、当地中资企业和华侨华人代表、印尼海军官兵代表来到码头送行。来自海军工程大学和海军航空大学的学员在甲板上分区列队,向送行队伍挥手道别。
访问期间,编队组织学员代表赴印尼海军陆战队,同印尼海军青年官兵开展体育交流活动。两国海军官兵在相互交流、相互学习中,进一步增进彼此友谊和互信。同时,编队组织多场舰艇开放活动,当地中资企业、留学生和华侨华人代表等登舰参观。部分学员还赴印度尼西亚阿拉扎大学孔子学院,同学院师生开展互动交流。
据悉,印度尼西亚是此次远海综合实习任务访问东南亚三国的最后一站。离开印度尼西亚后,中国海军989编队将踏上归国航程。(完)
图说1、2:12月11日,正在执行远海综合实习任务的中国海军989编队结束对印度尼西亚为期4天的友好访问,离开雅加达丹戎不碌港起程回国。 新华社发(于涛 摄)
图说3:12月9日,中国海军989编队在长白山舰举行甲板招待会,华侨华人体验剪纸文化。新华社发(于涛 摄)
图说4:12月8日,中国海军989编队组织学员代表赴印度尼西亚海军陆战队,同印尼海军青年官兵开展体育交流。新华社发(于涛 摄)